(၁၈) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၁ 


(၁၈) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး   အစည်းအဝေးကို ယနေ့  နံနက်   ၈   နာရီခွဲတွင် မြန်မာနိုင်ငံမှ  အလှည့်ကျအိမ်ရှင် အဖြစ်ကျင်းပရာ     မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော  ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး  ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့     တပ်ဖွဲ့မှူး   ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော    ကိုယ်စားလှယ် အဖွဲ့သည်       နေပြည်တော်ရှိ မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူးရုံး  အစည်းအဝေး ခန်းမ၌           ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။ 

 


အစည်းအဝေးတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က         မူးယစ် ဆေးဝါးပြဿနာသည်  နိုင်ငံတိုင်း ရင်ဆိုင်       ကြုံတွေ့နေရသည့် အကြီးမားဆုံး   ပြဿနာတစ်ရပ် ဖြစ်ကြောင်း၊  လူလုပ်ဆေးဝါးသစ် များ လွယ်ကူစွာ ဝယ်ယူရရှိမှုများ သည်  ပြဿနာကို ပိုမိုဆိုးရွားလာ ကြောင်း၊   မူးယစ်ဆေးဝါးများကို ဆက်သွယ်ရေး      လုပ်ငန်းများ၊ ပုဂ္ဂလိက    အမြန်ချောပို့လုပ်ငန်း များ၊       ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို      အသုံးပြု၍ ပို့ဆောင်ရောင်းဝယ်မှုများ ပြုလုပ် နေကြောင်းနှင့်  အဓိကပင်လယ် ရေကြောင်းလမ်းများမှ   တစ်ဆင့် သယ်ဆောင်   ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်ကို  ဖမ်းဆီးရမိ မှုဖြစ်စဉ်များအရ တွေ့ရှိကြောင်း။

 


နည်းပညာ   တိုးတက်လာမှု ကြောင့်  အွန်လိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေး  ချေမှုများ         အသုံးပြုလာပြီး အွန်လိုင်း      မူးယစ်ဆေးဝါး ဈေးကွက်သည်လည်း ကျယ်ပြန့် စွာ နေရာယူထိုးဖောက်ဝင်ရောက် လာသည်ကို   တွေ့ရှိရကြောင်း၊ မူးယစ်ကုန်ကူးသူတို့က    ကမ္ဘာ့ စီးပွားရေးကျပ်တည်းမှု    အခြေ အနေများကြောင့် အလုပ်လက်မဲ့ဦးရေများပြားလာမှုအပေါ် အခွင့် ကောင်းယူပြီး အလွယ်တကူဝင်ငွေ ရလွယ်သော     မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအတွက် သယ်ဆောင်ခပေး၍   အသုံးချလာ ကြောင်း၊  မူးယစ်ဆေးဝါးပျံ့နှံ့နေမှုအကျိုးဆက်အနေဖြင့်   အချို့ နိုင်ငံများတွင်    မူးယစ်ဆေးဝါး သုံးစွဲမှုများ  မြင့်တက်လာနေသည် ကိုလည်း       တွေ့ရှိရကြောင်း၊ UNODC ၏  ၂၀၂၁ ခုနှစ်အတွင်း အရှေ့နှင့်     အရှေ့တောင်အာရှ ဒေသရှိ         လူလုပ်ဆေးဝါးနှင့် ပတ်သက်သည့်   အစီရင်ခံစာအရ မက်သ်အဖက်တမင်းနှင့်   မက်သ် အဖက်တမင်း(ပုံဆောင်ခဲ)ဖမ်းဆီး ရမိမှု   တစ်နေ့ထက် တစ်နေ့   ပိုမို များပြားလာသည်နှင့်အညီ ထုတ် လုပ်မှုနှင့်    သုံးစွဲသူဦးရေလည်း တိုးမြင့်လာကြောင်း၊    လူလုပ် ဆေးဝါးများ    ထုတ်လုပ်သယ် ဆောင်    ရောင်းဝယ်မှုများသည် လည်း   လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ကျယ်ပြန့်လျက်     ရှိသည်ကို  တွေ့ရကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါး   တိုက်ဖျက်ရေးလုပ်ငန်း များကို   အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်    သတ်မှတ်ကာ ဘက်ပေါင်းစုံမှ တားဆီးတိုက်ဖျက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊     မဲခေါင်ဒေသတွင်း နိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို   အရှိန်အဟုန်မြှင့်    ပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့် အောင်မြင် မှုရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း         ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

 


ပရီကာဆာထိန်းချုပ်ရေးနှင့်ပတ်သက်၍  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဥပဒေ၊  နည်းဥပဒေများ   ကွဲပြား ခြားနားမှု၊  အိမ်နီးချင်းနိုင်ငံများနှင့် ရှည်လျားသော   နယ်နိမိတ်ထိစပ် နေမှုအပေါ်   အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး  ထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့်   ပရီကာဆာ ဓာတုပစ္စည်းများသည်   နယ်စပ် ဒေသများမှတစ်ဆင့်  တရားမဝင် နည်းလမ်းမျိုးစုံနှင့်   ဝင်ရောက် လျက်ရှိခြင်းတို့ကြောင့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍  အထူးစစ်ဆင်ရေးများ ကိုလည်း         ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရန်    လိုအပ်မည် ဖြစ်ကြောင်းနှင့်     မိမိတို့နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းပြီး  တူညီသော ရည်မှန်းချက်များနှင့် ဆောင်ရွက် မှုတို့ကြောင့်   အောင်မြင်မှုများစွာ ရရှိမည်ဟု        ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 


အစည်းအဝေးသို့    တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊       အမျိုးသား မူးယစ်ဆေးဝါး        ထိန်းချုပ်ရေး ကော်မရှင် (NNCC)   အထွေထွေ အတွင်းရေးမှူးချုပ်နှင့်   မူးယစ် ဆေးဝါး ထိန်းချုပ်ရေးဗျူရို(NCB) ညွှန်ကြားရေးမှူးချုပ် Mr. Liang Yun   ဦးဆောင်သည့်  ကိုယ်စား လှယ်များ      တက်ရောက်ကြပြီး နှစ်နိုင်ငံ  ကိုယ်စားလှယ်များက လက်ရှိမူးယစ်ဆေးဝါး    အခြေ အနေများ၊      မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်    အသုံးပြုသည့် ပရီကာဆာ       ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုများနှင့်  ပတ်သက် သည့် ကိစ္စရပ်များ၊     နှစ်နိုင်ငံ နိုင်ငံသားများ    ပါဝင်ပတ်သက် သည့်  မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများကို   အချိန်နှင့်တစ်ပြေးညီသတင်းဖလှယ်နိုင်ရေး    ကိစ္စရပ် များ၊ တားဆီးနှိမ်နင်းရေးလုပ်ငန်း များနှင့် မှုခင်းများပူးပေါင်းဆောင် ရွက်ခြင်းဆိုင်ရာ    ကိစ္စရပ်များ၊ နယ်စပ်ဒေသတစ်လျှောက် မူးယစ် ဆေးဝါး    ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်မှုများ        တိုးမြှင့် လုပ်ဆောင်ရန်      ကိစ္စရပ်များ၊  (၁၉) ကြိမ် မြောက်အစည်းအဝေး ကို   တရုတ်နိုင်ငံ  (NNCC)   မှ  အလှည့်ကျ  အိမ်ရှင်အဖြစ်ကျင်းပ နိုင်ရေးဆိုင်ရာ        ကိစ္စရပ်များ ကို   ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။ 


သတင်းစဉ်