
နေပြည်တော် ဩဂုတ် ၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာ တွဲနှင့် ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် အခြေခံပညာ ကျောင်းများနှင့် မြို့နယ်များကိုလည်းကောင်း၊ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၇၈ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၁၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃၅၈ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၅၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၉၈၃ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၄၁၅၃ ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်