(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ်တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြု

 

ပဲခူး   ဇွန်   ၂၇


(၁၂)ကြိမ်မြောက်  အာဆီယံမသန်စွမ်းသူများ  အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ  လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမား များအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ပဲခူးမြို့  မြို့တော်ခန်းမ၌ ဇွန် ၂၇ ရက်က ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။
 

 

ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်းက (၁၂) ကြိမ်မြောက်    အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်    အားကစား သမားများက    အားကစားနည်း အလိုက်   ရွှေတံဆိပ်ခုနစ်ခု၊   ငွေ တံဆိပ် ငါးခု၊ ကြေးတံဆိပ် ၁၂ ခု စုစုပေါင်း ၂၄ ခု ရယူပေးနိုင်ခဲ့သည့် အတွက်  အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊  ဘရူနိုင်းနိုင်ငံ တွင် ပြုလုပ်ခဲ့သည့် အသက်(၁၂)နှစ်အောက်   အရှေ့တောင်အာရှ လက်ရည်စစ်  တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးဂုဏ်ဆောင် နိုင်ငံ့ လက်ရွေးစင် အားကစားသမား လေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအသင်းလိုက် တတိယ ဆုနှင့် အမျိုးသမီးအသင်းလိုက် ဒုတိယဆုများ ရရှိခဲ့သည့်အတွက် လည်း     ထပ်ဆင့်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီး အတွင်း အားကစားကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယှဉ်ပြိုင်မည့်    အားကစားနည်း အလိုက်      အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့်   ထောက်ပံ့ငွေ ပေးအပ်ခြင်းများကို    စဉ်ဆက် မပြတ်  ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေ ဖြင့်       အားကစားနည်းအလိုက် ဆုတံဆိပ်များ      ရရှိလာပါက လည်း   ယခုလို     အခမ်းအနားဖြင့် ထိုက်ထိုက်တန်တန်  မှတ်တမ်းတင်  ထပ်ဆင့်ဂုဏ်ပြုပွဲများ     ပြုလုပ် ပေးခြင်းဖြစ်ကြောင်း၊   လာမည့် အားကစားပြိုင်ပွဲများတွင်   ယခု ထက် ပိုမိုအောင်မြင်မှုများရရှိရန် ကြိုးစားအားထုတ်စေလိုကြောင်း၊ လိုအပ်သည်များ  ထပ်မံပံ့ပိုးကူညီ ပေးသွားမည်ကြောင်း   ပြောကြား သည်။

 


ထို့နောက် (၁၂)ကြိမ်မြောက် အာဆီယံ     မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆု  ရရှိခဲ့သည့်  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား   တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းနှင့် ဇနီးတို့က လည်းကောင်း၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုရရှိ သူများအား တိုင်းဒေသကြီး တရား လွှတ်တော်     တရားသူကြီးချုပ် နှင့်   တိုင်းဒေသကြီးဝန်ကြီးများက    လည်းကောင်း၊ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်    အသက် (၁၂)နှစ်အောက် အရှေ့တောင် အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲ တွင်  ဆုရရှိခဲ့သူများနှင့် နည်းပြ တို့အား တိုင်းဒေသကြီးဥပဒေချုပ် နှင့်  အတွင်းရေးမှူးတို့က လည်း ကောင်း  ဆုများ ပေးအပ်ချီးမြှင့် သည်။ 

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်        ဇနီးတို့က အားကစားသမားများနှင့်  နည်းပြ များအား ရင်းရင်းနှီးနှီး   နှုတ်ဆက်       အားပေးစကား      ပြောကြား သည်။

 


(၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ    အားကစား ပြိုင်ပွဲတွင်    ပဲခူးတိုင်းဒေသကြီး   ကိုယ်စားပြု    နိုင်ငံ့ဂုဏ်ဆောင်      မသန်စွမ်း အားကစားသမားများမှ ရွှေ၊  ငွေ၊  ကြေး   စုစုပေါင်း ၂၄ ခု ရရှိအောင်   စွမ်းဆောင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)