(၁၄) ကြိမ်မြောက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ တက်ရောက်

 

(၁၄) ကြိမ်မြောက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု 
ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး 
အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်

 

နေပြည်တော်   ဇွန်   ၁၆


ဩစတြီးယားနိုင်ငံ  ဗီယင်နာမြို့ တွင် ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သည့်  (၁၄)   ကြိမ် မြောက်     ကုလသမဂ္ဂ    အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်း ရှင်း     အကောင်အထည်ဖော် ဆောင်မှု   ပြန်လည်သုံးသပ်ရေး လုပ်ငန်းအဖွဲ့     အစည်းအဝေး နှင့်   အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး  အစိုးရဌာနဆိုင်ရာ လုပ်ငန်းအဖွဲ့    အစည်းအဝေး များသို့      မြန်မာနိုင်ငံ    အဂတိ လိုက်စားမှု        တိုက်ဖျက်ရေး ကော်မရှင်  ဥက္ကဋ္ဌ    ဒေါက်တာ ဌေးအောင်      ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Online ဖြင့် တက်ရောက်သည်။

 


ဇွန် ၁၃ ရက်က ကျင်းပသည့် အစည်းအဝေး      ဒုတိယနေ့ သက်ဆိုင်ရာ      နိုင်ငံအလိုက် ဆွေးနွေးတင်ပြမှုအစီအစဉ်တွင် ကော်မရှင်ဥက္ကဋ္ဌ     ဒေါက်တာ ဌေးအောင်က  မြန်မာနိုင်ငံအနေ ဖြင့် ကွန်ဗင်းရှင်းအကောင်အထည် ဖော်ဆောင်မှု  ပြန်လည်သုံးသပ် ရေးလုပ်ငန်းစဉ် ပထမ စက်ဝန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အကြံပြုချက်များနှင့်အညီ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ကို  ခေတ်စနစ်နှင့်အညီ  ပြင်ဆင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊  သုံးသပ် ရေးလုပ်ငန်းစဉ်   ဒုတိယစက်ဝန်း ၏  အနှစ်ချုပ်အစီရင်ခံစာပါ အကြံ ပြုချက်များကိုလည်း အလေးထား ဆောင်ရွက်လျက်    ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

 


ဇွန် ၁၄ ရက်က ကျင်းပသည့် အစည်းအဝေး      တတိယနေ့ တွင်  ကော်မရှင်ဥက္ကဋ္ဌက  အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆောင်ရွက်မှုများနှင့်    အလေ့ အကျင့်ကောင်းများ    ခေါင်းစဉ် အောက်မှ    ပါဝင်ဆွေးနွေးခဲ့ရာ အဂတိလိုက်စားမှု     တားဆီး ကာကွယ်ရေးအတွက် ကော်မရှင် ရုံးအပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်း ၍    အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး    လုပ်ငန်းများကို ဆောင်ရွက်လျက်   ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး  အတွက် ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့်    အဂတိ လိုက်စားမှု  တိုက်ဖျက်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ် ကို    ထုတ်ပြန်ထားပါကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး  မဟာဗျူဟာစီမံ ချက် (၂၀၂၂-၂၀၂၅)  ကို  ရေးဆွဲ ၍     အဆိုပါ     စီမံချက်အပေါ် နှစ်အလိုက် လုပ်ငန်းစီမံချက်များ     ရေးဆွဲချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

 


ဇွန် ၁၅ ရက်က ကျင်းပသည့် အစည်းအဝေး   စတုတ္ထနေ့တွင် ကော်မရှင်ဥက္ကဋ္ဌက  မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း ၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးတွင် နိုင်ငံတကာအဖွဲ့အစည်း များ၊ ဒေသဆိုင်ရာအဖွဲ့အစည်း များ၊  ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး     အတွက်   နားလည်မှုစာချွန်လွှာများကို လက် မှတ်ရေးထိုး  ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊    မကြာမီအချိန်တွင်   ရုရှား    ဖက်ဒရေးရှင်းနိုင်ငံနှင့်  လက်မှတ်ရေးထိုးမည်    ဖြစ်ပါ ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ      အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ ဝင်  နိုင်ငံများနှင့်     ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်     ဖြစ်ပါ ကြောင်း၊   ကော်မရှင်အနေဖြင့် အများပြည်သူနှင့်    ဆက်သွယ် ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေး အတွက်  မြို့ကြီးများတွင်  ရုံးခွဲ များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ကြောင်း ဆွေးနွေးခဲ့သည်။

 


အစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များက ကုလသမဂ္ဂ   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UN-CAC)  အကောင်အထည်ဖော် ဆောင်မှုဆိုင်ရာ သတင်းအချက် အလက်များ၊   ကောင်းမွန်သည့် အလေ့အထများ၊   အတွေ့အကြုံ များ မျှဝေရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်  တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ချဉ်းကပ် ဆောင်ရွက်မှု    နည်းလမ်းများ၊ အဂတိလိုက်စားမှု     တားဆီး ကာကွယ်ရေးနှင့်  တိုက်ဖျက်ရေး တွင် စာရင်းစစ်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ခိုင်မာအားကောင်း ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနည်းလမ်းများ၊ မူဝါဒများ၏ အကျိုးသက်ရောက်မှု၊ ထိရောက်မှု တို့အပေါ် အကဲဖြတ်ဆန်းစစ်ရေး၊ ကြုံတွေ့ရသည့်     စိန်ခေါ်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြ သည်။

 


အစည်းအဝေးသို့ ကော်မရှင် ဥက္ကဋ္ဌ   ဒေါက်တာဌေးအောင်နှင့် ကော်မရှင်အဖွဲ့ဝင်များ    ဖြစ်ကြ သော ဦးသန်းစိုး၊ ဦးမောင်မောင် တင့်၊ ဦးဝင်းတည်နှင့် ဒေါက်တာ ထွန်းထွန်းဦးတို့က Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး ဗီယင် နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ     အဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သည့်    ကိုယ်စားလှယ် နှစ်ဦးတို့က အစည်းအဝေးခန်းမ အတွင်း ကိုယ်တိုင်တက်ရောက်ခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်