၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၁


၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့် အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က   တက္ကသိုလ်ဝင်စာမေးပွဲတွင်  ခြောက် ဘာသာဂုဏ်ထူးဖြင့်  ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ နှစ်ဦးကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

 


ဆက်လက်ပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင် စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ လေးဦး အတွက် ဂုဏ်ပြုဆုငွေများ၊ တက္ကသိုလ်၊ ကောလိပ် များမှ ကျောင်းသား ကျောင်းသူများအတွက် ဝတ်စုံ စရိတ်    တန်ဖိုးငွေကျပ်သိန်း   ၁၆၅ ဒသမ  ၆၀  နှင့် အထက်တန်း၊  အလယ်တန်း၊   မူလတန်းမှ ကျောင်း သား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ တစ်စုံစီ တန်ဖိုးငွေကျပ် ၄၅ ဒသမ ၆၉၅ သိန်းတို့ကို ထောက်ပံ့ ပေးအပ်သည်။

 


ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက  တက္ကသိုလ် ဝင် စာမေးပွဲတွင် လေးဘာသာဂုဏ်ထူး၊ သုံးဘာသာ ဂုဏ်ထူး၊ နှစ်ဘာသာဂုဏ်ထူး၊ တစ်ဘာသာဂုဏ်ထူး နှင့် ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ များအတွက်   ဂုဏ်ပြုဆုငွေများနှင့်  တက္ကသိုလ်၊ ကောလိပ်၊     ကျောင်းများအတွက်    ဝတ်စုံနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို   ချီးမြှင့်ပေးအပ် ကြသည်။

 


 ထို့နောက်   ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မရွှန်းလဲ့မီမီခိုင်က   ကျောင်းသား  ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်   ဇနီး၊  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များသည်  ကျောင်းသား ကျောင်းသူ များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 


ယနေ့ကျင်းပသော   အခမ်းအနားတွင်   ဝန်ကြီး ဌာနတစ်ခုလုံးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား ကျောင်းသူ ၁၂၅ ဦးအနက် ရိုးရိုး အောင်မြင်သူ   ၅၈  ဦးကို  တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊   ဘာသာစုံဂုဏ်ထူးရှင်  နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် လေးဦး၊ လေးဘာသာဂုဏ်ထူး ရှင်   ခုနစ်ဦး၊  သုံးသာဘာဂုဏ်ထူးရှင်  ခုနစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၃၄ ဦး  စုစုပေါင်းဂုဏ်ထူးရရှိသူ   ၆၇  ဦးတို့ကို ဂုဏ်ထူးတစ်ခုလျှင်       ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ   ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။                          

သတင်းစဉ်