2021 East Asia Summit New Energy Forum တွင် မြန်မာနိုင်ငံက ပါဝင်ဆွေးနွေးခဲ့

ပြင်ဦးလွင်       အောက်တိုဘာ  ၂၁


တရုတ်ပြည်သူ့သမ္မတနိုင်ငံ      သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန   နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ  ယနေ့နံနက်  ၉ နာရီတွင်  2021 East Asia  Summit  New  Energy Forum  ကို    ရှန်ဟိုင်း မြို့၌ကျင်းပရာ          မြန်မာနိုင်ငံကိုယ်စားလှယ် အ​နေဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့်     နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်   (ရတနာပုံဆိုင်ဘာစီးတီး)​    ခေတ္တပါ​မောက္ခချုပ် ​ဒေါက်တာ​အောင်​ဇေယျက Online  Zoom ဖြင့် ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊    အမေရိကန်ပြည် ထောင်စု၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန် နိုင်ငံ၊  ဩစတြေးလျဓနသဟာယနိုင်ငံ၊  နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့်  အာဆီယံနိုင်ငံများ စုစုပေါင်း နိုင်ငံပေါင်း ၁၈ နိုင်ငံမှ Online၊ Offline တို့ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 
ဆွေးနွေးပွဲသို့တက်ရောက်လာသည့်    နိုင်ငံ အသီးသီးမှ  အဖွဲ့အစည်းပေါင်း ၅၀ ခန့်ရှိ အဆင့်မြင့် ပညာရှင်များက ခေါင်းစဉ်ပေါင်း ၃၀ ကို ဆွေးနွေးခဲ့ကြ ပြီး မြန်မာနိုင်ငံ က R & D Commercialization of New Energy Techonologies Panel Discussion တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ယနေ့ကျင်းပခဲ့သည့်ဖိုရမ်မှာ     စွမ်းအင်သစ် ဖွံ့ဖြိုးမှုနှင့် ဒေသတွင်း သန့်ရှင်းစွမ်းအင်များ အသုံးချမှု မြှင့်တင်နိုင်ရေးအတွက်      ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပြီး   ဆွေးနွေးပွဲတွင်   ရာသီဥတု ပုံသဏ္ဌာန်မမှန်သည့် ပြောင်းလဲမှုများလျှော့ချနိုင်ရေး၊   ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းပေါ်ပေါက်ရေး၊ Sustainable Future ကို ပုံဖော်တည်ဆောက်ကြမည် ဆိုသည့်အချက်များကို အဓိကဆွေးနွေးကြသည်။


ဖိုရမ်သို့ တက်ရောက်ဆွေးနွေးခြင်းအတွက် မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်သစ်နည်းပညာဆိုင်ရာ သုတေသနအတွေ့အကြုံများကို  နှီးနှောဖလှယ်ခွင့် ရရှိပြီး သုတေသနအတွေးအမြင်များ ပိုမိုကျယ်ပြန့် ကာ နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ တိုးတက်စေရန် လက်တွေ့ကျကျ  ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။ 

ခရိုင်(ပြန်/ဆက်)