
နေပြည်တော် ဇူလိုင် ၁၇
၂၀၂၁ ခုနှစ်၊ ဇူလိုင် (၁၉) ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ နံနက် (၈) နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို ဇူလိုင် (၁၉) ရက် နံနက် (၇)နာရီ မိနစ် (၄၀) အချိန်မှစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC Channel) ၊ MITV ၊ မြဝတီရုပ်မြင်သံကြား (MWD) ၊ Skynet Up to Date၊ Channel 9၊ မြန်မာ့အသံရေဒီယိုအစီအစဉ်နှင့် MRTV Webportal Facebook စာမျက်နှာများမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်