(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအားကစားနည်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

 

နေပြည်တော်  အောက်တိုဘာ  ၄


တရုတ်ပြည်သူ့သမ္မတနိုင်ငံ     က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်  (၁၉) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲများကို      သတ်မှတ်နေရာ များ၌   ကျင်းပလျက်ရှိရာ  ယနေ့ နံနက် ဒေသစံတော်ချိန် ၉ နာရီ တွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော် ခြင်း          အားကစားနည်းပြိုင်ပွဲ အမျိုးသား      လေးယောက်တွဲ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့်  အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ    မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့်         အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို        ထိုက်ထိုက် တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ခြင်းအခမ်းအနားကို    ကျင်းပရာ  မြန်မာနိုင်ငံ      အိုလံပစ်ကော်မတီ အထွေထွေ       အတွင်းရေးမှူး အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာန         ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က  ပထမဆုရရှိသည့် မြန်မာအသင်း၊ ဒုတိယဆုရရှိသည့် အင်ဒိုနီးရှားအသင်း၊ ပူးတွဲတတိယ ဆုရရှိသည့် ဂျပန်အသင်းနှင့် ဖိလစ် ပိုင်အသင်းတို့ကို    ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။


(၁၉)   ကြိမ်မြောက်   အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု  ဆွတ်ခူးရယူပေးနိုင်ခဲ့သော မြန်မာ ပိုက်ကျော်ခြင်းအသင်းကို     နိုင်ငံ တော်မှ    ချီးမြှင့်ငွေ    အမေရိကန် ဒေါ်လာ  ၁၀၀၀  ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။


နဂါးလှေလှော်      (Dragon Boat) အားကစားနည်းမှ အမျိုး သား မီတာ (၂၀၀) ပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင် ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင် ရာ တရုတ်အသင်းက ပထမ၊ ထိုင်း အသင်းက   ဒုတိယ၊  အင်ဒိုနီးရှား အသင်းက   တတိယနှင့်     မြန်မာ အသင်းက စတုတ္ထ၊  အမျိုးသမီး မီတာ (၂၀၀) ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် ကိုးသင်း   ဝင်ရောက်ယှဉ်ပြိုင်ရာ      တရုတ်အသင်းက  ပထမ၊    အင်ဒို နီးရှားအသင်းက   ဒုတိယ၊  ထိုင်း အသင်းက  တတိယနှင့်    မြန်မာ အသင်းက စတုတ္ထရရှိခဲ့ကြသည်။


အောက်တိုဘာ ၅ ရက်တွင်  ပိုက်ကျော်ခြင်း   အားကစားနည်း အမျိုးသား သုံးယောက်တွဲ အုပ်စု  ပွဲစဉ်များအဖြစ် မြန်မာအသင်း သည်   ဒေသစံတော်ချိန်    နံနက် ၉ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့် လည်းကောင်း၊  မွန်းလွဲ   ၂ နာရီ တွင်    ထိုင်းအသင်းနှင့်      လည်း ကောင်း    ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။


ထို့အတူ    အမျိုးသမီး    သုံး ယောက်တွဲ     အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းသည်  နံနက် ၁၀ နာရီတွင် တောင်ကိုရီးယားအသင်း နှင့်    ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် နဂါးလှေလှော် (Dragon Boat)အားကစားနည်း အမျိုးသား မီတာ (၅၀၀) ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ (၅၀၀) ပြိုင်ပွဲများ တွင်လည်း ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်    ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်