၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်

 

နေပြည်တော် ဇူလိုင်  ၂၉


၂၀၁၉-၂၀၂၀   ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂     ပညာသင်နှစ်   တက္ကသိုလ်ဝင် စာမေးပွဲများတွင်        ထူးချွန်စွာ      အောင်မြင်ခဲ့သည့်             စစ်သည်များ၊   ကျောင်းသား   ကျောင်းသူများ   ဂုဏ်ပြု ဆု   ချီးမြှင့်ခြင်းကို  ယနေ့တွင်   တြိဂံ ဒေသ  တိုင်းစစ်ဌာနချုပ်နှင့်  အနောက် ပိုင်းတိုင်း   စစ်ဌာနချုပ်တို့၌    ကျင်းပ ကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ ဆရာဆရာမများ၊ ဆုရ ကျောင်း သား   ကျောင်းသူများ၊   ကျောင်းသား မိဘများနှင့်    ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

 


ဂုဏ်ပြုဆုများ   ပေးအပ်ချီးမြှင့်


ဦးစွာ   တိုင်းမှူးများက  ဂုဏ်ပြု အမှာစကားများ    ပြောကြားကြသည်။  ထို့နောက်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့်     ၂၀၂၁-၂၀၂၂     ပညာသင်နှစ်        တက္ကသိုလ်ဝင်      စာမေးပွဲများတွင်        ထူးချွန်စွာ အောင်မြင်ခဲ့သည့်  စစ်သည် များ၊ ကျောင်းသား ကျောင်းသူများအား တိုင်းမှူးများနှင့်  တာဝန်ရှိသူများက   ဂုဏ်ပြုဆုငွေများ၊ ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့်  ဂုဏ်ပြုဆုများ   ပေးအပ်ချီးမြှင့် ကြသည်။

 


ယင်းနောက် ထူးချွန်ဆုရ စစ်သည် များ၊ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက    ကျေးဇူးတင် စကား    ပြန်လည်ပြောကြားခဲ့ကြကြောင်း   သိရသည်။


သတင်းစဉ်