
နေပြည်တော် ဇွန် ၆
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိသည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ဒေသ စံတော်ချိန် ၈ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပပြုလုပ်ရာ Morodok Techo National Stadium Complex ၌ ကျင်းပလျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်း အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်စိုးပေက ပထမ (ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား မီတာ (၈၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်လင်းက ပထမ (ရွှေတံဆိပ်)ဆု ကိုလည်းကောင်း ရရှိကြ သည်။
အမျိုးသမီး မီတာ (၄၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မဝေဝေသင်းက ဒုတိယ(ငွေတံဆိပ်) ဆုကို လည်းကောင်း၊ အမျိုးသမီးမီတာ(၄၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မလော်လာဝင်းက ဒုတိယ (ငွေတံဆိပ်)ဆုကို လည်းကောင်း။
ထပ်မံဆွတ်ခူး
အမျိုးသမီးမီတာ (၄၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မနန္ဒာလင်းက တတိယ(ကြေးတံဆိပ်) ဆုကို လည်းကောင်း၊ အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်အောင်မြင့်ဌေး က တတိယ (ကြေးတံဆိပ်) ဆုကို လည်းကောင်း ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။
ဆုများပေးအပ်
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်း အနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာ နိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်