(၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် ကျင်းပသွားမည်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄
မြန်မာနိုင်ငံ    လူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်  (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီတွင် ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ ၌ကျင်းပရာ   မြန်မာနိုင်ငံ လူငယ် ရေးရာ          ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး     ဦးမင်း သိန်းဇံ၊  မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ     ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊  ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ စိုးဝင်း၊   မြန်မာနိုင်ငံ လူငယ်ရေးရာ   ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person   ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/    တိုင်း ဒေသကြီး/  ပြည်နယ်   လူငယ် ရေးရာ     ကော်မတီဥက္ကဋ္ဌများက Video Conferencing    ဖြင့် လည်းကောင်း    တက်ရောက်ကြ သည်။
အစီအစဉ်အရ   မြန်မာနိုင်ငံ လူငယ်ရေးရာ     ဗဟိုကော်မတီ ဥက္ကဋ္ဌက    နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်  လူငယ်များ အား        နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ    ပြုစုပျိုးထောင်ပေး ရာတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံ ချက်များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာ     ကိစ္စရပ်များကို ဆောင်ရွက်ရာတွင်         အဓိက ဦးဆောင်ဝန်ကြီးဌာနများ ဖြစ်ကြ သည့်   အားကစားနှင့်    လူငယ် ရေးရာဝန်ကြီးဌာန၊    ပညာရေး ဝန်ကြီးဌာန၊   သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး           ဝန်ကြီးဌာနတို့က ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ပြည်နယ်  အစိုးရအဖွဲ့ များနှင့်ပူးပေါင်း၍   မြန်မာနိုင်ငံ လူငယ်ရေးရာ   ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်  အာဆီယံအသိုက် အဝန်း၊  INGO  အဖွဲ့အစည်းများ၊ NGO    အဖွဲ့အစည်းများ၊   နိုင်ငံ တကာ        အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို   ဆောင်ရွက် လျက်ရှိပါကြောင်း။ 
မြန်မာနိုင်ငံအနေဖြင့်  ၂၀၂၃-၂၀၂၄   ခုနှစ်အတွက်   အာဆီယံ လူငယ်ဆိုင်ရာ  ဝန်ကြီးများအဆင့် အစည်းအဝေး (AMMY)၏  ဥက္ကဋ္ဌ တာဝန်များကို        ထမ်းဆောင် လျက်ရှိပါကြောင်း၊  (၁၃)  ကြိမ် မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး နှင့်   ဆက်စပ်အစည်းအဝေးများ ကိုလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အတွင်း   အိမ်ရှင်အဖြစ်   လက်ခံ ကျင်းပသွားမည်ဖြစ်သည့်အတွက် ဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီး ဌာနများကလည်း   သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်  တိုက်တွန်း ပြောကြားလိုကြောင်း၊     လူငယ် ရေးရာကိစ္စရပ်များကို         ပိုမို ထိရောက်စွာ    ဆောင်ရွက်နိုင်ရန် အတွက်    ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊   မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်        လူငယ် ရေးရာဦးစီးဌာနမှ    အရာထမ်း/အမှုထမ်းအချို့ကို  တွဲဖက်တာဝန် ပေးစေလွှတ်ထားရှိပြီး  ကျန်ရှိနေ သည့် တိုင်းဒေသကြီး/ပြည်နယ် များတွင်လည်း   ထပ်မံစေလွှတ် သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊    ဘဏ္ဍာရေးနှစ် အလိုက်    နေပြည်တော်ကောင်စီ အပါအဝင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်ရေးရာ ဦးစီးဌာန ဦးစီးမှူးရုံးများကိုလည်း ဖွင့်လှစ်သွားရန်  လျာထားဆောင် ရွက်လျက်ရှိကြောင်း   ပြောကြား သည်။
ဆက်လက်၍     မြန်မာနိုင်ငံ လူငယ်ရေးရာ    ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများက  လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံ ဖွံ့ဖြိုး      တိုးတက်လာစေရန်နှင့် နိုင်ငံတော်    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်     အဓိက စွမ်းအားစုများအဖြစ် ပါဝင်လာစေ ရန်      ဗဟိုကော်မတီအနေဖြင့် လူငယ်များ၏     အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီ အတွင်းရေး မှူး ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်   (၁/၂၀၂၂)   ၏ အစည်းအဝေး   ဆုံးဖြတ်ချက်များ အပေါ်     ဆောင်ရွက်ပြီးစီးမှုနှင့် မြန်မာနိုင်ငံ    လူငယ်ရေးရာဗဟို ကော်မတီ၏    အကောင်အထည် ဖော်    ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်   အစည်းအဝေး သို့    တက်ရောက်လာကြသည့် မြန်မာနိုင်ငံ    လူငယ်ရေးရာဗဟို ကော်မတီ         အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီ/တိုင်းဒေသ ကြီး/    ပြည်နယ်     လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌများက   လုပ်ငန်း ဆောင်ရွက်ထားရှိမှု  အခြေအနေ များ၊    လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဆောင်ရွက် နေမှုများ၊   ရှေ့ဆက်ဆောင်ရွက် မည့်          လုပ်ငန်းစဉ်များနှင့် ပတ်သက်၍    ဝိုင်းဝန်းဆွေးနွေး တင်ပြကြပြီး  မြန်မာနိုင်ငံ  လူငယ် ရေးရာ   ဗဟိုကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြမှုများနှင့် စပ်လျဉ်း ၍ လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                  သတင်းစဉ်