
ရန်ကုန် ဇန်နဝါရီ ၂၀
(၁၂) ကြိမ်မြောက် မဲခေါင်စာပေဆုနှင်းသဘင်ကို လာအိုနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ရာ မဲခေါင်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသော စာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ဖိတ်ခေါ်လျက်ရှိသည်။
ပြိုင်ပွဲဝင်စာမူရှင်သည် ဝတ္ထုတိုပေါင်းချုပ်နှင့် ကဗျာပေါင်းချုပ် ဘာသာရပ်နှစ်မျိုးအနက် တစ်မျိုးမျိုး၌သာ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ နှစ်များအတွင်း အင်္ဂလိပ် -မြန်မာ နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်ဖြစ်ရမည်။
ထို့ပြင် ဝတ္ထုတိုပေါင်းချုပ်ဆုအတွက် ပြိုင်ပွဲဝင်စာအုပ်သည် ဦးတည်ရည်ရွယ်ချက်ကောင်းမွန်ပြီး စာဖတ်သူတို့အတွက် စိတ်ဓာတ် ခွန်အားမြင့်မားစေအောင် ရသမြောက်စွာ ရေးဖွဲ့ထားသော စာပေ အမျိုးအစားဖြစ်ရမည်။ ကဗျာပေါင်းချုပ်ဆုအတွက် မြန်မာ့ရိုးရာ အစဉ်အလာကဗျာစပ်ထုံးစပ်နည်းနှင့် ညီညွတ်သော ရသမြောက် ကဗျာများဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး ကဗျာပုဒ်ရေ ၆၀ ပါဝင်ရမည်။
ပြိုင်ပွဲဝင်လျှောက်လွှာပုံစံများကို အသင်းရုံးတွင် ရယူဖြည့်စွက် ပြီး သတ်မှတ်ဝင်ကြေးနှင့်အတူ ဖေဖော်ဝါရီ ၄ ရက် နောက်ဆုံးထား၍ ပေးပို့တင်သွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲဆိုင်ရာ အသေးစိတ်အချက်အလက် များကို မြန်မာနိုင်ငံစာရေးဆရာအသင်းရုံး အမှတ် (၁၇၃/၁၇၅) (၇)လွှာ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်) ကျောက်တံတားမြို့ နယ် ရန်ကုန်မြို့၊ ဖုန်းနံပါတ်-၀၁၂၅၂၄၁၇ နှင့် ၀၉၄၅၀၀၉၀၄၈၆ တို့သို့ စုံစမ်းနိုင်သည်။
(၁၁)ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသူများကို ကမ္ဘာဒီးယား နိုင်ငံတွင် အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးအပ်ရန်ဖြစ်သော်လည်း ကိုဗစ်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ (၁၂)ကြိမ် မြောက် မဲခေါင်စာပေဆုနှင်းသဘင်၌ ပူးတွဲချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်