၁၃၈၄ ခုနှစ်(၂၀၂၂ ခုနှစ်)၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာချက်

 

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌ ၇-၆-၂၀၂၂(အင်္ဂါ)နေ့မှ ၁၁-၆-၂၀၂၂(စနေ)နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
၂။    ယင်းစာမေးပွဲတွင်   ဝင်ရောက်ဖြေဆိုရန်  စာရင်းသွင်းထားသည့် ပုဂ္ဂိုလ်ဦးရေ(၁၆၉၉၈)ပါးရှိပြီး ဖြေဆိုသည့်  ပုဂ္ဂိုလ်ဦးရေမှာ (၁၁၉၅၂) ပါးဖြစ်၍   ကျမ်းစဉ်အလိုက်   အောင်မြင်သူဦးရေ  စုစုပေါင်းမှာ (၅၃၂၃)ပါး ဖြစ်ရာ (၄၄.၅၄) ရာခိုင်နှုန်း အောင်မြင်ကြပါသည်။
၃။    အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနိယပိဋက) ဝိနည်းငါးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် (၉၂၉)ပါး၊ လေးကျမ်းအောင်(၆၄၅)ပါး၊ သုံးကျမ်းအောင်(၅၆၅)ပါး၊ နှစ်ကျမ်းအောင် (၄၃၈)ပါး၊ တစ်ကျမ်း အောင်(၉၄၃)ပါး တို့ဖြစ်ပါသည်။ ဝိနည်းငါးကျမ်းအောင်(၉၂၉)ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ၊ သီလရှင် ပထမရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
    (က)    ခုံအမှတ် မင်္ဂလာ/၁၂၇၊ ရှင်ဇနက၊ အသက်(၁၇)နှစ်၊ အဘ ဦးနန်းထွန်း၊ သံဖြူဇရပ်မြို့၊ တိပိဋကမဟာဂန္ဓာရုံကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။(ပထမ)
    ( ခ)    ခုံအမှတ် မရ/၅၉၊ ရှင်သုတာနန္ဒ၊ အသက်(၁၈)နှစ်၊ အဘ ဦးချစ်ထွေး၊ ဒုံဝန်းရွာ၊ သထုံမြို့၊ တိပိဋကမဟာဂန္ဓရုံကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ဒုတိယ)
    ( ဂ)    ခုံအမှတ် စက/၇၆၊ ရှင်နန္ဒမာလာ၊ အသက်(၁၉)နှစ်၊ ဦးနိုင်ဝင်း၊ ကသစ်စုရွာ၊ မအူပင်မြို့၊ မြစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။(တတိယ)
    (ဃ)    သီလရှင်  ပထမ ခုံအမှတ်  ပသက/၁၈၃၊ မသုမာလာ၊  အသက်(၂၃)နှစ်၊ အဘ ဦးလှမင်း၊ ကြက်ရိုးရွာ၊ ဂန့်ဂေါမြို့၊ ချမ်းမြရံသီပရိယတ္တိ(သီ)စာသင်တိုက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး။
၄။    အုပ်စု(၂) ဒိဃနိကာယ(သုတ္တန္တပိဋက)  သုံးကျမ်းဖြေဆိုကြသော  ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၂၇၃)ပါး၊ နှစ်ကျမ်းအောင်(၅၄၅)ပါး၊ တစ်ကျမ်းအောင်(၁၀၃)ပါး တို့ဖြစ်ပါသည်။ သုံးကျမ်းအောင်(၂၇၃)ပါး အနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ခုံအမှတ် ရက/၃၊  အရှင်ဝိသုတ၊   အသက်(၂၅)နှစ်၊   အဘ ဦးညွန့်မောင်၊ ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။(ပထမ)
    ( ခ)    ခုံအမှတ် ပူရ/၇၊ အရှင်အာလောကာလင်္ကာရ၊ အသက်(၂၉)နှစ်၊ အဘ ဦးမောင်ရုံး၊ ဘီခိုရွာ၊ တွံတေးမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။(ဒုတိယ)
    ( ဂ)    ခုံအမှတ် ပခ/၂၀၊  အရှင်ဇယာနန္ဒာလင်္ကာရ၊ အသက်(၂၄)နှစ်၊ ဦးဇော်လွင်၊ သပြေကန်ရွာ၊ ရွှေဘိုမြို့နယ်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်၊  ပဲခူးမြို့၊   ပဲခူးတိုင်းဒေသကြီး။ (တတိယ)
၅။    အုပ်စု(၃) မဇ္စျိမနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင်   သုံးကျမ်းအောင် (၁၄)ပါး၊ နှစ်ကျမ်းအောင်(၄၀)ပါး၊ တစ်ကျမ်းအောင်(၃၃)ပါး တို့ဖြစ်ပါသည်။
၆။    အုပ်စု(၄) သံယုတ္တနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၁၈)ပါး၊ နှစ်ကျမ်းအောင်(၁၂)ပါး၊ တစ်ကျမ်းအောင်(၇)ပါး တို့ဖြစ်ပါသည်။
၇။    အုပ်စု(၅) အင်္ဂုတ္တရနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (၁၀၃)ပါး၊ နှစ်ကျမ်းအောင်(၁၇၉)ပါး၊ တစ်ကျမ်းအောင်(၆၉)ပါး တို့ဖြစ်ပါသည်။ သုံးကျမ်းအောင်(၁၀၃)ပါး အနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ခုံအမှတ် မင်္ဂလာ/၂၃၊ အရှင်နန္ဒိသေနာလင်္ကာရ၊ အသက်(၂၄)နှစ်၊ အဘ ဦးခွန်သောင်ဖေ၊ ထားအုံရွာ၊ ကျောက်တစ်လုံးကြီးမြို့၊ တောတိုက်ဓမ္မရိပ်သာကျောင်း၊ မင်္ဂလာဒုံမြို့၊ ရန်ကုန် တိုင်းဒေသကြီး။ (ပထမ)
    (ခ)    ခုံအမှတ် မရ/၆၊ အရှင်တေဇိန္ဒာလင်္ကာရ၊ အသက်(၃၄)နှစ်၊ အဘ ဦးဉာဏ်လှိုင်၊ အင်ကြင်းပင်ရွာ၊ ဝက်လက်မြို့၊   တိပိဋကမဟာဂန္ဓာရုံကျောင်း၊ မရမ်းကုန်းမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး။ (ဒုတိယ)
    (ဂ)    ခုံအမှတ် တက/၄၊ ရှင်မဏ္ဍလ၊ အသက်(၂၃)နှစ်၊ အဘ ဦးအောင်ထော်၊ ဥဿကံရွာ၊ ကလောမြို့၊ သာသနာလင်္ကာရကျောင်း၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။ (တတိယ)
၈။    အုပ်စု(၆)  ခုဒ္ဒကနိကာယ(၁) (သုတ္တန္တပိဋက)ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင်(-)ပါး၊ လေးကျမ်းအောင်(၄)ပါး၊   သုံးကျမ်းအောင်(၂)ပါး၊ နှစ်ကျမ်းအောင်(-)ပါး၊   တစ်ကျမ်းအောင် (၂)ပါး တို့ဖြစ်ပါသည်။
၉။    အုပ်စု(၇)  ခုဒ္ဒကနိကာယ(၂) (သုတ္တန္တပိဋက)ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် (-)ပါး၊ လေးကျမ်းအောင်(၄)ပါး၊ သုံးကျမ်းအောင်(-)ပါး၊ နှစ်ကျမ်းအောင်(-)ပါး၊  တစ်ကျမ်းအောင် (၂)ပါး တို့ဖြစ်ပါသည်။
၁၀။    အုပ်စု(၈)  ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက)(ပထမပိုင်း)နှစ်ကျမ်းဖြေဆိုကြသော  ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင်(၁၈၂)ပါး၊ တစ်ကျမ်းအောင်(၁၇၄)ပါး တို့ဖြစ်ပါသည်။ နှစ်ကျမ်းအောင်(၁၈၂)ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
    (က)    ခုံအမှတ် စိန်/၄၊ အရှင်အာစိဏ္ဏာလင်္ကာရ၊ အသက်(၂၁)နှစ်၊ အဘ ဦးခင်မောင်စန်း၊ အင်းတဲရွာ၊ စလင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး။(ပထမ)
    (ခ)    ခုံအမှတ် ဗဟ/၆၊ အရှင်ဝိစိတ္တသာရာလင်္ကာရ၊ အသက်(၂၆)နှစ်၊ အဘ ဦးဝင်းထွေးအောင်၊ တောင်စွန်း၊ မဟာဝိသုဒ္ဓါရုံ(ပါ)ရွှေကျင်တိုက်သစ်၊ ဗဟန်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး။(ဒုတိယ)
    (ဂ)    ခုံအမှတ် မဟမ/၅၊ အရှင်သုန္ဒရာလင်္ကာရ၊ အသက်(၂၄)နှစ်၊ အဘ ဦးမြင့်ကောင်း၊ ပျားရွာ၊ တံတားဦးမြို့၊ ဓမ္မပါကဋကျောင်း မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့၊ မန္တလေးတိုင်း ဒေသကြီး။(တတိယ)
၁၁။    အုပ်စု(၉)  ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက)(ဒုတိယပိုင်း) လေးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် လေးကျမ်းအောင်(၁)ပါး၊ သုံးကျမ်းအောင်(၂)ပါး၊ နှစ်ကျမ်းအောင်(-)ပါး၊ တစ်ကျမ်းအောင် (၃)ပါး တို့ဖြစ်ပါသည်။
၁၂။    အုပ်စု(၁)  ခုဒ္ဒကနိကာယ(ဝိနယပိဋက) ဝိနည်းအဋ္ဌကထာ(မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်(၂)ပါး၊ နှစ်ကျမ်းအောင်(၆)ပါး၊ တစ်ကျမ်းအောင်(၁၃)ပါး တို့ဖြစ်ပါသည်။
၁၃။    အုပ်စု(၂) ဒီဃနိကာယ(သုတ္တန္တပိဋက)ဒီဃနိကာယ်အဋ္ဌကထာ(မဟာဝိဒူတန်း) သုံးကျမ်းဖြေဆို ကြသောပုဂ္ဂိုလ်တို့တွင်   သုံးကျမ်းအောင်(-)ပါး၊  နှစ်ကျမ်းအောင်(-)ပါး၊   တစ်ကျမ်းအောင်(၄)ပါး တို့ဖြစ်ပါသည်။
၁၄။    အုပ်စု(၅)  အင်္ဂုတ္တရနိကာယ(သုတ္တန္တပိဋက) အင်္ဂုတ္တိုရ်အဋ္ဌကထာ(မဟာဝိဒူတန်း) သုံးကျမ်း ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်(၁)ပါး၊ နှစ်ကျမ်းအောင်(-)ပါး၊ တစ်ကျမ်းအောင် (၁)ပါး တို့ဖြစ်ပါသည်။
၁၅။    အုပ်စု(၆)  ခုဒ္ဒကနိကာယ(သုတ္တန္တပိဋက)  အဋ္ဌကထာ(မဟာဝိဒူတန်း)   ငါးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင်(၁)ပါး၊ လေးကျမ်းအောင်(-)ပါး၊ သုံးကျမ်းအောင်(-)ပါး၊ နှစ်ကျမ်းအောင် (-)ပါး၊ တစ်ကျမ်းအောင်(-)ပါး တို့ဖြစ်ပါသည်။
၁၆။    အုပ်စု(၈)  ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက) အဋ္ဌကထာ(မဟာဝိဒူတန်း) နှစ်ကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင်(၂)ပါး၊ တစ်ကျမ်းအောင်(-)ပါး တို့ဖြစ်ပါသည်။
၁၇။    အုပ်စု(၉)  ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက)အဋ္ဌကထာ(မဟာဝိဒူတန်း) ဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် တစ်ကျမ်းအောင်(၁)ပါး ဖြစ်ပါသည်။
၁၈။    ၁၃၈၄ ခုနှစ်(၂၀၂၂ ခုနှစ်)  (၂၉) ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်းကို ဝိဒူတန်း   အုပ်စု (၉)အုပ်စုနှင့် မဟာဝိဒူတန်းအုပ်စု(၆)အုပ်စုတို့တွင် ကျမ်းစဉ်အလိုက် အောင်မြင်ကြသူပေါင်း ၅၃၂၃ ပါး ဖြစ်ပါသည်။
၁၉။    ၁၃၈၄ ခုနှစ်(၂၀၂၂ခုနှစ်) (၂၉) ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်းကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန website www.dra.org.mm တို့တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။