၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘဏ္ဍာရေးကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂  

 


နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက်  နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ  ၁  ရက်နှင့်  ၂  ရက်တို့တွင်  နေပြည်တော်ရှိ  နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့    ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်မှူးချုပ် ဖြိုးသန့်၊       တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းနှစ်ခုဖြစ် သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေး၊   နယ်စပ်ဒေသများရှိ  တိုင်းရင်းသား လူငယ်များ၏   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး    လုပ်ငန်းများကို ပြည်နယ်/ ပြည်မ   အကြားအလပ်မရှိ ဟန်ချက်ညီညီ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊   နယ်စပ် ဒေသများဖွံ့ဖြိုးရေးအတွက်   အဓိကကျ သည့်   နယ်စပ်ဒေသများ   တည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကိုလည်း   ကျရာကဏ္ဍမှ   ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော်   ဆောင် ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ  ခြောက်လ ဘဏ္ဍာရေးကာလအတွင်း တိုင်းဒေသကြီးနှင့်     ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော တည်ဆောက် ရေးလုပ်ငန်းများကို  ကန့်သတ်ချက်များ ရှိနေသော်လည်း    အရှိန်အဟုန်မပြတ် ဆောင်ရွက်  အကောင်အထည်ဖော်နိုင် သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင်   တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာ ချက်များ၊      လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း    ဖြေရှင်းပေးနိုင်ရေး အတွက် ယခုအစည်းအဝေးကို ကျင်းပရ ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်     စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊  အချိန်မီ ပြီးစီးရေးတို့ကို ချမှတ်ထားသည့် မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အဆင့်ဆင့် သော ဝန်ထမ်းများအားလုံးက တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် စစ်ဆေး ကြပ်မတ်      ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြား သည်။

 


ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊   ညွှန်ကြားရေးမှူးချုပ်က  နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ်    ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများက   ၂၀၂၁  ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ခြောက်လ ဘဏ္ဍာရေးနှစ်၊ ဖွံ့ဖြိုး ရေးလုပ်ငန်းများ   ဆောင်ရွက်ပြီးစီးမှု များကို            ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ဆက်လက်၍      ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်     ဆောင်ရွက်နေမှုနှင့်      စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း        ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၁  ခုနှစ်  အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာရေး နှစ်အတွင်း     နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ပညာရေး၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ် ရေးစသည့် လုပ်ငန်းစုစုပေါင်း ၃၉၅ ခုကို ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၃၄၄၆၆ ဒသမ   ၄၀၈   ဖြင့်   အကောင်အထည် ဖော်   ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။ 


သတင်းစဉ်