၁၇ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးရဲ့ ကယ်ဆယ်ရေးခရီးစဉ်

 

နှင်းမိုးအိမ်

ဟိမဝန္တာတောင်တန်းတွေပေါ်က ပြိုကျနေတဲ့ လိုဏ်ခေါင်းတစ်ခုထဲမှာ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယအလုပ်သမား ၄၁ ဦးစလုံးကို ကယ်တင် လိုက်နိုင်ပြီပဲဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာမြင်ကွင်း 
 နာရီပေါင်း ၄၀၀  ကျော်ကြာပြီးတဲ့နောက် ဆစ်ကီရာ-ဘာကော့ လိုဏ်ခေါင်းအတွင်းကနေ     ပထမဆုံးတစ်ယောက်ကို     ကယ်တင် လိုက်တဲ့အချိန်ဟာ တကယ့်ကိုစိတ်လှုပ်ရှားစရာ   မြင်ကွင်းပဲဖြစ်ပါ တယ်။ ဒီလိုမျိုးကယ်တင်နိုင်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ လုပ်ဆောင် နိုင်ခဲ့တာတော့မဟုတ်ပါဘူး။ အတားအဆီးပေါင်းများစွာ၊ နှောင့်နှေးမှု ပေါင်းများစွာနဲ့    ကြိုးပမ်းခဲ့ရတာပဲဖြစ်ပါတယ်။  နိုဝင်ဘာ  ၂၈   ရက် ညပိုင်းမှာတော့   ကယ်ဆယ်ရေးထွက်ပေါက်  ပိုက်လိုင်းအတွင်းကနေ  အလုပ်သမားတွေကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်နိုင်ခဲ့ပါတယ်။ 
လူအားနဲ့ပဲ ကယ်ဆယ်နိုင်အောင်ကြိုးပမ်း 
စက်ပိုင်းဆိုင်ရာ     ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက်       မိုင်းတွင်း ကယ်ဆယ်ရေးမှာ   ကျွမ်းကျင်တဲ့အဖွဲ့က   လူအားနဲ့ပဲ   ကယ်ဆယ် နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။  ကြွက်တွင်းတူးဖော်ရေးလို့  တင်စား ခေါ်ဝေါ်ရတဲ့နည်းလမ်းကတော့    အလွန်သေးငယ်တဲ့    တူးမြောင်း အပေါက်လေးကနေ ကျောက်မီးသွေးထုတ်ယူတဲ့  နည်းလမ်းပဲဖြစ်ပါ တယ်။  အန္တရာယ်ဖြစ်စေအောင်  မြင့်မားတဲ့အတွက် အိန္ဒိယမှာ အဲဒီ နည်းလမ်းကို    ဥပဒေနဲ့      မညီညွတ်ဘူးလို့   သတ်မှတ်ထားပေမယ့် အချို့သောပြည်နယ်တွေမှာတော့         အသုံးပြုနေဆဲပဲဖြစ်ပါတယ်။ လိုဏ်ခေါင်းထဲကနေ ပထမဆုံးတစ်ယောက်ကို  ကယ်တင်နိုင်တဲ့အချိန် ကတော့ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီမှာပဲ ဖြစ်ပါတယ်။ 
၂၄ နာရီစလုံး အလုပ်လုပ်ခဲ့ 
 လိုဏ်ခေါင်း  ထွက်ပေါက်မှာတော့ ရဟတ်ယာဉ်နဲ့ လူနာတင်ယာဉ် တွေဟာ အဆင်သင့်စောင့်နေကြပါတယ်။ အနီးစပ်ဆုံးဆေးရုံကို ပို့ပေး နိုင်ဖို့   အဆင်သင့်စောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။    ကြွက်တွင်း တူးဖော်ရေးလုပ်ငန်း မိုင်းတွင်းတူးဖော်ရေး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ မန်နာကွာရက်ရှီ အပျက်အစီးနံရံကို ဖြိုချပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ခံစားချက်ကို    ပြောပြခဲ့ပါတယ်။   “နောက်ဆုံးကျောက်တုံးကို ဖယ်ရှားပြီးတဲ့နောက်မှာတော့  ကျွန်တော်ပိတ်မိနေတဲ့  အလုပ်သမား တွေကို စပြီးတွေ့မြင်ရပါပြီ။ သူတို့ကျွန်တော့်ကို ဝိုင်းဖက်ကြတယ်၊ ပြီးတော့ သူတို့ကိုအပြင်ထုတ်ပေးလို့ ကျွန်တော့်ကို ကျေးဇူးတင်စကား တွေပြောကြတယ်”   လို့     သူ့ရဲ့အတွေ့အကြုံကို    ပြောပြပါတယ်။ “ကျွန်တော်တို့အဖွဲ့ဟာ ပိတ်မိနေတဲ့အလုပ်သမားတွေကို ကယ်တင်ဖို့ ၂၄ နာရီလုံး ဆက်တိုက်အလုပ်လုပ်ခဲ့ကြပါတယ်။  ပျော်ရွှင်မှုကတော့ ပြောမပြတတ်အောင်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။ 
အံ့ဩဖွယ်ရာဥပမာ 
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း    ယခုကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို လူသားဆန်မှုနဲ့ အဖွဲ့လိုက်လှုပ်ရှားမှုရဲ့ အံ့ဩဖွယ်ရာ ဥပမာပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  ဥတ္တရာကာရှီက  အလုပ် သမားတွေကို ကယ်တင်လိုက်နိုင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ဟာ လူတိုင်းလူတိုင်း ပျော်ရွှင်ရစေတယ်၊  လိုဏ်ခေါင်းအတွင်း ပိတ်မိနေတဲ့ အလုပ်သမားညီအစ်ကိုတွေရဲ့ စိတ်ရှည်သည်းခံမှုနဲ့ သတ္တိဟာ လူတိုင်း ကို စိတ်ဓာတ်ခွန်အားပေးစွမ်းတယ်လို့ မိုဒီကပြောပါတယ်။ 
မြေပြိုမှုကြောင့် ပိတ်မိခဲ့ 
ပိတ်မိခဲ့တဲ့အလုပ်သမားတွေကတော့         ဥမင်လိုဏ်ခေါင်းလမ်း တည်ဆောက်ရင်း    အမှတ်မထင်မြေပြိုမှုနဲ့   ကြုံကြိုက်ခဲ့တဲ့အတွက် ပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်။  နိုဝင်ဘာ  ၁၂ ရက်  အစောပိုင်းမှာ ဥမင်လိုဏ်ခေါင်းအမိုး ရုတ်တရက်ပြိုကျခဲ့ပြီး မီတာ ၆၀ ကျော် ထူထပ်တဲ့ ကွန်ကရစ်အပျက်အစီးများ၊ ကျောက်တုံးများကြား ပိတ်မိနေခဲ့ပါတယ်။ 
အဓိက      ကယ်ဆယ်ရေးလုပ်ငန်းကြီးကို     ချက်ချင်းပဲစတင်ခဲ့ပြီး အပျက်အစီးတွေကို   ထိုးဖောက်ဖယ်ရှားနိုင်ဖို့  စတင်ကြိုးပမ်းလာခဲ့ပါ တယ်။   ကယ်ဆယ်ရေးလုပ်သားပေါင်း  ၂၀၀  ကျော်   ပါဝင်တဲ့အပြင် အိန္ဒိယတပ်ဖွဲ့ လေတပ်တို့ကပါ ဝန်းရံခဲ့ကြပါတယ်။ အမျိုးသားသဘာဝ ဘေး စီမံခန့်ခွဲမှုအဖွဲ့နဲ့ နိုင်ငံခြားကျွမ်းကျင်ပညာရှင်တွေပါ ပါဝင်ခဲ့ကြ ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း တိုးတက်မှုဖြစ်စဉ်ကို နေ့စဉ်အိန္ဒိယ ဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြခဲ့ပါတယ်။ 
အဆက်အသွယ်မပြတ်အောင် ကြိုးစား 
အောက်ဆီဂျင်၊ အစားအသောက်နဲ့ရေကိုတော့ သေးငယ်တဲ့ ပိုက်လိုင်း လေးကနေတစ်ဆင့် အလုပ်သမားတွေဆီ ပေးပို့ခဲ့ပါတယ်။ ပိတ်မိနေတဲ့ ၁၇   ရက်စလုံး   အဆက်အသွယ်မပြတ်အောင်   ကြိုးစားထိန်းသိမ်း လုပ်ဆောင်ခဲ့ကြရပါတယ်။ ပိတ်မိနေတဲ့ အလုပ်သမားတွေရဲ့ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ဖို့အတွက်လည်း  ဆရာဝန်နဲ့   စိတ်ရောဂါ ကု ဆရာဝန်တွေကို အနီးကပ်ခေါ်ဆောင်ထားပါတယ်။ 
ပိတ်မိနေစဉ်အတွင်း သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့အတွက်  ယောဂပြုလုပ်ခြင်းနဲ့  ခရစ်ကတ်ကစားခြင်းတို့ပါ ပြုလုပ်ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စက်ကိုပြန်ထုတ်ခဲ့ရ 
 ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ စက်ကြီးတွေနဲ့ အပျက် အစီးတွေကို ဖယ်ရှားရာမှာ  မီတာ  ၅၀ အထိ ရောက်ရှိခဲ့တဲ့အတွက် နာရီပိုင်းအတွင်း  ကယ်ထုတ်နိုင်တော့မယ်လို့  ကြေညာခဲ့ပြီး အခင်း ဖြစ်ပွားရာနေရာကို နိုင်ငံရေးသမားတွေပါ အလျင်စလို ရောက်ရှိလာခဲ့ ကြပါတယ်။ 
ဒါပေမယ့်လည်း ၁၂ မီတာပဲ ကျန်ရှိတော့တဲ့အခါမှာတော့ အပျက် အစီးသတ္တုပိုင်းနဲ့ ချိတ်မိသွားတဲ့အတွက် တူးဖော်ရေးဆူးသွားကျိုးသွား ပါတယ်။ အဲဒါကြောင့် စက်ကို ပြန်ထုတ်ခဲ့ရပါတယ်။ 
လူအားနဲ့ ကြိုးပမ်း 
ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့  အာဏာပိုင်တွေဟာ နောက်ထပ် နည်းသစ်တစ်နည်းနဲ့ ကြိုးပမ်းနေတယ်လို့ ကြေညာခဲ့ပါတယ်။ အဆုံးမှာ တော့     ကြွက်တွင်းတူးဖော်ရေး    ကျွမ်းကျင်သူတွေရဲ့    လုပ်အားနဲ့ နောက်ဆုံးပိတ်နေတဲ့ အပျက်အစီးတွေကို လူအားနဲ့ဖယ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပိတ်မိနေတဲ့ အလုပ်သမား တွေကို အောင်အောင်မြင်မြင်နဲ့ပဲ ကယ်ထုတ်နိုင်ခဲ့ပါတော့တယ်။ 
ဖခင်တစ်ဦးရဲ့ ပီတိ 
ကျွန်တော့်သား အပြင်ရောက်လာတာမြင်ရတော့ ကျွန်တော့်နှလုံး ဟာ တစ်ဖန်ပြန်ရှင်သန်လာတယ်လို့  ပိတ်မိနေတဲ့   အလုပ်သမား တစ်ဦးရဲ့ဖခင်က      ပြောပါတယ်။      အဆိုပါ   ဥမင်လိုဏ်ခေါင်းဟာ  အမေရိကန်ဒေါ်လာ ၁ ဒသမ  ၅ သန်းတန်  ချာဒမ်အဝေးပြေးလမ်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့  မိုင် ၅၅၀ ရှည်လျားတဲ့ လမ်းကွန်ရက်မှ တစ်ဆင့်   ဟင်ဒီဘုရားဖူးခရီးသွားရာ  နေရာလေးခုကို   ချိတ်ဆက်ဖို့ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။      ။
 ကိုးကား - သည်ဂါဒီယန်း