(၁၈) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကျင်းပ

 

နေပြည်တော်   စက်တင်ဘာ    ၁၆


ထိုင်းနိုင်ငံတွင်    လက်ခံကျင်းပသည့်   (၁၈)   ကြိမ် မြောက်  အာဆီယံလေတပ်ဦးစီးချုပ်များ  အစည်း အဝေး (18th ASEAN Air Chiefs Conference) ကို ထိုင်းနိုင်ငံတွင် Video Tele-Conference - VTC ဖြင့် ယနေ့နံနက်ပိုင်းက ကျင်းပသည်။


အဆိုပါ အစည်းအဝေးတွင် ကာကွယ်ရေးဦးစီး ချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဘရူနိုင်း နိုင်ငံလေတပ်ဦးစီးချုပ်   Brigadier   General   (U) Dato  Seri  Pahlawn   Mohd   Sharif   bin  Dato Paduka Haji Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံလေတပ် ဦးစီးချုပ် General Soeung Samnang ၊ အင်ဒိုနီးရှား နိုင်ငံ ဒုတိယလေတပ်စစ်ဦးစီးအရာရှိချုပ် Air Mars-hal Fahru Zaini Isnanto, S. H., M.DS. ၊ လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General Khamlek Sengphachanh ၊ မလေးရှားနိုင်ငံလေတပ်ဦးစီးချုပ် General Dato' Sri Ackbal Bin Haji Abdul Samad၊ ဖိလစ်ပိုင်နိုင်ငံ   လေတပ်ဦးစီးချုပ်       Lieutenant General Allen Trio Paredes ၊ စင်ကာပူနိုင်ငံလေတပ် ဦးစီးချုပ် Major General Kelvin Khong Boon Leong ၊   ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ်  Air Chief Marshal   Airbull  Suttiwan ၊    ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Major General Vu Van Kha နှင့် တာဝန်ရှိသူများက Video Tele-Conference - VTC တက်ရောက်ကြသည်။


ဦးစွာ အစည်းအဝေး၏ သဘာပတိဖြစ်သူ ထိုင်း နိုင်ငံ လေတပ်ဦးစီးချုပ် Air Chief Marshal Airbull Suttiwan က (၁၈) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေး သည်။


ထို့နောက် (၈) ကြိမ်မြောက် အာဆီယံလေတပ် များ၏     ပညာရေးနှင့်   လေ့ကျင့်ရေးလုပ်ငန်းအဖွဲ့ (ASEAN Air Forces' Education and Training Working Group - 8th AAFET-WG) အစည်း အဝေးဆုံးဖြတ်ချက်များကို ထိုင်းဘုရင့်လေတပ်မှ Group Captain Supachai Upan က ရှင်းလင်း ပြောကြားသည်။


ယင်းနောက် အစည်းအဝေးကို တက်ရောက် လာကြသော အာဆီယံလေတပ်များမှ လေတပ်ဦးစီး ချုပ်များက "OPTIMIZING CAPABILITY AND COOPERATION AGAINST NEW CHALLENGES" ခေါင်းစဉ်အား အသီးသီးဆွေးနွေးခဲ့ကြပြီး အခြား ကိစ္စရပ်များကို နိုင်ငံအလိုက် ဆွေးနွေးခဲ့ကြသည်။


၎င်းနောက် သဘာပတိက (၁၈) ကြိမ်မြောက်  အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ အစည်းအဝေး    ဆုံးဖြတ်ချက်များကို     ဖတ်ကြား ရှင်းလင်းဆွေးနွေးအတည်ပြုပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။    ထို့နောက်   (၁၉)   ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေးကို အလှည့်ကျသဘာပတိအဖြစ် တာဝန်ထမ်းဆောင် မည့်    လာအိုနိုင်ငံလေတပ်ဦးစီးချုပ်       Brigadier General Khamlek Sengphachanh ထံသို့ ထိုင်း နိုင်ငံဆိုင်ရာ   လာအိုစစ်သံမှူးမှတစ်ဆင့်    ဥက္ကဋ္ဌ တာဝန်ကို  လွှဲပြောင်းပေးအပ်ပြီး  လာအိုလေတပ် ဦးစီးချုပ်က    နှုတ်ခွန်းဆက်စကား   ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး ဖြစ်သော   အာဆီယံလေတပ်များ၏    ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁  ခုနှစ်  ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော် (လေ) မှ ကိုယ်စား လှယ် အရာရှိ နှစ်ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                  

 သတင်းစဉ်