(၁၂) ကြိမ်မြောက် အေပက် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးကျင်းပ

 

ဘန်ကောက်   ဩဂုတ်  ၂၇


ထိုင်းနိုင်ငံ     ဘန်ကောက်မြို့၌       ကျင်းပသည့် ကျန်းမာရေးဝန်ကြီး များ၊  အဆင့်မြင့်အရာရှိများနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (APEC) ၏  စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများ     ပါဝင်သည့်   (၁၂)  ကြိမ်မြောက်       အေပက် ကျန်းမာရေးနှင့် စီးပွား ရေးဆိုင်ရာ     အဆင့်မြင့် အစည်း အဝေးတွင် ဒေသတွင်းရှိ ပြည်သူ များ၏ ကျန်းမာရေးနှင့် ကြွယ်ဝ ချမ်းသာမှု        တိုးတက်စေရေး ဟန်ချက်ညီမှုကို  အလေးပေးသည့် ပူးပေါင်း   ဆောင်ရွက်မှုများကို   မြှင့်တင်ရန်  ဩဂုတ် ၂၆ ရက်က သဘောတူညီခဲ့သည်။

 


ထိုင်းနိုင်ငံ၌ ဩဂုတ် ၂၅ ရက် မှ     ၂၆   ရက်အထိ    ကျင်းပခဲ့ သည့်   အဆိုပါ  အစည်းအဝေး သို့ တက်ရောက်လာသူများသည် ဒေသအတွင်း      အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကပ်ရောဂါများ ကို     ခံနိုင်ရည်ရှိရေး   အမြင်ချင်း ဖလှယ်ခဲ့ကြပြီး    လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏    အရည်အသွေး တိုးတက်မှုကို မြှင့်တင်ရန်အတွက် လည်း   ထပ်လောင်း    ကတိပြုခဲ့ ကြကြောင်း      အစည်းအဝေး သဘာပတိအဖြစ်  ဆောင်ရွက်ခဲ့ သည့်  ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီး ချုပ်နှင့်      ပြည်သူ့ကျန်းမာရေး ဝန်ကြီး  အန်နူတင် ချန်းဗာရာကူ ၏   ထုတ်ပြန်ချက်တွင်   ဖော်ပြ သည်။

 


အဆိုပါ အစည်းအဝေးတွင် ကာကွယ်ဆေးရရှိရေး၊     ရောဂါ ရှာဖွေရေးနှင့်      ကုထုံးများကဲ့သို့ သော ကျန်းမာရေးဆိုင်ရာ နည်း ပညာများတွင် အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ   မြှင့်တင်ရေး၊      ကျန်းမာရေးနယ်ပယ်တွင်   နည်း ပညာအသစ်များ ဖန်တီးနိုင်ရန် အတွက်  ဒစ်ဂျစ်တယ်စီးပွားရေးကို  အားပေးမြှင့်တင်နိုင်မည့်စီးပွာရေး လုပ်ငန်းများ    တိုးတက်ကြီးထွား ရန်နှင့်  ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး        တွန်းအားပေး     ဆောင်ရွက်ကြရန်   အလေးပေး တိုက်တွန်းကြသည်။    

 ဆင်ဟွာ