၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 

ဦးစွာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူများ၊ သတင်းမီဒီယာများအားလုံးနှင့် ကြည့်ရှုနေကြ သော တိုင်းရင်းသားပြည်သူအားလုံး နှစ်သစ်အခါသမယမှာ ကျန်းမာ ရွှင်လန်းကြပါစေဟု ဦးစွာမေတ္တာပို့သအပ်ပါကြောင်း၊ ယနေ့သတင်းစာ ရှင်းလင်းပွဲတွင်  ပြောကြားမည့်အကြောင်းအရာများမှာ  (၁) ကမ္ဘော ဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEM ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သောခရီးစဉ်၊ (၂) ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ၊ (၃) မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုဆောင်ရွက် ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာများ၊ (၄) ကိုဗစ်- ၁၉ ရောဂါ SARS-CoV-2 Variant Omicron ကိစ္စသတိပေးချက်များ၊  (၅) ပညာရေးဆိုင်ရာဆောင်ရွက်ချက်များ၊   (၆) NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏    အကြမ်းဖက်လုပ်ဆောင်ချက်များဖြစ် ကြောင်း၊ (၁)မှ (၆)အထိ မိမိအနေဖြင့် ရှင်းလင်းပြောပြသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်     ဦးခင်မောင်ဦးက ဆက်လက်   ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊   ထို့နောက် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍဖြစ်ကြောင်း၊ မေးခွန်း များမေးရာတွင်   စနစ်တကျဖြစ်စေရေးအတွက်  ယနေ့  သတင်းစာ ရှင်းလင်းပွဲမှစပြီး  အခမ်းအနားမှူးက  မီဒီယာအမည်အလိုက် ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာများအနေဖြင့် မေးခွန်း တစ်ခုစီ  မေးမြန်းပေးရန် ကြိုတင်မေတ္တာရပ်ခံလိုကြောင်း ပြောကြား သည်။

 


ပထမဦးဆုံးအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်၊   အာဆီယံအလှည့်ကျဥက္ကဋ္ဌ  Samdech Akka Moha Sena Padei Techo HUN SEM   ၏  မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ် လာရောက်လည်ပတ်မှုကို ပြောချင်ကြောင်း၊ မိမိတို့အနေဖြင့်   ကမ္ဘောဒီးယားနိုင်ငံအကြား   တရားဝင်   သံတမန် ဆက်ဆံရေးကို ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်က စတင်ထူထောင်ခဲ့ပြီး သံတမန်ဆက်ဆံမှုသက်တမ်း ၆၆ နှစ် ကြာမြင့်ပြီဖြစ်ကြောင်း ပြောကြား သည်။

 


မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ တတိယလှိုင်းကာလဖြစ်ချိန် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးက မြန်မာနိုင်ငံကိုလာရောက်ပြီး ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူလူထုက လှူဒါန်းသည့် ပစ္စည်းများနှင့်  ငွေများ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီ ပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန(AHA)က  လှူဒါန်းသော  အလှူငွေ များကို လာရောက်ပေးအပ်ခဲ့ဖူးကြောင်း၊ ယခုလာရောက်သည့် ခရီးစဉ် တွင်လည်း ကိုဗစ်-၁၉ ဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်


လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ် နှင့်ပတ်သက်၍ အမျိုးမျိုးဝေဖန်ကြမှုများရှိကြောင်း၊  မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်  အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၊   ဧရာဝတီ-ကျောက်ဖယား-မဲခေါင်  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာအသင်း၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့ စသည် တို့တွင် တူညီစွာ အဖွဲ့ဝင်ရောက်ထားသည့် နိုင်ငံများဖြစ်ကြောင်း၊ ထိုခရီးစဉ်နှင့် ပတ်သက်၍  နိုင်ငံတကာဖိအားများ လျော့ကျသလားဟု မေးမြန်းမှုလည်းရှိကြောင်း၊    နိုင်ငံတကာဖိအား    လျော့ကျလာခြင်း မဟုတ်ဘဲ ဖိအားပေးသည့်ဘက်က ဆက်လက် ဖိအားပေးနေမည်ဖြစ် ကြောင်း၊   ယခင်ကတည်းက   မြန်မာနိုင်ငံအပေါ်  မှန်မှန်ကန်ကန် သဘောထားရှိသည့်နိုင်ငံများ၊    မြန်မာနိုင်ငံအပေါ်   ရပ်တည်ချက် မှန်ကန်သောနိုင်ငံများက   မြန်မာနိုင်ငံကို    ကမ္ဘာ့အခန်းကဏ္ဍတွင် ပြန်လည်မြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခင်ကတည်းက ဖိအားပေး နေသည့်သူများကတော့ ဖိအားဆက်ပေးနေမည် ဖြစ်ကြောင်း၊ နိုင်ငံကို မြှင့်တင်ပေးလိုသူကတော့   မြှင့်တင်ပေးမည်ဖြစ်သည်ကို   ပြောလို ကြောင်း၊  ဖိအားကြောင့် ပိပြားကြကြေးဆိုပါက  ဖိအားပေးတိုင်း မြန်မာနိုင်ငံသည် ပိရမည်၊ ပြားရမည်  ဆိုပါက  မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် လွတ်လပ်ရေးရခဲ့မည်မဟုတ်သည့်အပြင် မြန်မာနိုင်ငံ၏မြေပုံသည် လက်ရှိအနေအထားအတိုင်း ဆက်ရှိနေစရာ အကြောင်းမရှိကြောင်း၊  Glob‌alization  ခေတ်တွင်  တစ်နိုင်ငံနှင့် တစ်နိုင်ငံ  အပြန်အလှန်  ကူးလူးဆက်ဆံကြကြောင်း၊   ကိုယ့်နိုင်ငံ အတွက် အကျိုးရှိမည့်၊  မိမိနိုင်ငံအပေါ်  မှန်ကန်စွာရှုမြင်နိုင်သည့် နိုင်ငံများကို ပိုမိုဆက်ဆံသွားမည်သာဖြစ်ကြောင်း၊ ထိုအချက်မှာ လက်တွေ့ကျသော  Reality  ဖြစ်သည့်  ခရီးလမ်းသာဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံကို ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ လာရောက်ခဲ့သော ခရီးစဉ်တွင် ကောင်းမွန်ထူးခြားသည့်ရလဒ်များ ရရှိခဲ့ကြောင်း၊ ခရီးစဉ် နှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 


အပစ်အခတ်ရပ်စဲကြောင်း ကြေညာ


မြန်မာနိုင်ငံအစိုးရအနေဖြင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပစ် အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ထပ်မံ တိုးမြှင့်သွားရန်လည်း သဘောတူခဲ့ကြောင်း၊ သက်ဆိုင်သူများအားလုံး အနေဖြင့်  နိုင်ငံနှင့်ပြည်သူများ၏  အကျိုးစီးပွားကို  ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကိုလက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှထိန်းသိမ်းရန် တောင်းဆိုခဲ့ကြောင်း၊ တိုင်းရင်းသား    လက်နက်ကိုင်အဖွဲ့အစည်းများနှင့်   အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ်၏ ပါဝင်မှုကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုခဲ့ကြောင်း၊ နှစ်ဖက်ခေါင်းဆောင်များသည် ပြည်သူများအတွက် လူသားချင်းစာနာ ကူညီပံ့ပိုးမှုများ ပေးအပ်ရာတွင် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရန်အတွက်   အာဆီယံဥက္ကဋ္ဌ၏    အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊  AHA စင်တာမှ   ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်     သက်ဆိုင်ရာ     ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းကဲ့သို့ သက်ဆိုင်သူများအကြား အစည်း အဝေးတစ်ရပ်ကျင်းပရေးအတွက်   အားပေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်း စာနာမှု အကူအညီများကို ခွဲခြားမှုမရှိဘဲ ပေးအပ်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် သင့်လျော်သည့်  ယန္တရားများနှင့် အစီအစဉ်များကို  ထပ်မံဆောင်ရွက်သွားရန် အရေးကြီးကြောင်းနှင့် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံးကိစ္စဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အသိအမှတ် ပြုခဲ့ကြကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း  ကိုဗစ်-၁၉ နှင့်ပတ်သက်သည့်  ကာကွယ်ဆေးများ၊ အကူအညီများကို မြန်မာနိုင်ငံအတွင်း၌  မည်သည့်နေရာ၊ မည်သည့် ဒေသကိုမဆို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn(ဖရက်ဆုတ်ခွန်း)ကို  အာဆီယံဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ်အဖြစ်   ခန့်အပ်မည့် အပေါ်  ကြိုဆိုကြောင်းနှင့်   အာဆီယံ  ပဋိညာဉ်စာတမ်းနှင့်အညီ   အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်နိုင်ရေးကို အပြည့် အဝ  ပံ့ပိုးသွားမည်ဆိုသည်ကို  ဆွေးနွေးနိုင်ခဲ့ကြောင်း၊  ကမ္ဘော ဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံ များနှင့် သင်ခန်းစာများအပေါ်  အခြေခံပြီး  သက်ဆိုင်ရာအဖွဲ့အစည်း များအားလုံး၏  ပူးပေါင်းပါဝင်မှု၊  သဘောတူညီမှု၊ အလုံးစုံငြိမ်းချမ်းရေး နှင့်  အမျိုးသားပြန်လည်သင့်မြတ်ရေးကို  ဖော်ဆောင်နိုင်ရေးကိုလည်း အလေးထားပြောကြားခဲ့ကြောင်း၊  အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိပြည်တွင်းအခြေအနေများ ကို ထည့်သွင်းစဉ်းစားလျက်  သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံနိုင်ရေးကို ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

 


နိုင်ငံတကာနှင့်  ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေး


မိမိတို့နိုင်ငံအနေဖြင့်  နိုင်ငံတကာနှင့်  ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေး၌ သက်ရောက်မှုရှိလာနိုင်သော ပြင်ပအကြောင်းတရား များကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင် ဘာ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံက ပြဋ္ဌာန်းလိုက်သော အမျိုးသား ကာကွယ်ရေးဥပဒေ (National Defence Authorization Act-NDAA)သည် ယင်းနိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်ကို ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်မှုရှိကြောင်း၊ ထိုသို့ ကာကွယ်ရေးဘတ်ဂျက်တိုးမြှင့်ရာတွင်  ၎င်းတို့အနေဖြင့်  အင်ဒို-ပစိဖိတ်ဒေသ အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံကို အသုံးပြုမည် ဟု  သတ်မှတ်လိုက်ကြောင်း၊ ယခင်က ၎င်းတို့အလေးပေးခဲ့သော ယူကရိန်းနိုင်ငံကိစ္စကို ၀  ဒသမ ၃ ဘီလီယံသာ သုံးစွဲရန်စီစဉ်ထား ကြောင်း၊ ဥရောပတိုက်အတွက်ကိုမူ ၄ ဘီလီယံသာ သုံးစွဲရန်စီစဉ်ထား ကြောင်း၊ ထို့ကြောင့် အမေရိကန်အနေဖြင့် ယခုအချိန်တွင် မည်သည့် ဒေသကို စိတ်အဝင်စားဆုံးလဲ၊ မည်သည့်ဒေသကို  အာရုံ အကျဆုံး လဲကို သိသာကြောင်း၊ အင်ဒို- ပစိဖိတ်ဒေသအတွက် ၇ ဘီလီယံ သုံးစွဲမှုသည်  တရုတ်နိုင်ငံကို ထိန်းချုပ်ရန်သာ အဓိကဟု ပြောချင် ကြောင်း၊ ယူကရိန်းနှင့် ဥရောပတစ်ခုလုံးမှ ၄ ဒသမ ၃ ဘီလီယံသာရှိပြီး အင်ဒို- ပစိဖိတ်အတွက် သုံးစွဲမှုကို  မမီကြောင်း၊ အင်ဒို-ပစိဖိတ်ရပ်ဝန်း ဒေသကို အင်အားကြီးနိုင်ငံများ တစ်နေ့တခြား အားပြိုင်လုပ်ဆောင် နေမှုများကို  တွေ့ရကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံများတွင်လည်း အကျိုးသက်ရောက်မှုရှိကြောင်း၊ ထို့ကြောင့် လွှမ်းမိုးလိုသောနိုင်ငံကြီး များ အပြိုင်အဆိုင်လုပ်နေသည်မှာ မဆန်းပါကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံ တို့သည်    သုံးနိုင်ငံပါဝင်သည့် လုံခြုံရေးဆိုင်ရာမဟာမိတ်(AUKUS) အဖွဲ့အစည်းကိုလည်း ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ ထိုသို့ဖွဲ့စည်းပြီး နောက် ငွေကြေးကိစ္စများ ပါဝင်လာခြင်းဖြစ်ကြောင်း၊ ထို့အပြင် ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့သော QUAD ဆိုသည့် အဖွဲ့အစည်းလည်းရှိကြောင်း၊ ဒေသတွင်းနိုင်ငံများအပေါ်   လွှမ်းမိုးမှုရှိရန်နှင့်  တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားသည့်သဘောဖြစ်သည်ဟု အများစုက သုံးသပ်ထားကြောင်း၊ အမေရိကန်နိုင်ငံသည် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးဆိုသော အရာများကို    အသုံးချပြီး  ၎င်းနှင့် သဘောထား  တိုက်ဆိုင်မှုမရှိသည့်    နိုင်ငံများအပေါ်   လွှမ်းမိုးထိန်းချုပ်ရန်နှင့် ပြည်တွင်းရေးကိစ္စများတွင်  Double   Standard  ဟုခေါ်သည့် လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒများကျင့်သုံး၍ နည်းလမ်းပေါင်းစုံနှင့် စွက်ဖက်နိုင်ရန် ပြင်ဆင်လုပ်ဆောင်နေသည်ကိုလည်း သုံးသပ်ထား ကြောင်း၊ မိမိတို့နိုင်ငံသည်  တရုတ်နိုင်ငံနှင့်  အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကောင်းမွန်သော ဆက်ဆံရေးရှိသော နိုင်ငံလည်းဖြစ် ကြောင်း၊ မဟာမိတ်နိုင်ငံလည်းဖြစ်ကြောင်း၊  ထိုအကျိုးသက်ရောက်မှု များသည် မိမိတို့နိုင်ငံကိုလည်း သက်ရောက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကို အာဆီယံ မျက်နှာစာဘက်လှည့်၍ ဖိအား ပေးနိုင်ရန် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများက ၎င်းတို့နှင့်အကျိုးတူ ဒေသတွင်းနိုင်ငံများကို  မကြာခဏလာရောက်နေသည်ကို  တွေ့ရ မည်ဖြစ်ကြောင်း၊ အကြောင်းမဲ့ ငွေကုန်ခံ၊ အချိန်ကုန်ခံ၍ မည်သူမှ မလာကြောင်း၊ ၎င်း၏နိုင်ငံအကျိုးစီးပွားအတွက်  ၎င်းတို့လုပ်နေ ကြခြင်းဖြစ်သည်ဟု ပြောလိုကြောင်း ပြောကြားသည်။

 


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ ထိုအချိန်က  တပ်မတော်အစိုးရခေတ်ဖြစ် ကြောင်း၊  တစ်နိုင်ငံလုံး  စစ်အုပ်ချုပ်ရေး  (Military Law)ဖြင့် အုပ်ချုပ်နေသည့်ခေတ်ဖြစ်ကြောင်း၊  ယခု  မဲမသမာမှုကြောင့် နိုင်ငံတော် တာဝန်ကို တပ်မတော်အနေဖြင့် ခေတ္တထိန်းသိမ်းထားရကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်နေခြင်းဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ရှေ့လုပ်ငန်းစဉ်(၅)ရပ်၌ ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၁၃ နှစ်တာကာလအတွင်း၌ အာဆီယံအဖွဲ့ကြီးနှင့် လက်တွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကာလတွင် အာဆီယံထဲ၌ မြန်မာ့အရေးရပ်တည်ချက်နှင့်ပတ်သက်ပြီး ကန့်ကွက်နေကြခြင်းသည် ပြင်ပဖိအား (မိမိပြောခဲ့သည့်အကြောင်းအရာများ)၊ နောက်ခံအကြောင်းတရားနှင့် နိုင်ငံရေးရည်မှန်းချက်များကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံကို နိုင်ငံအနေဖြင့် ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ကိုယ်စားပြု မှုကို လေးစားရန် လိုအပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ တန်းတူရည်တူရှိရေး သဘောတရားကို ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ(၁)တွင် “ကုလသမဂ္ဂသည်  အဖွဲ့ဝင်အားလုံး၏ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှုအပေါ်တွင် အခြေခံသည်” ဟု ဖော်ပြထားကြောင်း၊ ထို့ကြောင့် အချုပ်အခြာအာဏာကို အသိ အမှတ်မပြုလျှင် နိုင်ငံအချင်းချင်း လွတ်လပ်စွာပူးပေါင်းဆောင်ရွက် မှု  ရှိမည်မဟုတ်သည့်အပြင်  အပြည်ပြည်ဆိုင်ရာဥပဒေလည်း   ရှိနိုင် မည်မဟုတ်ကြောင်း၊ အလားတူ  အာဆီယံသည် အစိုးရမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံအားလုံး     တန်းတူရည်တူ    အခွင့်အရေးရှိကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ရေး  မူဝါဒရှိကြောင်း၊  အားလုံးသဘော တူညီမှသာ ဆုံးဖြတ်ချက် ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် အာဆီယံတွင် အဆိုပြုချက်၊ အကြံပြုချက်ကို အလေးထားမည် ဖြစ်သော်လည်း ပဋိညာဉ်စာတမ်းပါ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများမှ  သွေဖည်မည့် လုပ်ဆောင်ချက်များကို မိမိတို့၏ မှန်ကန်သည့်ဘက် မှသာ ရပ်တည်ဆောင်ရွက်  ရွေးချယ်သွားမည်ကို   ပြောကြားလို ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီဖြစ်သည့်အတွက် မှန်ကန်မျှတသော စွမ်းဆောင် ချက်များနှင့်အတူ အာဆီယံအသင်းကြီး၏ အောင်မြင်မှု အရပ်ရပ်ကို စွမ်းဆောင်နိုင်မည်ဟု  မိမိတို့နိုင်ငံအနေဖြင့်  အထူးယုံကြည်မိပါ ကြောင်း၊ အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံ လူမှု-ယဉ်ကျေးမှု  အသိုက်အဝန်းဟူသော  မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်အတွက် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံသည်  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ  ပူးပေါင်းဆောင်ရွက်သွားမည်ဟု   ပြောလိုကြောင်း ပြောကြားသည်။

 


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်


ဆက်လက်၍       ဒုတိယအချက်အနေဖြင့်    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို  ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ  စိန်ရတု   ပြည်ထောင်စုနေ့ဖြစ်ပြီး   ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် ယခုနှစ်ဟာ   စိန်ရတု အကြိုကာလဖြစ်ပါတယ်။ ဒါကြောင့် ၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ပိုမိုခိုင်မာ စေဖို့၊  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း   အသီးအပွင့်များနဲ့  ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်း သစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ စတုတ္ထ အချက်ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေးအတွက်  ဆွေးနွေးဖို့  ဖိတ်ခေါ်ပါတယ်”ဟု ပြောကြားချက်သည် မိမိတို့အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်လာလျှင် ဖြစ်နိုင်သမျှ  လမ်းကြောင်းမှန်သမျှဖြင့်  လမ်းဖွင့်ထား လျက်ရှိကြောင်း၊ နိုင်ငံတော်၏   အချုပ်အခြာအာဏာ  ပိုမိုတည်တံ့ ခိုင်မြဲစေရန်နှင့် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်များ ပြည့်စုံစေရန်၊ ခံစားနိုင်စေရန် အခြေခံလိုအပ်ချက်သည် ငြိမ်းချမ်းရေး သာဖြစ်ကြောင်း၊    မိမိတို့နိုင်ငံ    လွတ်လပ်ရေးရပြီးကတည်းက   ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်      ရင်ဆိုင်ခဲ့ရကြောင်း၊ ထိုအချက်များကြောင့်     ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရကြောင်း၊  မကုန်သင့်သည့်အင်အားများ၊ မကုန်သင့်သည့်စွမ်းအားများ၊  မကုန် သင့်သည့်အချိန်များ  ကုန်ခဲ့ရကြောင်း၊ ထို့ကြောင့် ယင်းအချက်များကို ယခုနှစ်အတွင်း၌ မိမိတို့ပြုပြင်နိုင်ရန်   ကြိုးစားမည်ဖြစ်ကြောင်း၊  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊  ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို အဆင့်တစ်ခုအထိရောက်အောင် မိမိတို့ ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ထိုငြိမ်းချမ်းရေးက ရရှိလာသော စုစည်း အင်အားကို ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုကြမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ    မိမိတို့အစိုးရအနေဖြင့်   လုပ်ဆောင်နေမှုများကို   ပြောကြားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


အစိုးရအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁၇ ရက်တွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီတွင်    နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌဖြစ်ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့် မတ်လ ၃ ရက်က ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မူဝါဒ(၄)ခု ချမှတ်ခဲ့ ကြောင်း၊ ထိုအရာများသည် (၁)နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုးနှင့်  ပြည်သူ ပြည်သားအားလုံး   လိုလားတောင့်တနေသော  ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန်၊ (၂) တရားဝင်ဆွေးနွေးမှုများကိုလည်း  လိုအပ် သလို   ညှိနှိုင်းဆောင်ရွက်သွားရန်၊ (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးအတွက် Bilateral  ဆွေးနွေးပွဲများကို   သတ်မှတ်ချက်နှင့် အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ (၄) NCA အရ တရားဝင်အစည်း အဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ  ၂၈ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ ကြောင်း၊   ထိုအချက်သည်  ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှု အပြီး နှစ်နိုင်ငံ သဘောတူထုတ်ပြန်ချက်အရ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်မှ ဒီဇင်ဘာ လ ၂၇ ရက် အထိ NCA လက်မှတ်ရေးထိုးပြီးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA ရေးထိုးထားခြင်း မပြုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၆ ကြိမ်၊  ဘာသာရေးခေါင်းဆောင်များ၊   ငြိမ်းချမ်းရေး  အကျိုးဆောင်အဖွဲ့ များနှင့် ၂ ကြိမ်   စုစုပေါင်း   ၃၃  ကြိမ်    တွေ့ဆုံခဲ့ပြီး   NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  ဖော်ဆောင် နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ နောက်ဆုံးတွေ့ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု    ညှိနှိုင်းရေးကော်မတီနှင့်   NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ်(ULA/AA)၊    တအာင်းအမျိုးသား    လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ  ကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်နက်ကိုင် ပဋိပက္ခများလျှော့ချရေး၊  ဆက်လက်ဆောင်ရွက်ကြမည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စ ရပ်များအား အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၀ ပြည့်နှစ်   ရွေးကောက်ပွဲ၌ NLD  ပါတီ၏   မဲမသမာမှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများက ညှိနှိုင်းဆွေးနွေး အဖြေရှာရန် အတွက် နည်းလမ်းပေါင်းစုံနှင့် ကြိုးစားခဲ့သော်လည်း လက်ခံခြင်းမရှိ သည့်အတွက် တပ်မတော်က  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ နိုင်ငံတော်တွင်  နိုင်ငံရေးအရ  အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ကြောင်း၊ ထိုအခြေအနေအပေါ် NLD ပါတီဝင် အစွန်းရောက်များနှင့် တရားမဝင်ဖွဲ့စည်းထားသော CRPH၊ NUG ကဲ့သို့သော  အဖွဲ့အစည်းတို့၏  သွေးထိုးလှုံ့ဆော်မှု ကြောင့်  ပေါ်ပေါက်လာသည့်  PDF  အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် မရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များကို  အချို့ EAO များက သင်တန်းပေး၊ လက်နက်ထောက်ပံ့မှုများ လုပ်ဆောင် နေမည်ဆိုပါ NCA ဆိုသည့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်ပြီး တစ်နိုင်ငံလုံးမှပြည်သူများ  လိုလားသည့် ထာဝရငြိမ်းချမ်းရေးနှင့် ဆန့်ကျင်သည့်  လုပ်ရပ်ဖြစ်မည်ကို  သတိပြုရန်  လိုအပ်သည်ကို ပြောလိုကြောင်း ပြောကြားသည်။

 


မိမိတို့အစိုးရအနေဖြင့်     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာလာစေရေး၊ NCA လက်မှတ် မရေးထိုးရသေး သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA ၌ ပါဝင် လက်မှတ်ရေးထိုးလာစေရေးတို့မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ပေးထားသော အချိန်ဇယားများအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးက မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်း ရေးကို အဆင့်တစ်ခုအထိရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။

 


တတိယအချက်ဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာနှင့်ပတ်သက်ပြီး ပြောကြားသွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့ပြီး  ယနေ့ဆိုလျှင်  ၇၁  နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊   ၇၁ နှစ်  သံတမန်ဆက်ဆံရေးကာလအတွင်း   နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းမှုများကို  တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

 


တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု


မိမိတို့အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု၌ ချစ်ကြည်ရင်းနှီးမှုကို  အမြဲတန်ဖိုးထား  လေးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်ပြီး စိုက်ပျိုး/မွေးမြူရေးကို အဓိကထား လုပ်ကိုင်နေသူများဖြစ် ကြောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှုလုပ်ငန်းကိုသာ ကျယ်ပြန့်စွာ  ပိုမို လုပ်ကိုင်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးအတွက် ကောင်းမွန် သည့် ရလဒ်များကိုသာ ရရှိမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံနှင့်  မြန်မာနိုင်ငံအကြား၌ ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုများသည် အနည်းငယ်နှောင့်နှေး မှုများရှိကြောင်း၊ ၁၁-၁-၂၀၂၂ ရက်မှစ၍  မူဆယ်နယ်စပ်ကုန်သွယ် မှုတွင် ပို့ကုန် ၇ မျိုးနှင့် သွင်းကုန် ၃၁ မျိုးတို့ကို ဘဏ်စနစ်ဖြင့်သာ ပေးချေ တင်ပို့/တင်သွင်းခွင့်ပြုနေပြီဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ငွေသားပေးချေမှုနေရာ၌ မြန်မာဘဏ်နှင့် တရုတ်ဘဏ်  တစ်ခုနှင့် တစ်ခု ယွမ်/ကျပ် တိုက်ရိုက်ဖလှယ် သုံးစွဲကြရမည်ဖြစ်ပြီး ဘဏ်စနစ် ဖြင့် ဆောင်ရွက်မှု အဆင်ပြေလာပြီဆိုပါက နောက်ပိုင်းတွင် ပို့ကုန်၊ သွင်းကုန်အားလုံးကို ဘဏ်စနစ်ဖြင့်သာ ကုန်သွယ်မှုပြုလုပ်တော့မည် ဖြစ်ကြောင်း၊  ယခုအချိန်တွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များတွင်လည်း နယ်စပ်ဂိတ်များစတင်၍  ပြန်လည်ဖွင့်လှစ်လာခဲ့ ကြောင်း၊ ထိုသို့ ဖွင့်လှစ်လာရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့်    ကုန်စည်စီးဆင်းမှု   မြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့်  စာရင်းရှင်းလင်းမှုစနစ်   လွယ်ကူချောမွေ့ စေရန်၊ အမေရိကန်ဒေါ်လာအပေါ်မှီခိုမှုနှင့် Exchange Rate Risk များကို လျှော့ချနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်  ရက်စွဲပါ   အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၁ ဖြင့်   တရုတ်-မြန်မာ    နှစ်နိုင်ငံနယ်စပ်ဒေသတွင်    ယွမ်နှင့်ကျပ် တိုက်ရိုက်အသုံးပြု   ပေးချေမှုကို    ဆောင်ရွက်ခွင့်ပြုကြောင်းကို   ထုတ်ပြန်လိုက်ကြောင်း၊ နိုင်ငံတော်၏  အခွန်ရငွေများကို   တရားဝင် ဘဏ်လမ်းကြောင်း    အသုံးပြု၍     ယွမ်နှင့်ကျပ် တိုက်ရိုက်လဲလှယ်   အသုံးပြုမှုမှ  မှန်မှန်ကန်ကန် ရရှိနိုင်စေခြင်း၊ ယွမ်နှင့်ကျပ် နှစ်နိုင်ငံ တိုက်ရိုက်အသုံးပြု    ပေးချေနိုင်ခြင်းကြောင့်    ငွေကြေးပူးပေါင်း ဆောင်ရွက်မှု တိုးမြင့်လာနိုင်ပြီး ဒေသတွင်း စီးပွားရေးစနစ်လည်း တိုးမြင့်လာကာ နှစ်နိုင်ငံအတွက် မှတ်တိုင်တစ်ခု စိုက်ထူလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားသည်။

 


ကိုဗစ်-၁၉ ကာကွယ်ရေး


စတုတ္ထအချက်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့်  ပတ်သက်ပြီး ဆက်လက် ပြောကြားသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင် တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ စတင်တွေ့ရှိရကြောင်း၊   ကိုဗစ်-၁၉   ရောဂါ၏   မျိုးစိတ်ကွဲများ တွေ့ရှိမှုဖြင့်ဆိုပါက ၂ နှစ်ကျော်ကာလ ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် လည်း ကမ္ဘာ့စီးပွားရေး၊ လူမှုရေးအခြေအနေများအပေါ် ဆုတ်ယုတ် စေသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင်  စစ်ဆေးခဲ့သူများအနက် ၄၁ ရာခိုင်နှုန်းဖြင့် ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်ကြောင်း၊ ယခု ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကိုဗစ်- ၁၉ ရောဂါ၏ မျိုးကွဲသစ်  အိုမီခရွန်ကို တွေ့ရှိနေရပြီ   ဖြစ်ကြောင်း၊   ပညာရှင်များက   ပြောပြသည်မှာ ဒယ်လ်တာကဲ့သို့  ရောဂါပြင်းထန်မှုက ကြောက်ဖို့မကောင်းဘူးဟု ပြောကြကြောင်း၊   သို့သော်   ကူးစက်မှုမှာ   ဒယ်လ်တာမျိုးကွဲကို အိုမီခရွန်မျိုးကွဲက ကျော်တက်နေပြီဖြစ်ကြောင်း၊ ယခု မိမိတို့ နိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံများတွင် တွေ့သလို ဒေသတွင်းနိုင်ငံများတွင်လည်း အိုမီခရွန်ပိုးကို   တွေ့နေရပြီဖြစ်ကြောင်း၊ ၁၁-၁-၂၀၂၂  ရက်အထိ အိမ်နီးချင်းတွင် ထိုင်းက ၅၃၉၇ ဦး(ငါးထောင့်လေးရာနီးပါး)၊ အိန္ဒိယ က ၄၄၆၁ ဦး(လေးထောင့် လေးရာကျော်)၊ ဒေသတွင်းနိုင်ငံများထဲမှ စင်ကာပူက ၅၃၅ ဦး(ငါးရာ့ သုံးဆယ်ကျော်)၊ အင်ဒိုနီးရှားက ၃၃၇ ဦး (သုံးရာ့ လေးဆယ်နီးပါး)၊ မိမိတို့နိုင်ငံ၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ  ပြန်ဝင်လာသော မြန်မာ နိုင်ငံသား ၄ ဦး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင်  ယူအေအီးနိုင်ငံမှ  ၈ ဦး၊   မလေးရှားနိုင်ငံမှ  ၃ ဦး၊   အိန္ဒိယနိုင်ငံမှ ၁ ဦး စုစုပေါင်း ပြည်ပမှပြန်ဝင်လာသူ ၁၂ ဦး၊    ၁၁-၁-၂၀၂၂   ရက်တွင်   အိန္ဒိယမှ  ပြန်ဝင်လာသူ  ၃ ဦးနှင့် ၁၂-၁-၂၀၂၂ ရက်တွင် အိန္ဒိယမှ ပြန်ဝင်လာသူ ၂ ဦး၊ ၁၃-၁-၂၀၂၂ ရက်တွင် အိန္ဒိယ၊ ယူအေအီး၊ မလေးရှားနှင့် ထိုင်း နိုင်ငံတို့မှ    ပြန်လည်ဝင်ရောက်လာသူ   ၄၂   ဦး   ထပ်မံတွေ့ရှိရပြီး စုစုပေါင်း ၆၃ ဦးထိ  တွေ့ရှိရပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အိုမီခရွန် မျိုးကွဲ  တွေ့ရှိမှုနှင့်အတူ   ရောဂါဖြစ်ပွားမှုမြင့်တက်လာ၍  စိုးရိမ်မှု အခြေအနေကို အဆင့်(၄)အထိ သတ်မှတ်ထားကြောင်း၊ ကူးစက်မှု လွန်စွာမြန်ဆန်၍  အန္တရာယ်ရှိသောနေရာများကို  ပိတ်ပင်ခြင်း၊ ကိုဗစ်-၁၉ စည်းကမ်းချက်များ တင်းကျပ်ခြင်းတို့ကို ပိုမိုလုပ်ဆောင် လာနေခြင်းအား  တွေ့ရှိနေရပြီဖြစ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ်တွင် ၃-၁-၂၀၂၂ တစ်ရက်တည်းတွင် ပိုးတွေ့ရှိမှု ၇၇၅ ဦးရှိပြီး ၎င်းတို့နိုင်ငံ ၏ ရက်ပေါင်း ၈၉ ရက်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိသွား ကြောင်း၊ ထို့ကြောင့် ကန့်သတ်တားမြစ်မှုများ ပိုလုပ်လာကြကြောင်း၊ အိန္ဒိယနိုင်ငံတွင် လူဦးရေထူထပ်သည့် မြို့ကြီးများမှတစ်ဆင့် တစ်နိုင်ငံ လုံးကို ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အချို့မြို့ကြီးများတွင် ညမထွက်ရအမိန့်/ စနေ၊ တနင်္ဂနွေအပြင်ထွက်မှု တားမြစ်ချက်များ ချမှတ်၍ ထိန်းချုပ်နေရမှုများရှိကြောင်း၊  ကိုဗစ်-၁၉   ရောဂါသည်  လှိုင်းအသွင်ဖြင့် ဖြစ်နေခြင်းဖြစ်ကြောင်း၊ အိုမီခရွန်သည် ကူးစက်ခံရသူ အများစုက ရောဂါလက္ခဏာ အနည်းငယ်သာပြခြင်း၊ သို့မဟုတ် လုံးဝ  ရောဂါလက္ခဏာမပြသည့် အခြေအနေမှ  ကူးစက်ခြင်းဖြစ်ကြောင်း၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  အိုမီခရွန်မျိုးကွဲသစ်  ပေါ်ထွက်လာ မှုနှင့်အတူ   အားဖြည့်ကာကွယ်ဆေး   (Booster dose)ထိုးနှံရန် လိုအပ်ကြောင်းကို အဆိုပြုထားကြောင်း၊ အထူးသဖြင့်  ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်လာပါက ကိုယ်ခံစွမ်းအား  မြင့်မားစွာရရှိထား သည့်အခြေအနေတွင် ကူးစက်ခံရမှုဖြစ်ပွားရန်  မလွယ်ကူကြောင်း၊ အားဖြည့်ကာကွယ်ဆေး ထိုးနှံထားမည်ဆိုပါက ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကို  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့်  အိုမီခရွန် မျိုးကွဲသစ်နှင့်ပတ်သက်၍ အထူးဂရုပြု  အလေးထားဖို့လိုအပ်မည်ကို ပြောလိုကြောင်း၊ မိမိတို့ကျန်းမာသန်စွမ်းစွာဖြင့် အသက်ရှင်နေထိုင် နိုင်ရေးထက်   ဘာမှအရေးမကြီးသည့်အတွက်   ကိုယ်စီအသိရှိရန်  လိုအပ်မည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံတွင်  ကိုဗစ်တတိယလှိုင်း၌ မေလက  အိန္ဒိယနိုင်ငံတွင်ဖြစ်ခဲ့ပြီး  ကြိုတင်သတိပေးမှုများလုပ်ခဲ့ သော်လည်း  ဝင်ထွက်မှုများကို   ကန့်သတ်နိုင်မှုမရှိခြင်း၊ စည်းကမ်း လိုက်နာမှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခြင်းကြောင့် ဇူလိုင်လ တွင် မြန်မာနိုင်ငံ၌ တတိယလှိုင်းကို မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့သည် မှာ အားလုံးအမြင်ဖြစ်ကြောင်း၊ ပြည်သူလူထု၊ တပ်မတော်၊ နိုင်ငံတော် အစိုးရ၊ လူမှုအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့ရကြောင်း၊ ယခု စတုတ္ထလှိုင်းသည်လည်း အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေပြီဖြစ်ကြောင်း၊  ထို့ကြောင့်   ပိုမိုဂရုပြုကြရန်၊ မြန်မာ နိုင်ငံအတွင်း၌လည်း    ပြည်ပမှဝင်ရောက်သည့်လူများ   ရှိကြောင်း၊ ထိုကိစ္စများကို ပိုမိုသတိပြုကြရန်အတွက် ယခု သတင်းစာရှင်းလင်း ပွဲမှ တိုင်းရင်းသားပြည်သူအားလုံးကို မေတ္တာရပ်ခံကြောင်း၊ ကိုဗစ် စည်းကမ်းများနှင့်အညီနေထိုင်ရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြား သည်။    

                                            
ဆက်လက်ဖော်ပြပါမည်