၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

 


(ယမန်နေ့မှအဆက်)


နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်ကျော်ဦးက ၅၀၅ (က)  ဖြင့်  အမှုဖွင့်ခံထားရသည့်  လူတစ်ယောက်က ပြစ်မှု တစ်စုံတစ်ရာမှမရှိဘဲ သူများယောင်တိုင်း  လိုက်ယောင်သည့်  လူ ဖြစ်ကြောင်း၊  သို့သော်  ထိုလူကို  မြို့နယ်ရဲစခန်းက  အမှုဖွင့်ထား ကြောင်း၊  ထိုလူက ပြန်လာနေပြီး  မြို့နယ်ရဲစခန်းမှာ အဆင်မပြေလျှင် မည်သည့်နေရာကို ဆက်ပြီးအကြောင်းကြားရမည်ကို  သိလိုကြောင်း မေးမြန်းသည်။ 

 


ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်ရဲစခန်းက အဆင်မပြေစရာမရှိကြောင်း၊  မိမိတို့က လုပ်ငန်းစဉ်များကို  ချပေး ထားပြီးဖြစ်ကြောင်း၊  ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်အတိုင်းသာ ဆောင်ရွက်ပေးသွားလိမ့်မည်ဖြစ်ကြောင်း၊ ယုံယုံကြည်ကြည်နှင့်သွားပြီး သတင်းပို့ရန်လိုကြောင်း၊  သတင်းစာထဲတွင်လည်း ယုံကြည်စိတ်ချ စွာဖြင့် သတင်းပေးပို့နိုင်ပါသည်ဟု ကြေညာထားကြောင်း၊ ထိုအတိုင်း သာ သတင်းပေးပို့ဆက်သွယ်သည့်သူများလည်း အများကြီးရှိကြောင်း၊ ၎င်းတို့အားလုံးကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပြီးဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။

 


ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က မိမိတို့မီဒီယာဆိုသည်မှာ အစိုးရနှင့်ပြည်သူ့အကြား ပေါင်းကူးတံတား လည်းဖြစ်ကြောင်း၊ မီဒီယာသည် ပြည်သူများ၏လိုအပ်ချက်ကို အစိုးရ သိအောင်၊ အစိုးရ၏ဆောင်ရွက်ချက်များကို ပြည်သူများသိအောင် ရေးသားဖော်ပြပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အမှန် တကယ်လိုအပ်နေသည့် ကိစ္စရပ်များကို မေးမြန်းလိုကြောင်း၊ တိုင်းနှင့် ပြည်နယ်အရပ်ရပ်တွင် မီးရထားလမ်းဘေး ကျူးကျော်၊ ကားလမ်းဘေး ကျူးကျော်နှင့်    စီမံကိန်းနှင့်  စည်ပင်ကျူးကျော်များကို   ဖယ်ရှား ရှင်းလင်းခဲ့သည်ကိုတွေ့ရကြောင်း၊  ယင်းကိစ္စများကလည်း   မြို့တော်  စည်ပင်သာယာရေးအတွက်           အလွန်ကောင်းမွန်သောကြောင့် ထောက်ခံအားပေးကြောင်း၊ သို့သော် ကျူးကျော်ဆိုသည့် မိသားစု များက   မိမိတို့နိုင်ငံသားများဖြစ်ကြောင်း၊     တချို့ပင်လယ်ကမ်းပြို သည့်အတွက် ရွာပျက်၊ လယ်များပျက်စီးသောကြောင့် “ရေကြည်ရာ မြက်နုရာ” ဟုဆိုသည့်အတိုင်း  မှီတင်းနေထိုင်ရန်  အဆင်ပြေသည့် နေရာသို့ ပြောင်းရွှေ့လာကြခြင်းက နှစ်ပေါင်း ၁၀ နှစ်ကျော်၊ ၁၅ နှစ် ကျော်ရှိခဲ့သည့်  မိသားစုများရှိကြောင်း၊ ၎င်းတို့ အခြေတကျဖြစ်မှ ဖယ်ရှားခံရသည့်အတွက်  တချို့ဆိုမည်သည့်နေရာတွင် နေရမည်မှန်း မသိကြကြောင်း၊  အိုးမဲ့အိမ်မဲ့  မိသားစုလိုက်  သူတစ်ပါးအိမ်တွင် ငှားရမ်းနေထိုင်ရကြောင်း၊ ထိုသို့ဖယ်ရှားခံရသည့် အိမ်ထောင်စုဝင် များကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်သို့ နေရာချထား၊ ကူညီပေးနိုင်ရန် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက  မည်သည့်နေရာကိုပြောပါသလဲဟု ‌ပြန်၍မေးမြန်းရာ သတင်းထောက် ဦးဝင်းနိုင်က ပဲခူးတိုင်းဒေသကြီး အတွင်းတွင် မိမိတွေ့ရကြောင်း ဖြေကြားသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယခင်တုန်းကတိုင် ထိုမေးခွန်းကိုမေးမြန်းပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏    အဖြေအတိုင်းသာ    မိမိဖြေကြားမည် ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာချထားမှု ဆောင်ရွက်လျက်ရှိသည်ဟု    တစ်ခွန်းပဲပြောကြောင်း၊      မိမိလည်း ထိုအတိုင်း ပြောမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar  Hard  Talk  သတင်းဌာနမှ   သတင်းထောက် ဦးရဲလင်းထွန်းက လက်ရှိနိုင်ငံတော်အိမ်စောင့်အစိုးရ၏ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့်         နိုင်ငံခြားဆက်ဆံရေးကိုင်တွယ် ပုံများသည်  ပျော့ပျောင်းလွန်းသည်ဟု ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်နေကြောင်း၊   ထိုကိစ္စနှင့်ပတ်သက်ပြီး   ဗိုလ်ချုပ်တို့အစိုးရ အနေဖြင့်   အမှန်တကယ်ပျော့ပျောင်းနေသည်လား၊    မနိုင်မနင်းဖြစ် နေပြီလား၊ မည်ကဲ့သို့ဖြစ်နေပြီကို သိလိုကြောင်းမေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက        တချို့သောမေးခွန်းများက ဖြေသည့်လူသည်လည်း    မေးသည့်သူက    မည်သည့်အတွက်ကြောင့် မေးသည်ကို  ပြန်စဉ်းစားပြီးမှ  မိမိဖြေရခြင်းဖြစ်ကြောင်း၊  ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့်ပတ်သက်ပြီး တပ်မတော်သည် ၁၉၄၈ ခုနှစ်ကတည်းက   ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊    ယခုအချိန်တွင် ပြည်တွင်းသောင်းကျန်းမှုသည်  Internal  Factor,  External Factor ဟူ၍ရှိကြောင်း၊     ပြည်တွင်းသောင်းကျန်းမှုတစ်ခု     ဖြစ်ပေါ်လာရန် ၎င်းလူများကိုကျွေးရန်၊  လက်နက်/ခဲယမ်း တပ်ဆင်ရန်၊ ၎င်းတို့မှာ လက်ရှိရှိသည့်ငွေနှင့် မည်သည့်နိုင်ငံမှ ဖြစ်စရာအကြောင်းမရှိကြောင်း၊ ယူကရိန်းကဲ့သို့နိုင်ငံမျိုးပင် အမေရိကန်လိုနိုင်ငံက ဒေါ်လာဘီလီယံ ၄၀ ခန့်ထောက်ပံ့နေရကြောင်း၊     မည်သည့်အတွက်ကြောင့်   ထောက်ပံ့ နေသလဲဆိုလျှင် နိုင်ငံချင်းဖြစ်သည့်စစ်ဖြစ်ကြောင်း၊  ၎င်းသည် EAO  အဖွဲ့ဖြစ်ကြောင်း၊ အထောက်အပံ့မရှိဘဲ မည်သည့်အရာမှ ဖြစ်မလာ ကြောင်း၊ ရုတ်တရက် ဟုန်းခနဲ ထတောက်လာခြင်းမဟုတ်ကြောင်း၊ ယခင်ကတည်းကတိုင်  ထည့်နေသည့်လောင်စာရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ၎င်းလူများသည် မိမိတို့နိုင်ငံသား ဖြစ်သည်ကိုသိကြောင်း၊ တပ်မတော်ရှိ   လက်နက်များကို   အလှပြထားသည့်လက်နက်များ ဖြစ်သည်ဟု  တချို့ကပြောကြကြောင်း၊ တချို့နေရာတိုင်းတွင် လုပ်ချင် တိုင်းလုပ်၍မရကြောင်း၊   နောက်ဆက်တွဲများ အများကြီးရှိကြောင်း၊  ပြည်တွင်းသောင်းကျန်းမှု   နှိမ်နင်းရေးနှင့်ပတ်သက်ပြီး    မိမိတို့မလုပ်ချင် သည့်အတွက်   ငြိမ်းချမ်းရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊   သို့သော် တချို့သောနေရာများတွင်  လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရမည် ဖြစ်ကြောင်း။ 

 


နိုင်ငံခြားဆက်သွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားဆက်သွယ်ရေး မူဝါဒများအတိုင်း   မိမိတို့လိုက်လျောလုပ်ဆောင်ကြောင်း၊ တစ်ဖက်က ပြောသည့်အတွက်ကြောင့်  နိုင်ငံခြားသံအမတ်များနှင့်ပတ်သက်ပြီး မည်သို့တုံ့ပြန်စေလိုပါသလဲ၊       နိုင်ငံခြားသံတမန်ဆက်ဆံရေးသည် အင်မတန်မှနက်နဲသည့်  ကိစ္စဖြစ်ကြောင်း၊ အပေါ်ယံလေးတွင်တွေ့နေ ရသည့်  သတင်းသာမဟုတ်ကြောင်း၊ မိမိဥပမာတစ်ခုပြောလိုသည်မှာ မြန်မာနိုင်ငံနှင့်  စီးပွားရေးအဆက်အသွယ်ဖြတ်လိုသည့်  နိုင်ငံများ ရှိကြောင်း၊ ပါးစပ်ကစီးပွားရေး အဆက်အသွယ်ဖြတ်မည်ဟုပြောပြီး သို့သော် နောက်ကွယ်က ထိတွေ့ဆက်ဆံလိုသည့်အပိုင်းများ အများကြီး ရှိကြောင်း၊ ဥပမာ- ယူကရိန်းနှင့်ရုရှားတွင် ရုရှားနိုင်ငံမှ EU  နိုင်ငံများ သည်  ဓာတ်ငွေ့မဝယ်ဘူး၊  ပိတ်မည်ပြောကြောင်း၊ ၎င်းအပြင်နေရာမှ လှည့်ပြီးရှာဖွေဝယ်ယူမည့်ပုံစံများရှိကြောင်း၊ ထိုကိစ္စသည် ၎င်းတို့အပိုင်း ဖြစ်ကြောင်း၊ မိမိတို့အပိုင်းတွင်လည်း ထိုကိစ္စမျိုးများရှိနေကြောင်း၊ တချို့နေရာတွင် ယခုသတင်းစာရှင်းလင်းပွဲများတွင် မိမိတို့ပြောနေရ သည့်စကားသည် ဘာလုပ်ပစ်၊ ညာလုပ်ပစ်ဟု ပြော၍လည်းမရကြောင်း၊ ပြောစရာလည်းအကြောင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ပြောလိုသည်မှာ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအတွက် နှစ်မျိုးဆောင်ရွက်လျက် ရှိကြောင်း၊  နံပါတ် (၁) ငြိမ်းချမ်းရေးနှင့်ပတ်သက်၍  တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊  နံပါတ်   (၂)    ပြည်သူ့အသက်အိုးအိမ် စည်းစိမ်နှင့်   နိုင်ငံတော်အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေးကို ထိပါးလာမှုမှန်သမျှကို   လုံခြုံရေးနှင့်ကာကွယ်ရေးအရ  ဆောင်ရွက် သင့်သည်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်ပြီး   မိမိတို့အနေဖြင့်   အခြေခံဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်အခါတွင် မိမိတို့ နိုင်ငံ၏   အမျိုးသားအကျိုးစီးပွားနှင့်   ပတ်သက်ပြီး   အထိမခံဘဲ ကာကွယ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar Public Press မှ တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦး က    မိမိမေးလိုသည်များကို   ရှေ့တွင်မေးမြန်းသွားကြပြီးဖြစ်၍ ယခုသတင်းစာရှင်းလင်းပွဲသို့ လာစဉ် ဆရာမတစ်ယောက်က ဖုန်းဆက် မေးမြန်းချက်နှင့်ပတ်သက်၍  မေးလိုကြောင်း၊  တာဝန်မှ ကင်းကွာ သွားသည့် CDM များကို ပြန်လည်ဖိတ်ခေါ်နေသည်ကို တွေ့ရကြောင်း၊ ယခင်အစိုးရလက်ထက်တွင် နိုင်ငံရေးကိုစိတ်မဝင်စားဘဲ အမျိုးသား အရေးကို ရှေ့တန်းထားသည့် ဆရာ/ဆရာမတချို့ကို အပြစ်အမျိုးမျိုး ရှာပြီး  ထုတ်ပယ်ခံခဲ့ရသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ ၎င်းတို့ကို အပြစ်ရှာခံ ထားရသည့်ကိစ္စများမှာလည်း  တာဝန်မှလပေါင်းများစွာ ကင်းကွာနေ သည့်ပြစ်မှုလောက် မကြီးကျယ်ပါကြောင်း၊ ထို့ကြောင့် ထိုဆရာမများကို ဖိတ်ခေါ်သည့်အထဲတွင်  ပါစေလိုကြောင်း၊ ပါ/မပါလည်း မိမိတို့ တိတိ ကျကျမသိရကြောင်း၊  ပုဒ်မ ၅၀၅ ဖြင့် ငြိစွန်းသည့် ဆရာမများလည်း ပြန်လျှောက်လို့ရ/မရလည်း သိလိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး၏ဆိုလိုရင်းကို မသိရှိကြောင်း ပြန်လည်မေးမြန်းရာ ဒေါက်တာစိုးမြင့်ဦးက တာဝန်မှ ကင်းကွာသွားသည့် ပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်သည့် ကိစ္စကိုဆိုလိုကြောင်း၊      ယခင်က      ပြစ်မှုကြီးကြီးမားမားမရှိဘဲ ထုတ်ပယ်ခံထားရသည့် ဆရာ/ဆရာမများကိုလည်း ဖိတ်ခေါ်သည့် အထဲတွင် ပါ/မပါ သိလိုကြောင်းမေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ပညာရေးဝန်ကြီးဌာနနှင့် မိမိတို့ထုတ်ပြန် ထားသည့်အထဲတွင်  ထုတ်ပယ်ခံထားရသည့်သူများဟု မပါကြောင်း၊ ကင်းကွာသွားသည့်သူများသာပါကြောင်း၊           ယင်းနှင့်ပတ်သက်၍ ယခင်က   ဆရာမတစ်ယောက်လည်း  အငြိမ်းစားယူသွားပြီးမှ ပြန်၍ အလုပ်ဝင်လိုသူဟု   မိမိထင်ကြောင်း၊  ကိစ္စကိုလည်း သက်ဆိုင်ရာကို တင်ပေးလိုက်ကြောင်း၊   ထိုလမ်းကြောင်းအတိုင်း    သက်ဆိုင်ရာသို့ တင်ပါဟုပြောလိုကြောင်း၊ ထုတ်ပယ်ခံထားရသည့် သူများမပါကြောင်း ပြန်လည်ဖြေကြားသည်။ 

 


Myanmar Public Press မှ အယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက Social Media တွင် ပညာရေးဝန်ကြီး ဖရဲသီးစသည်ဖြင့် ရေးသားထား သည်ကိုတွေ့ရကြောင်း၊ တချို့တွင် ပြစ်မှု၊ ပြစ်ဒဏ်မပေါ်လွင်သော်လည်း အတင်းအဓမ္မဆွဲသွင်းပြီး  ဖြုတ်ချခြင်းမျိုးများရှိကြောင်း၊ ထိုဆရာမ ကိုလည်း  တရားလွှတ်တော်ချုပ်ရုံးမှ  စာချွန်တော်မင်းအာဏာဖြင့် ပြန်ပြီး တရားစွဲသည့်အခါတွင် အနိုင်ရရှိ‌သော်လည်း ပြန်ပြီးစစ်မည်ဟု ဆိုကာ ပြန်လည်ဖြုတ်ထုတ်သည်များလည်းရှိကြောင်း၊ အငြိုးအတေး ကြီးပြီး  ဆရာတစ်ယောက်ကိုလည်း        ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊  ကာယကံရှင်က   ပြစ်မှုမကျူးလွန် ကြောင်းပြောသော်လည်းမရဘဲ     ထုတ်ပယ်လိုက်ကြောင်း၊    နောက်ဆုံး လုပ်ကြံခံရသည်အထိ     အငြိုးအတေးကြီးကြောင်း၊     ထိုကိစ္စများသည်    တရားမျှတမှုမရှိသကဲ့သို့ဖြစ်နေကြောင်း၊ ယင်းကိစ္စများကို မည်သို့လုပ်၍ ရမည်ကိုသိလိုကြောင်း၊  ထုတ်ပယ်လိုက်သည့်အခါမှာလည်း အတော်ပင် မမျှမတဖြစ်နေကြောင်း၊  အကျိုးအကြောင်း  ခိုင်လုံစွာဖြင့်  တင်ပြ သော်လည်း  ထူးခြားမှုမရှိကြောင်း၊ ယခင်လူများဆုံးဖြတ်ထားသည်ကိုသာ    ဥပဒေနှင့်ညီသည်ဖြစ်စေ၊  မညီသည်ဖြစ်စေ  ကာကွယ်ပြီးပြောဆို နေသဖြင့်   အချိန်ကုန်နေသောကြောင့်  ကာယကံရှင်များအနေဖြင့် နစ်နာနေရကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို မိမိအနေဖြင့် ထပ်တင်ပါဟု ပြောလိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ထိုကဲ့သို့သောကိစ္စမျိုး အမ်းမြို့အနီးအနားက   ရွာတစ်ရွာနှင့်ပတ်သက်၍   မေးမြန်းဖူးကြောင်း၊ ယင်းရွာနှင့်ပတ်သက်ပြီး မည်သို့နစ်နာနေကြောင်း၊ ရွာသားများနစ်နာ နေကြောင်း၊ ယင်းနှင့်ပတ်သက်၍ အမှန်တကယ်  မြေပြင်တွင်စုံစမ်း သည့်အခါ မြေပြင်တွင် သက်သေအထောက်အထားအရ ၂၀၀၇ ခုနှစ် ကတည်းက   ထိုရွာသည်   မြေပြိုသဖြင့်   ပြောင်းသွားကြကြောင်း၊ ထိုပြောင်းသွားသည့်နေရာကို တိုင်းစစ်ဌာနချုပ်က ရောက်သည့်အခါ စစ်မှုထမ်းများကို နေရာချသည့်အချိန်တွင် စစ်မှုထမ်းဟောင်းများသည် ယင်းမြေပြိုသွားသည့်နေရာကို    ၎င်းတို့က   နေရာယူကြောင်း၊  စစ်မှု ထမ်းဟောင်းများရောက်လာပြီး       လမ်းပေါက်သည့်အချိန်မှ တချို့ရွာသားများက ပြန်ရောက်လာသည်ကို  သိရကြောင်း၊ ယခုမိမိ ပြောလိုသည်မှာ ယင်းကိစ္စနှင့်ပတ်သက်၍ စာထပ်တင်ပါဟု ပြောလို ကြောင်း၊ တချို့ကိစ္စများသည် ပုဂ္ဂလိကပိုင်းဆိုင်ရာနှင့် ဌာနပိုင်းဆိုင်ရာ ထိခိုက်နိုင်ကြောင်း၊  ထိုကိစ္စများသည်  မှန်၊  မမှန်ဆိုသည်ကို မိမိတို့ အောက်ခြေအထိလိုက်ပြီးမှသာ သိရမည်ဖြစ်ကြောင်း၊ ယခုသတင်းစာ ရှင်းလင်းပွဲကို  ပြည်သူလူထုတစ်ရပ်လုံးကြည့်နေခြင်းဖြစ်၍ စွပ်စွဲခံရသူ နှင့် စွပ်စွဲသူဘက်မှ မျှတရန်လိုကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲကို တချို့ပြည်သူများ  နားထောင်နေခြင်းကြောင့် ထိုကိစ္စသည် ဖြစ်နိုင်/မဖြစ်နိုင်   ဆင်ခြင်သည်ထက်  လူသည်  အကြားနှစ်ခု  ကြားသည့်အခါ ဦးနှောက်နှင့် ဆုံးဖြတ်ခြင်းထက် နှလုံးသားနှင့် ခံစားတာများကြောင်း၊  နှလုံးသားနှင့်ခံစားတာများသောကြောင့်  “မတရားဘူး”  ဒါကတော့ ဖြစ်နိုင်တယ်ဆို၍ ဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Live လွှင့်ပြီး ပြော၍ရတိုင်း  အခွင့်အရေးကို  အသုံးမချသင့်ကြောင်း  ပြန်လည် ဖြေကြားသည်။

 


Myanmar Public Press မှ အယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မိမိတို့ သတင်းစာရှင်းလင်းပွဲတွင် တင်ပြသည့်အခါ တချို့ဝန်ကြီးဌာန များက အရေးတယူ ဆောင်ရွက်ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့်အပတ် တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ကြီး ကိုယ်တိုင် ချက်ချင်းချိတ်ဆက်ပြီး လျင်လျင်မြန်မြန် ဆောင်ရွက်ပေး ကြောင်း၊  တချို့ဌာနများသည် တင်ပြစာတင်သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်းမျိုးမရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် တင်ပြချက်များ နှင့်ပတ်သက်၍ ဝန်ကြီးဌာနများအားလုံးက အလေးပေးဆောင်ရွက်မှု ရှိ/မရှိ  သိလိုကြောင်း   မေးမြန်းသည်။  

 

 
ဗိုလ်ချုပ်ဇော်မင်းထွန်းက    ယင်းကိစ္စသည်      ဝန်ကြီးဌာန၏ လုပ်ဆောင်ရသည့်အလုပ်၊     ဦးစားပေးလုပ်ငန်းများ    ပါ/မပါ  အပေါ်  မူတည်လိမ့်မည်ဖြစ်ကြောင်း ဖြေကြားသည်။

 


အထူးဟစ်တိုင်သတင်းဌာနမှ သတင်းထောက် ဦးတင်နိုင်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုလက်ရှိ နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် ပညာရေး၊  စီးပွားရေးပါမကျန်  အစစ အရာရာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို  တွေ့ရကြောင်း၊ သို့သော် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွင်        ဖြစ်ချင်တိုင်းဖြစ်နေကြောင်း၊ တစ်ဆိတ်ရှိရင် တပ်ကိုတိုင်လိုက်မည်စသည်ဖြင့် နေရာတကာ တပ်ကို အားကိုးပြီး     လုပ်ချင်တိုင်းလုပ်နေကြောင်း၊     ပြည်သူများကို မောက်မောက်မာမာဖြင့် ဆက်ဆံကြောင်း၊  ပြီးခဲ့သည့်ရက်ပိုင်းတွင်   အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက   ပြည်သူများကို  ၅၀၅ တပ်ပြီး ဖမ်းဆီးကာ  ပိုက်ဆံများတောင်းကြောင်း၊ ပိုက်ဆံများတောင်းပြီး ပြန်လွှတ်ကြောင်း၊  ယင်းသို့လုပ်သည်များကို ပြည်သူများက မသိ ကြောင်း၊ နားလည်သူများက  သက်ဆိုင်ရာကို အကြောင်းကြားပြီး တပ်ကိုသတင်းပို့သည့်အခါ  လက်ရှိတွင်  သက်ဆိုင်ရာက  ဖမ်းဆီး ထိန်းသိမ်းပြီး     အရေးယူဆောင်ရွက်ထားရှိကြောင်း၊  ထို့‌ကြောင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိအောက်ခြေတွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များကို မည်ကဲ့သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စသည် မည်သည့်နေရာတွင် ဖြစ်ကြောင်း ပြန်လည်မေးမြန်းရာ အထူးဟစ်တိုင် သတင်းထောက် ဦးတင်နိုင်ထွန်းက  လက်ရှိဖြစ်နေသည်မှာ  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်တွင်ဖြစ်ကြောင်း၊  လက်ရှိတွင်  ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကိုတိုင်ပါဟု    ‌ပြောလိုကြောင်း၊     အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရှိလျှင်   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို   တိုင်နိုင်ကြောင်း၊    ယင်းသို့တိုင်သည့်နေရာတွင် လူ ကိုယ်တိုင်သွားပြီးတိုင်ရန်မဟုတ်ကြောင်း၊  ၎င်းတို့၏  Website   ကို လည်းဖွင့်ထားပြီးဖြစ်ကြောင်း၊ မည်သို့တိုင်ရမည်ကိုလည်း ပြောထား ပြီးဖြစ်ကြောင်း၊    အချက်အလက်များထည့်ပြီး    တိုင်နိုင်ကြောင်း၊ တခြားကိုလည်းတိုင်ချင်ပါက သက်သေအထောက်အထား ခိုင်လုံစွာ ဖြင့်တိုင်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

 


အထူးဟစ်တိုင်သတင်းဌာနမှ သတင်းထောက် ဒေါ်ခင်မီမီသက်က လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အဂတိမှုများ၊ မတရားမှုများစစ်ဆေးဆောင်ရွက်နေသည်ကို တွေ့မြင်သိရှိရကြောင်း၊ သို့သော် ယခုလက်ရှိအွန်လိုင်းပေါ်တွင် တွေ့ရှိနေရသည့် သတင်းတစ်ခု အနေနှင့်  မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်ခရိုင်   သပိတ်ကျင်း မြို့နယ်၊ ခုနစ်မိုင်ချမ်းသာကျေးရွာ မိသားစုများ၏ ဆိုင်ခန်း ၆၁ ခန်း ကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားစာများအပေါ်မှာ စစ်ဆေးဆောင်ရွက် ခြင်းမရှိဘူးဟု တွေ့ရှိရကြောင်း၊ အလားတူအဖြစ်မျိုးကိုလည်း နေရာ ဒေသအများအပြားတွင် တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးများအနေနှင့် ပြည်သူ များ၏တိုင်ကြားစာများအပေါ် အောက်ခြေမှစစ်ဆေးတင်ပြချက်များ ကိုသာ စစ်ဆေးခြင်းမပြုဘဲ အောက်ခြေအထိ  ကွင်းဆင်းစစ်ဆေးခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရ၏အုပ်ချုပ်မှုယန္တရားများအနေနှင့်  အဆင့်ဆင့်အုပ်ချုပ်ရသည်ဖြစ်ကြောင်း၊ အထူးအရေးကြီးသည့် ကိစ္စဆိုလျှင် အထူးအရေးကြီးသည့်အလျောက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် လုပ်ထုံးလုပ်နည်း ဘောင်ကိုကျော်ပြီး လုပ်စရာအကြောင်းမရှိဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


Top Phoenix Agency  မှ သတင်းထောက် ဦးမင်းထွဋ်ဦးက စက်သုံးဆီဈေးနှုန်းမတည်မငြိမ်ဖြစ်နေသည်မှာ စက်သုံးဆီပြတ်လပ်မှု ကြောင့်ဖြစ်ကြောင်း၊  ယမန်နေ့က  ရန်ကုန်တွင် ဈေးနှုန်းတချို့ ရှိပါ ကြောင်း၊ ယနေ့ဈေးနှုန်း တစ်လီတာကို ၃၅ ကျပ် ထိကွာသွားခြင်းရှိပါ ကြောင်း၊ စက်သုံးဆီဆိုင်အချို့ပိတ်နေပါကြောင်း၊ ဒီဇယ်မှအပ 92/ 95  ပြတ်လပ်နေသဖြင့် မရောင်းချနိုင်ဟုဆိုပါကြောင်း၊ ယနေ့ ၁၂ နာရီအချိန်က  လှိုင်သာယာက Denko ဆီဆိုင်ကို မိမိတို့အဖွဲ့များ ဆီသွားထည့်သည့်အခါတွင် ယနေ့ဈေးနှုန်းအခြေအနေနှင့် မနက်ဖြန် တွင်လည်း    ထပ်တက်မည်ဟုသိရပါကြောင်း၊   အောက်ခြေတွင် ဆိုင်များပိတ်နေသည်ကို ကော်မတီဖွဲ့ထားသည့်အဖွဲ့များ အောက်ခြေ အထိဆင်းပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု မည်သို့ဆောင်ရွက် မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ဖြစ်ပျက်သည်များကို ရန်ကုန်က  မိမိတို့ထံပြောခြင်းများရှိကြောင်း၊ တချို့ဓာတ်ပုံရိုက်ပြ ပါကြောင်း၊ တချို့ဆိုင်များသည် ဆိုင်းဘုတ်များ ရေးထားသည်များ ရှိကြောင်း၊  မည်သည့်ဆီမှ   မရတော့ပါဟု  မိမိတို့တွေ့ပါကြောင်း၊ မိမိတို့     စစ်ဆေးမှုများ    ဆောင်ရွက်လျက်ရှိပါကြောင်း     ပြန်လည် ဖြေကြားသည်။ 

 


စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စက်သုံးဆီကဏ္ဍနှင့် ပတ်သက်၍ နှစ်ပိုင်းရှိကြောင်း၊ စက်သုံးဆီပြတ်လပ်မှုနှင့် စက်သုံးဆီ ဈေးနှုန်းဖြစ်ပါကြောင်း၊ စက်သုံးဆီ ပြည်တွင်းလိုအပ်မှု ပြတ်လပ်မှု မရှိစေရေး ကော်မတီများအနေနှင့် တင်သွင်း/ဖြန့်ဖြူး/ ရောင်းချမှုကို မြန်မာနိုင်ငံ  စက်သုံးဆီတင်သွင်း/ ရောင်းချ/ ဖြန့်ဖြူးရေးအသင်းနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်၏ ရက် ပေါင်းများစွာအတွက် နိုင်ငံတော်အရန်ဆီ သိုလှောင်ထားရှိပါကြောင်း၊ ဖြန့်ဖြူးနိုင်ပါကြောင်း၊ ဈေးနှုန်းပိုင်းတွင်  ပြည်တွင်းသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် ပြည်ပကတင်သွင်းရပါကြောင်း၊ ကမ္ဘာ့ရေနံဈေး၊ ကမ္ဘာ့ဆီဈေး   အပြောင်းအလဲအပေါ်တွင်   မိမိတို့ပြည်တွင်းဈေးနှုန်း ရိုက်ခတ်မှုရှိပါကြောင်း၊ ယခုရက်ပိုင်းအတွင်းတွင် ကမ္ဘာ့ရေနံဈေး၊ ကမ္ဘာ့ဆီဈေး  တော်တော်ပြောင်းလဲပါကြောင်း၊ ပြီးခဲ့သည့် မေ ၁ ရက်မှ   မေ  ၁၉  ရက်အထိ  ဆီတစ်စည်ကို ဒေါ်လာ ၂၀ ကျော် တက်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တက်သည့်ဈေးပေါ်တွင် လုပ်ငန်းရှင်များ ဈေးကစားခြင်းမရှိအောင်  ဖြစ်သင့်ဖြစ်ထိုက်သည့် လက်လီဈေး၊  လက်ကားဈေးများကို  သတင်းစာများတွင်  နေ့စဉ် ကြေညာပေးနေပါကြောင်း၊ ဝယ်ယူသုံးစွဲရာတွင်  အဆင်မပြေပါက တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များ    ထည့်ထားပါကြောင်း၊     မိမိတို့ ကော်မတီများအနေဖြင့်  ထိုသို့ဆောင်ရွက်နေကြောင်း    ဖြည့်စွက် ဖြေကြားသည်။ 

 


ဆက်လက်၍  Top Phoenix Agency မှ သတင်းထောက် ဦးမင်းထွဋ်ဦးက စက်သုံးဆီများ ဝယ်ယူဖြန့်ဖြူးရေးကို အုပ်စုတစ်စု တည်းကကြီးစိုးပြီး တင်သွင်းနေ၍သာ ဆီဈေးများ မတည်မငြိမ်ဖြစ်ရ ကြောင်း၊ အကယ်၍ အလားတူ ကုမ္ပဏီအသင်းအဖွဲ့များကို ယှဉ်ပြိုင် ၍ ဈေးပြိုင်စနစ်ဖြင့်သွင်းမည်ဆိုပါက ဆီဈေးကျနိုင်သည်ဟု ဆိုကြ ကြောင်း၊ ထိုအခြေအနေကို မည်သို့ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 


စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်ကြီး ပြောသကဲ့သို့    အသင်းအဖွဲ့ဆိုသည်မှာ  အဆိုပါလုပ်ငန်းလုပ်သူ အားလုံးသည် အဆိုပါအသင်းအဖွဲ့တွင် ပါဝင်ပါကြောင်း၊ တင်သွင်းနေ သည့် လုပ်ငန်းရှင်များစွာရှိပါကြောင်း၊ သင်္ဘောတစ်စင်းကို လုပ်ငန်းရှင် သုံးလေးဦးစပ်၊ သင်္ဘောတစ်စင်းကို တစ်ဦးတည်း တင်သွင်းကြကြောင်း၊ ဈေးကစားမှုမရှိအောင် ကော်မတီအနေဖြင့် ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားသည်။      ။