၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်    မတ်   ၂၅


၁၃၈၃ ခုနှစ်      မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန်    မဟာ သင်္ကြန်မဏ္ဍပ်         အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်     ဦးစီး ကော်မတီနှင့်   ဆပ်ကော်မတီများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို     ယနေ့တွင်    နေပြည်တော် စည်ပင်သာယာရေး         ကော်မတီ အစည်းအဝေးခန်းမ၌  ကျင်းပရာ မဟာသင်္ကြန်     ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊     မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်   တက် ရောက်အမှာစကား    ပြောကြား သည်။

 


အဆိုပါ    အစည်းအဝေးသို့ မဟာသင်္ကြန်    ကျင်းပရေးဦးစီး ကော်မတီဝင်များ    ဖြစ်ကြသည့် နေပြည်တော်ကောင်စီ   အဖွဲ့ဝင် များ၊      နေပြည်တော်စည်ပင် သာယာရေးကော်မတီ    ဒုတိယ မြို့တော်ဝန်၊    အမြဲတမ်းအတွင်း ဝန်နှင့် ဌာနကြီးမှူးများ၊   ဌာန မှူးများ၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ   တာဝန်ရှိသူများ    တက် ရောက်ကြသည်။

 


ရှေးဦးစွာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊    မြို့တော်ဝန်က  အတာသင်္ကြန်ပွဲတော်      ကာလ အတွင်း      အများပြည်သူများ ဘေးအန္တရာယ်     ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့်     စိတ် အပန်းဖြေ     နိုင်စေရန်အတွက် စည်ကား           သိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်  ကျင်းပနိုင် ရေး     စုပေါင်းဆောင်ရွက်ပေးကြ ရန်နှင့်   လုံခြုံရေးလစ်ဟင်းမှု   မရှိ စေရေး   အလေးထား   ဆောင်ရွက် ကြရန်တို့ကို  မှာကြားသည်။

 


ထို့နောက်      မဟာသင်္ကြန် ကျင်းပရေး       ဦးစီးကော်မတီ အတွင်းရေးမှူး၊        အမြဲတမ်း အတွင်းဝန်     ဦးမျိုးအောင်က ဦးစီးကော်မတီနှင့်   ဆပ်ကော်မတီ များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ 

 


ဆက်လက်၍ လုံခြုံရေး  ဆပ် ကော်မတီ၊  အခမ်းအနားပြင်ဆင် ရေး၊    ရေရရှိရေးနှင့်    ရေပက် ကစားရေး  ဆပ်ကော်မတီ၊ ဖျော် ဖြေရေးနှင့်    ပြန်ကြားရေးဆပ် ကော်မတီ၊     ကျန်းမာရေးနှင့် သန့်ရှင်းရေးဆပ်ကော်မတီ၊ ဖိတ် ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊       သယ်ယူ ပို့ဆောင်ရေး         ဆပ်ကော်မတီ၊ ဘဏ္ဍာရေး     ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး  ဆပ်ကော်မတီ တို့မှ ဥက္ကဋ္ဌနှင့်   အတွင်းရေးမှူး တို့က   ယခင်နှစ်   အတာသင်္ကြန် ပွဲတော်   ကျင်းပနိုင်ရေး   ဆောင် ရွက်ခဲ့မှု၊ ယခုနှစ်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လက်ရှိ  ဆောင် ရွက်ထားရှိမှု  အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်    မဟာသင်္ကြန် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ၊ မြို့တော်ဝန်က       နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း   သိရ သည်။         

သတင်းစဉ်