၁၂ နှစ်တာကာလအတွင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယသို့ ပထမဆုံးအကြိမ် သွားရောက်မည်

 

နယူးဒေလီ  ဧပြီ   ၂၁ 
ပါကစ္စတန်   နိုင်ငံခြားရေးဝန်ကြီး သည်   ထိပ်တန်းအဆင့်မြင့်ဆုံး သံတမန်တစ်ဦးအနေဖြင့် ၁၂ နှစ် တာကာလအတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်ရန်    စီစဉ် လျက်ရှိသည်။ ကျွမ်းကျင်သူများ က အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံ အကြား  အေးစက်နေသော အခြေ အနေကို တိုးတက်ကောင်းမွန်စေ မည်ဟု မျှော်လင့်လျက်ရှိသည်။ 
ပါကစ္စတန်    နိုင်ငံခြားရေး ဝန်ကြီး ဘီလာဝယ် ဘူတို ဇာဒါရီ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့အစည်း (အက်စ်စီအို) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့   တက်ရောက်မည်ဖြစ် သည်။    နှစ်ရက်ကြာပြုလုပ်မည့် အစည်းအဝေးကို   အိန္ဒိယနိုင်ငံ ဂိုအာမြို့၌  မေ   ၄  ရက်နှင့်  ၅ ရက်    နှစ်ရက်ကြာ   ကျင်းပမည် ဖြစ်သည်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဌာနက    ဘူတိုအနေဖြင့်   အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့်  နှစ်နိုင်ငံသီးခြားတွေ့ဆုံဆွေးနွေးဖြစ်မည်၊ မဖြစ်မည်ကို ဖော်ပြပြောကြားခြင်း မရှိခဲ့ပေ။ 
အိန္ဒိယနိုင်ငံသည် ၎င်းအုပ်ချုပ် သည့် ကက်ရှ်မီးယား၏ တစ်စိတ် တစ်ပိုင်း   ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခြေအနေကို     ၂၀၁၉  ခုနှစ် က   ပယ်ဖျက်လိုက်ချိန်ကတည်း က  နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သည် အေးစက်သွားခဲ့သည်။ 
အိန္ဒိယနှင့်    ပါကစ္စတန်တို့ သည်    ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ကြောင်း   ကာလအတန် ကြာကပင် ဆိုနေကြသည်။ 
အက်စ်စီအိုသည်  ဒေသတွင်း နိုင်ငံရေးနှင့်   လုံခြုံရေးအသိုက် အဝန်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ က ဦးဆောင်ကာ ရုရှား၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ပါဝင်ကြသည်။ 
ဘူတို၏ အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံ     ဆက်ဆံရေးအတွက် လမ်းပိုပွင့်လာမည်    ဖြစ်ကြောင်း ကျွမ်းကျင်သူများက     ယုံကြည် လျက်ရှိသည်။   အင်န်အိတ်ချ်ကေ