(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်လေးခု ကြေးတံဆိပ်နှစ်ခုနှင့် အလေးမအားကစားနည်းမှ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိ

 

ရန်ကုန်    ဇွန်    ၇


ကမ္ဘောဒီးယားနိုင်ငံ၌  ဇွန် ၃ ရက်မှ ၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့်    (၁၂) ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို   ယမန်နေ့ နံနက် ဒေသစံတော်ချိန် ၉ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ   ဖနောင်ပင် မြို့ရှိ အားကစားကွင်း/အားကစား ရုံများ၌  ကျင်းပရာ   Morodok Techonational Stadium Com-plex  ၌   ကျင်းပလျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်း အမျိုး သားသံပြားပစ်ပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ မောင်အောင်ထွန်းလင်းက ပထမ(ရွှေတံဆိပ်)ဆုနှင့် မောင်တင် ညိုက  ဒုတိယ (ငွေတံဆိပ်)ဆုကို ရရှိခဲ့သည်။

 


ထို့အတူ   အမျိုးသားမီတာ ၄၀၀  ပြိုင်ပွဲတွင်  မောင်လင်းက ဒုတိယ(ငွေတံဆိပ်)ဆု၊ အမျိုးသမီး မီတာ ၂၀၀ ပြိုင်ပွဲတွင်   မဝေဝေ သင်းက   ဒုတိယ (ငွေတံဆိပ်)ဆု၊        အမျိုးသား  လှံတံပစ်ပြိုင်ပွဲတွင် မောင်စည်သူထက်က   ဒုတိယ (ငွေတံဆိပ်)ဆု၊ အမျိုးသား  မီတာ ၄၀၀  ပြိုင်ပွဲတွင် မောင်စိုးပေက တတိယ (ကြေးတံဆိပ်)ဆု၊ အမျိုး သမီး မီတာ၂၀၀ ပြိုင်ပွဲတွင် မနန္ဒာ လင်းက  တတိယ(ကြေးတံဆိပ်)ဆုကို ရရှိခဲ့သည်။

 


National Paralympic Com-mittee  Hall ၌   ကျင်းပလျက် ရှိသည့် အလေးမအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ မောင်ဝင်းဆန်း အောင်သည် အလေးမအားကစား နည်း   အမျိုးသား    Total    Lift  ၇၂ ကီလိုတန်းပြိုင်ပွဲတွင်   ဒုတိယ (ငွေတံဆိပ်ဆု)နှင့်   အမျိုးသား Best  Lift  ပြိုင်ပွဲတွင်   တတိယ (ကြေးတံဆိပ်ဆု)နှင့် အမျိုးသား Total Lift  ၈၀ ကီလိုတန်းပြိုင်ပွဲ တွင် မောင်မင်းဇော်ဝင်းက တတိယ (ကြေးတံဆိပ်ဆု)ကို ဆွတ်ခူးရရှိ ခဲ့ကြသည်။

 


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ပွဲအခမ်းအနားကို   ဆက်လက် ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊  တတိယဆုရရှိခဲ့ကြသူ များကို    မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့်     တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

 


(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ  ဇွန် ၇ ရက် ပွဲစဉ်များအဖြစ် မျက်မမြင် စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ ဂိုးလ်ဘော၊  အလေးမ၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊   ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို  မြန်မာ နိုင်ငံမှ       ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်    ကစားသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရွှေတံဆိပ်  ခုနစ်ခု၊   ငွေတံဆိပ် ၁၄ ခုနှင့် ကြေးတံဆိပ်ကိုးခု စုစု ပေါင်းဆုတံဆိပ်   ၃၀  ဆွတ်ခူး ရရှိထားပြီဖြစ်ကြောင်း    သိရ သည်။                        

သတင်းစဉ်