
လွိုင်ကော် မတ် ၄
ကယားပြည်နယ် လွိုင်ကော်မြို့ ဆရာအတတ်ပညာဦးစီးဌာန ပညာရေးဒီဂရီကောလိပ်မှ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၇/၂၀) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်၏ ပညာရေး လုပ်ငန်းစဉ်များကို လက်ဆင့် ကမ်း တာဝန်ယူကြမည့် မျိုးဆက်သစ် ဆရာ ၊ ဆရာမများ ကို ပြုစုပျိုးထောင်ပေးသည့် လွိုင်ကော် ပညာရေးဒီဂရီ ကောလိပ်သည် ပြည်နယ်၏ ပညာရေး လုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ဆရာ ၊ ဆရာမ များကို မွေးထုတ်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် အခြေခံပညာကျောင်း များတွင် ဆရာ ၊ ကျောင်းသား အချိုး ကောင်းမွန်တိုးတက်ရေးနှင့် ဆရာ ၊ ဆရာမများ၏ သင်ကြားမှု အရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း ၊ မိမိတာဝန်ကျရာဒေသ၌ တာဝန်ထမ်းဆောင်သည့် အချိန် တွင် ဆရာကျင့်ဝတ်၊ ဆရာ စည်းကမ်းနှင့်အညီ စံပြဆရာများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းနှင့် နိုင်ငံ ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ် သော ပညာရေးကဏ္ဍကို ခိုင်ခံ့ မြင့်မားအောင် ဆရာ၊ ဆရာမများ အနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိ သမျှ အစွမ်းကုန် ဆောင်ရွက် ပေးကြရန် တိုက်တွန်းပါ ကြောင်း အမှာစကား ပြောကြား သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သင်တန်းဆင်း ဆရာ၊ ဆရာမ ၅၃ ဦးအား လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က သင်တန်းဆင်း ဆရာ၊ ဆရာမများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေး ပြီး ဆရာ၊ ဆရာမများ၏ လိုအပ် ချက်များကို ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးခဲ့သည့် အခြေ အနေများနှင့် ဆက်လက်ဆောင် ရွက်ပေးမည့် အခြေအနေများကို ပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနား ကို ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကျင်းပကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)