(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်  စက်တင်ဘာ  ၂၃


တရုတ်နိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)  ကြိမ် မြောက်   အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က ဟန်ကျိုးမြို့ရှိ Hang-zhou Olympic  Sports Centre Stadium ၌ ကျင်းပသည်။


တရုတ်နိုင်ငံအနေဖြင့် အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ်မြောက် လက်ခံကျင်းပခြင်း ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ 


ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် နိုင်ငံများ ကွင်းအတွင်း နေရာယူ ကြပြီး ဖျော်ဖြေရေးအစီအစဉ်များ ဖြင့် တင်ဆက်ခဲ့သည်။

(၁၉) ကြိမ် မြောက်  အာရှအားကစားပြိုင်ပွဲ တွင်   နိုင်ငံပေါင်း    ၄၅   နိုင်ငံမှ အင်အားစုစုပေါင်း ၁၀၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲကို အောက်တိုဘာ  ၇  ရက် အထိ       ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၄၀ တွင်  ပြိုင်ပွဲ အမျိုးအစား ၄၈၁ မျိုး၊ ရွှေတံဆိပ် စုစုပေါင်း  ၄၈၁ ခု   ချီးမြှင့်မည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ၁၉၉၀၊ ၂၀၁၀ ပြည့်နှစ်တို့တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၂ ခုနှစ် တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ယခုနှစ်သို့     ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့်     ယခု အာရှအားကစား     ပြိုင်ပွဲတွင် အားကစားနည်း      ခုနစ်မျိုး ဝင်ရောက်    ယှဉ်ပြိုင်လျက်ရှိပြီး အားကစားသမားနှင့် အဖွဲ့ဝင်စုစု ပေါင်း ၁၇၀ ကျော် ယှဉ်ပြိုင်လျက် ရှိသည်။ 


ညီမြတ်သော်တာ
ဓာတ်ပုံ- asian gamrs