၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် ပထမတန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

 

နေပြည်တော်    ဧပြီ   ၂၄


၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မတ်လအတွင်းက ကျင်းပခဲ့သည့်    အခြေခံပညာအဆင့်   Grade 1 (ပထမတန်း)မှ Grade-10 (နဝမတန်း)အထိ စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေအပါအဝင်     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

 


 အဆိုပါ အခြေခံပညာအဆင့် စာမေးပွဲများအနက် Grade-9 စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ စစ်ဆေးခဲ့ပြီး ယနေ့တွင် အခြေခံပညာအဆင့် Grade1 (ပထမတန်း)မှ    Grade-10    (နဝမတန်း)အထိ စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေး ခဲ့ခြင်းဖြစ်ရာ အခြေခံပညာကျောင်းအသီးသီး၌လည်း စာမေးပွဲအောင်စာရင်းစာရွက်များကို    ကြော်ငြာ ဘုတ်များဖြင့် ကပ်ပေးထားကြောင်း သိရှိရသည်။

 


လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံ ပညာအဆင့်   ကျောင်းသား    ကျောင်းသူများကို မူလတန်းအဆင့် Grade-5 ကို   သင်ရိုးသစ်အဖြစ် လည်းကောင်း၊  အလယ်တန်းအဆင့် Grade-8 ကို သင်ရိုးသစ်အဖြစ်လည်းကောင်း၊ အထက်တန်းအဆင့် တွင် Grade-11 ကို သင်ရိုးသစ်အဖြစ်လည်းကောင်း ပြောင်းလဲသင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ်အဖြစ် ပြောင်းလဲသင်ကြားပေးနိုင်ရန် ဆရာ ဆရာမများကို ဗဟိုအဆင့် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။       


သတင်းစဉ်
ဓာတ်ပုံ - မြောင်းမြ (ခရိုင်ပြန်/ဆက်)