၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၂၈) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနားကျင်းပ


 

နေပြည်တော်    မေ     ၂၄      
အမျိုးသားယဉ်ကျေးမှုနှင့်     အနု ပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၁-၂၀၂၂  ပညာသင်နှစ်  (၂၈)  ကြိမ် မြောက် မောင်မယ်သစ်လွင်ကြိုဆို ပွဲနှင့် တက္ကသိုလ်မိတ်ဆက် အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက  သရဖီဆောင်    အနုပညာခန်းမ၌ ကျင်းပသည်။ 
ကြိုဆိုနှုတ်ခွန်းဆက်
ရှေးဦးစွာ အမျိုးသားယဉ်ကျေး မှုနှင့်       အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာ ကေသီထွေးက   မောင်မယ်သစ် လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။ 
မိတ်ဆက်ပြောကြား
ထို့နောက် ဒုတိယပါမောက္ခ ချုပ် (သင်ကြား) ဒေါ်ဌေးဌေးဆွေ၊  စီမံရေးရာဌာန၊   စာပေပညာဌာန၊ ဂီတပညာဌာန၊  သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန တို့က    ပါမောက္ခ/   ဌာနမှူးများ၊ ရုပ်ရှင်နှင့်    ပြဇာတ်ပညာဌာနမှ  တွဲဖက်ပါမောက္ခနှင့်    စာကြည့် တိုက်မှူးတို့က      ဌာနအလိုက် ဘာသာရပ်ဆိုင်ရာများကို  မိတ် ဆက် ပြောကြားသည်။
နွေးထွေးစွာကြိုဆို
မွန်းလွဲပိုင်းတွင်     မောင်မယ် သစ်လွင်ကျောင်းသား ကျောင်းသူ များသည် ကုမုဒြာဆောင်ရှိ ဂီတ ပညာဌာနနှင့် သဘင်ပညာဌာနသို့ လည်းကောင်း၊ ကံ့ကော်ဆောင်ရှိ  ပန်းချီပညာဌာနနှင့်    ပန်းပုပညာ ဌာနသို့လည်းကောင်း သွားရောက် လေ့လာကြရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ       ကြိုဆို နှုတ်ခွန်းဆက်ကြသည်။
ဖျော်ဖြေတင်ဆက်
တက္ကသိုလ် မိတ်ဆက်အခမ်း အနားကို   မေ  ၂၅   ရက်တွင်  ဆက်လက်  ကျင်းပသွားမည်ဖြစ် ပြီး   “သတင်းအမှန်   ပြည်သူ့ထံ ပညာပေးဟောပြောပွဲ” နှင့်  သဇင် ဆောင်ရှိ စာပေပညာဌာန၊ ရုပ်ရှင် နှင့် ပြဇာတ်ပညာဌာနတို့သို့ သွား ရောက် လေ့လာကြမည်ဖြစ်သည်။ မေ ၂၆ ရက်တွင် အနုပညာဌာန အသီးသီးမှ ဖျော်ဖြေတင်ဆက်မှု များနှင့်အတူ     တက္ကသိုလ်မောင် မယ် ရွေးချယ်ခြင်း၊ ဆုချီးမြှင့်ခြင်း တို့ကို   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။   
 သတင်းစဉ်