(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် လှေလှော်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 

ရန်ကုန်  နိုဝင်ဘာ  ၂၂


တရုတ်ပြည်သူ့    သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပခဲ့သော (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့်တရုတ် နိုင်ငံ ကျင်ဒါမြို့တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ    လှေပြိုင်ပွဲ တွင်    အောင်နိုင်ဆု     ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်    လှေလှော် အားကစားသမားများအား   ဂုဏ်ပြု ပွဲအခမ်းအနားကို နို၀င်ဘာ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ အင်ယား ကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ ချုပ်၌ ကျင်းပသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင် က ဂုဏ်ပြုအမှာစကား ပြောကြား ပြီး    မြန်မာနိုင်ငံ    လှေလှော် အားကစားအဖွဲ့ချုပ်       ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက     ပြိုင်ပွဲ ဝင်ရောက်     ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်၍     ရှင်းလင်းတင်ပြ သည်။   


ယင်းနောက်     အားကစား နှင့်     လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်     ကာယပညာ ဦးစီးဌာနက   (၁၉)ကြိမ်မြောက်  အာရှအားကစား     ပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်)ဆုများရရှိ ခဲ့သည့်    ရိုးရာလှေအမျိုးသား အသင်းနှင့် အမျိုးသမီးအသင်းတို့ အား ဂုဏ်ပြုဆုငွေကျပ်သိန်း ၁၀၀ စီကိုလည်းကောင်း၊ JEWELLERY LUCK GROUP Co.,Ltd က (၁၉)ကြိမ်မြောက်   အာရှအားကစား ပြိုင်ပွဲတွင် အားကစားသမားများ အတွက်  ဂုဏ်ပြုဆုငွေနှင့်ဧည့်ခံ ကျွေးမွေးစရိတ်    ငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊   ဧဒင်ဂရု ကုမ္ပဏီက  ကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြု ဆုငွေကျပ် ၁၆၅  သိန်းကိုလည်း ကောင်း၊ မြန်မာနိုင်ငံ  လှေလှော် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ Mr. Lai Xue Jun က ဂုဏ်ပြုဆု ငွေကျပ် သိန်း ၅၀ ကိုလည်းကောင်း။


မြန်မာနိုင်ငံ       လှေလှော် အဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ    ဦးကျော် ကျော်လှိုင်က      ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ကို  လည်းကောင်း၊     မြန်မာနိုင်ငံ    လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေသိမ်း က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀  ကို လည်းကောင်း၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အမျိုး သား/အမျိုးသမီး အသင်းအုပ်ချုပ် သူနည်းပြများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ 2023  Asian Rowing    Master    Coastal  Regatta   ပြိုင်ပွဲတွင် ရွှေတံဆိပ်     သုံးဆုရရှိခဲ့သည့်    အားကစားသမား    နှစ်ဦးအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း  ၂၀ နှင့် အသင်းနည်းပြ အုပ်ချုပ်သူတို့အား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကိုလည်း ကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။


 ဆက်လက်၍ မြန်မာနိုင်ငံ    လှေလှော်    အားကစားအဖွဲ့ချုပ်    ဥက္ကဋ္ဌ    ဦးသောင်းထိုက်မင်းက  အလှူရှင်များအား       ဂုဏ်ပြု မှတ်တမ်းလွှာများ      ပြန်လည် ပေးအပ်ပြီး     အောင်ပွဲရကစား သမားများကိုယ်စား ကစားသမား တစ်ဦးက    ကျေးဇူးတင်စကား   ပြောကြားခဲ့‌ကြောင်း      သိရ သည်။‌ 


အာကာလင်း