(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ‌မှ‌ ပြန်လည်‌ရောက်ရှိလာ‌သော အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအဖွဲ့အား ကြိုဆို             

ရန်ကုန်    ဇွန်   ၁၀ 
ကမ္ဘောဒီးယားနိုင်ငံ  ဖနောင်ပင်မြို့ တွင် ဇွန်  ၃  ရက်မှ  ၉ ရက်အထိ ကျင်းပခဲ့သည့်  (၁၂)  ကြိမ်မြောက် အာဆီယံ        မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေ ၁၅ ခု၊ ငွေ ၂၂ ခု၊ ကြေး ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးရရှိခဲ့‌သော မြန်မာမသန်စွမ်းအားကစားအဖွဲ့ သည် ယ‌နေ့ညပိုင်းက   မြန်မာ အမျိုးသား‌     လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်‌ ရောက်ရှိလာရာ    ရန်ကုန်တိုင်း‌ ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်     လူငယ်‌ရေးရာ ဝန်ကြီးဌာန        ဒုတိယဝန်ကြီး    ဦးမျိုးလှိုင်၊  တိုင်း‌ဒေသကြီးဝန်ကြီး များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ      တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ    မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ   တာဝန်ရှိ သူများ၊ အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်)မှ       ကျောင်းသား ကျောင်းသူများ၊          အားကစား သမားများ‌၊       မိဘ‌ဆွေမျိုးများ‌ က‌   ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌   လေဆိပ်၌              ကြိုဆိုနှုတ်ဆက် ကြသည်။ 
အဆိုပါပြိုင်ပွဲမှ   ပြန်လည်‌ ရောက်ရှိလာ‌သော         မြန်မာ မသန်စွမ်း    အားကစားအဖွဲ့‌တွင် အဖွဲ့ခေါင်းဆောင်   မြန်မာနိုင်ငံ မသန်စွမ်းသူများ  အားကစားအဖွဲ့ ချုပ်ဥက္ကဋ္ဌ  ဗိုလ်ချုပ် လှမိုး၊ ဒုတိယ ဥက္ကဋ္ဌများ၊  နည်းပြ၊  အုပ်ချုပ်သူ ၄၄ ဦး၊ အားကစားသမား   ၈၂   ဦး  စုစုပေါင်း ၁၂၆ ဦး ပြန်လည်လိုက် ပါလာကြသည်။  
 ယင်းပြိုင်ပွဲတွင် မြန်မာမသန် စွမ်းသူများ   အားကစားအဖွဲ့သည် ရေကူးအားကစားနည်းမှ     ရွှေ တံဆိပ် ၁၂ ခု၊  ငွေတံဆိပ်  ၁၃   ခု၊ ကြေးတံဆိပ် ၁၀ ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ       ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်‌ခြောက်ခု၊ ကြေး တံဆိပ်‌  လေးခု၊        စစ်တုရင် အားကစားနည်းမှ    ကြေးတံဆိပ် နှစ်ခု၊ အလေးမအားကစားနည်း မှ  ငွေတံဆိပ်  သုံးခု၊    ကြေးတံဆိပ်   နှစ်ခု၊      မျက်မမြင်      Goalball ကစားနည်းမှ  ကြေးတံဆိပ် တစ်ခု   ဆွတ်ခူးခဲ့ပြီး           နိုင်ငံအလိုက် အဆင့်‌ခြောက်         ရရှိခဲ့ကြောင်း သိရသည်။                  အာကာစိုး