
နေပြည်တော် နိုဝင်ဘာ ၂၉
(၁၇) ကြိမ်မြောက် နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့တွင် ထိုင်း နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ Online စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး မှ ကိုယ်စားလှယ်များ၊ အာဆီယံ မိုးလေဝသ အထူးပြုဌာနမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် များအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦး ဦးဆောင်၍ ဆက်စပ်ဦးစီး ဌာနများဖြစ်သည့် သစ်တော ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ အဆင့်မြင့်အရာ ထမ်း ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံ မှ Chair အဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကား ပြောကြားပြီး အစီအစဉ်အရ အာဆီယံမိုးလေ ဝသ အထူးပြုဌာန (ASEAN Specialised Meteorological Centre-ASMC)မှ ၂၀၂၂ ခုနှစ် အတွင်း အာဆီယံဒေသအတွင်း မီးလောင်မှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ် မှု၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ ညစ်ညမ်းမှုကို ဖြေရှင်းနိုင်ရန် နှင့် ဒေသတွင်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အာဆီယံဒေသ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ် ရေးဆိုင်ရာ လမ်းပြမြေပုံအသစ် (၂၀၂၂ - ၂၀၃၀) ရေးဆွဲနေမှု၊ အာဆီယံဒေသ သစ်ဆွေးမြေ စီမံ ခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာအသစ် (၂၀၂၂-၂၀၃၀) ရေးဆွဲမှု၊ မဲခေါင် ဒေသခွဲနိုင်ငံများ၏ ကိုယ်စားလှယ် များမှ ဆွေးနွေးပြောကြားခဲ့ သည့် မဲခေါင်ဒေသခွဲ နိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချရေး ဆောင်ရွက်မှု၊ ချင်းရိုင်လုပ်ငန်းစီမံချက် (၂၀၁၇)ကို အကောင်အထည်ဖော်မှုဖြစ် သည့် Fire Hotspot အရေအတွက် လျှော့ချရမည့် အညွှန်းကိန်းများ၊ မဲခေါင်ဒေသခွဲ နိုင်ငံများတွင် မီးလောင်မှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချ ရေးအတွက် ဒေသတွင်းနိုင်ငံများ ၏ မီးခိုးမြူငွေ့ထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် တိုးတက်မှုကို ရှင်းလင်းတင်ပြခြင်း နှင့် (၁၈) ကြိမ်မြောက် မဲခေါင် ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း အဝေးအတွက် အချိန်နှင့် နေရာ သတ်မှတ်ခြင်းများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်