
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမ နှစ်သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများ စာရင်းအား ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနတို့၏ Website တွင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ သင်တန်းကို ၁၂-၅- ၂၀၂၂ ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် သက်ဆိုင်ရာတက္ကသိုလ်သို့ ၂၇-၅-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ကျောင်းအပ်နှံရမည်ဖြစ်ပါ ကြောင်းနှင့် ကျောင်းအပ်လက်ခံ နောက်ဆုံးရက်အထိ ကျောင်း အပ်နှံခြင်းမရှိသူများအား ဝင်ခွင့်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည် ဖြစ်ကြောင်း တက်ရောက်ခွင့်ရရှိသူများ ကြိုတင်သိရှိနိုင်ရေး အတွက် အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန