ရန်ကုန် နိုဝင်ဘာ ၁၀
နိုဝင်ဘာ   ၆  ရက်မှ ၁၂ ရက်အထိ   ကိုရီးယားနိုင်ငံ    ဆိုးလ်မြို့တွင်     ကျင်းပလျက်ရှိသည့်    “14th  World    Body     Buiding  and    Physique Sports Champion-  ships    2023”   (၁၄)ကြိမ်မြောက်  ကမ္ဘာ့ကာယဗလနှင့်   ကာယ ကြံ့ခိုင်မှု    အားကစားပြိုင်ပွဲတွင်   မြန်မာနိုင်ငံက ရွှေတစ်ခု၊ ငွေတစ်ခု ဆွတ်ခူး    ရရှိခဲ့ကြောင်း    သိရ  သည်။
အဆိုပါပြိုင်ပွဲကို   နိုဝင်ဘာ ၁၀ ရက်က ဗိုလ်လုပွဲများကျင်းပရာ Men's Sports Physique (Up to 175 Cm) ပြိုင်ပွဲ၌ မြန်မာမှ ငြိမ်းချမ်း က ပထမ ရွှေတံဆိပ်၊ ကိုရီးယား က   ဒုတိယငွေတံဆိပ်၊  အိန္ဒိယ  နိုင်ငံက   တတိယ  ကြေးတံဆိပ်၊  ၇၀ ကီလိုတန်းပြိုင်ပွဲ၌ ဗီယက်နမ် က   ပထမရွှေတံဆိပ်၊   မြန်မာမှ ရဲထွန်းနောင်က ဒုတိယ  ငွေတံဆိပ်၊ အိန္ဒိယနိုင်ငံက    တတိယ    ကြေး တံဆိပ် ရရှိခဲ့ကြသည်။   
အဆိုပါပြိုင်ပွဲသို့  မြန်မာနိုင်ငံ ကာယဗလနှင့်     ကာယကြံ့ခိုင်မှု  အားကစားအဖွဲ့ချုပ်      ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သန်း    ဦးဆောင်  ၍ အားကစားသမားများဖြစ်ကြ သည့် Men's Sports Physique (Up to 175 Cm) ပြိုင်ပွဲ၌ ငြိမ်းချမ်း၊ ၇၀   ကီလိုတန်းပြိုင်ပွဲ၌  ရဲထွန်း နောင်တို့    ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင်  နိုင်ငံပေါင်း ၄၈ နိုင်ငံမှ အားကစားသမားပေါင်း ၂၉၀   ခန့်    ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။    
အာကာစိုး
      


