
နေပြည်တော် စက်တင်ဘာ ၁၆
ထိုင်းနိုင်ငံတွင် လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ASEAN Air Chiefs Conference) ကို ထိုင်းနိုင်ငံတွင် Video Tele-Conference (VTC) ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
တက်ရောက်
အဆိုပါ အစည်းအဝေးတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General (U) Dato Seri Pahlawn Mohd Sharif bin Dato Paduka Haji Ibrahim၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် General Soeung Samnang၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယလေတပ်စစ်ဦးစီးအရာရှိချုပ် Air Marshal Fahru Zaini Isnanto, S. H., M.DS.၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamlek Sengphachanh၊ မလေးရှားနိုင်ငံ လေတပ်ဦးစီးချုပ် General Dato' Sri Ackbal Bin Haji Abdul Samad ၊ ဖိလစ်ပိုင်နိုင်ငံလေတပ်ဦးစီးချုပ် Lieutenant General Allen Trio Paredes၊ စင်ကာပူနိုင်ငံလေတပ်ဦးစီးချုပ် Major General Kelvin Khong Boon Leong၊ ထိုင်းနိုင်ငံလေတပ် ဦးစီးချုပ် Air Chief Marshal Airbull Suttiwan၊ ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Major General Vu Van Kha နှင့် တာဝန်ရှိသူများက Video Tele-Conference (VTC) တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေး၏ သဘာပတိဖြစ်သူ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Airbull Suttiwan က (၁၈)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ် ပေးသည်။
ထို့နောက် (၈)ကြိမ်မြောက် အာဆီယံ လေတပ် များ၏ ပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းအဖွဲ့ (ASEAN Air Forces' Education and Training Working Group - 8th AAFET-WG) အစည်းအဝေး ဆုံးဖြတ်ချက်များကို ထိုင်းဘုရင့်လေတပ်မှ Group Captain Supachai Upan က ရှင်းလင်းပြောကြား သည်။
ယင်းနောက် အစည်းအဝေးကို တက်ရောက်လာ ကြသော အာဆီယံလေတပ်များမှ လေတပ်ဦးစီးချုပ် များက "OPTIMIZING CAPABILITY AND COOPERATION AGAINST NEW CHALLENGES" ခေါင်းစဉ်အား အသီးသီးဆွေးနွေးခဲ့ကြပြီး အခြား ကိစ္စရပ်များကို နိုင်ငံအလိုက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးအတည်ပြု
၎င်းနောက် သဘာပတိက (၁၈)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြား
ရှင်းလင်းဆွေးနွေးအတည်ပြုပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။ ထို့နောက် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အလှည့်ကျသဘာပတိအဖြစ် တာဝန်ထမ်း ဆောင်မည့် လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamlek Sengphachanh ထံသို့ ထိုင်းနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးမှတစ်ဆင့် ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်ပြီး လာအို လေတပ် ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်း အဝေးဖြစ်သော အာဆီယံလေတပ်များ၏ ပညာရေး နှင့် လေ့ကျင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့ပြီး တပ်မတော်(လေ)မှ ကိုယ်စားလှယ်အရာရှိနှစ်ဦး တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်