၁၂-၇-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

(ယမန်နေ့မှအဆက်)


Who News Agency မှ ကိုကျော်ဝဏ္ဏ က လျှပ်စစ်နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူများခက်ခဲနေချိန် လျှပ်စစ်မီတာမဆောင်၍ သပိတ်မှောက် သူများရှိသလို မတတ်နိုင်၍ မဆောင်သူ များလည်း ရှိကြောင်း၊ ထိုအချိန်မျိုးတွင် မီတာပုံးများ ဖျက်သိမ်းကြောင်း၊ လက်ရှိ လုပ်ငန်းအသေးလေးများ လည်ပတ်နေမှု မျိုးရှိကြောင်း၊ ထိုသို့  လုပ်လိုက်ခြင်းဖြင့် လက်ရှိ  အစိုးရနှင့်   ပြည်သူလူထုကြား အက်ကြောင်းများ ဖြစ်လာနိုင်ကြောင်း၊ ယင်းပြဿနာများကို မည်သို့ ဖြေရှင်းပေးနိုင် မည်ကို သိလိုပါကြောင်း မေးမြန်းသည်။


နိုင်ငံကြီးသားပီသဖို့   ပြောလို 


ဗိုလ်ချုပ် ဇော်မင်းထွန်းက လျှပ်စစ် မီတာနှင့်  ပတ်သက်ပြီး    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကလည်း ထုတ်ပြန် ချက်ရှိကြောင်း၊    တချို့ကိစ္စများသည် ပွဲလန့်တုန်း ဖျာခင်းလုပ်ခြင်းရှိကြောင်း၊ လျှပ်စစ်မီတာခမဆောင်လို၍ PDF များ ကို   လှူမည်ဟုဆိုသည်မျိုးလည်း   ရှိ ကြောင်း၊ လျှပ်စစ်မီတာခ သိန်း ၆၀၀ ခန့် ပေးစရာရှိသည်ကို လျှပ်စစ်ရုံးက စာရွက် စာတမ်းများမီးရှို့ပေးရင်၊ ပြုလုပ်ပေးလျှင် မည်မျှပေးမည်ဆိုသည်များလည်း   ရှိ ကြောင်း၊ ဘဏ်လုပ်ငန်းများတွင်လည်း ထိုကိစ္စများရှိကြောင်း၊ လုပ်ကြံဖန်တီး၍ ပြောခြင်းဖြစ်မည်စိုး၍   ပေါ်လာသည့် တစ်နေ့ တွေ့ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ   ကာလကတည်းက   လျှပ်စစ် မီတာနှင့်ပတ်သက်ပြီး   ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားမှုများလည်း    ရှိ ကြောင်း၊ သာမန်အိမ်ထောင်စု   တစ်စု၊ လက်လုပ်လက်စား  လူတန်းစားတစ်ခု က    ထိုလျှပ်စစ်ဓာတ်အား   ယူနစ်နှင့် လုံလောက်သည့် အနေအထားမျိုးရှိသလို မလုံလောက်မှုမျိုးလည်း  ရှိနိုင်ကြောင်း၊ အချို့မှာတတ်နိုင်လျက်နှင့်  မပေးခြင်း မျိုးလည်း  ရှိကြောင်း၊  နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယခင်ကတည်းက သက်သာခွင့်များပေး ပြီးဖြစ်ကြောင်း၊ လုံလောက်သည့် လျှပ်စစ် ဓာတ်အားပမာဏမျိုးသုံးစွဲနိုင်ရန် ပေးပြီး ဖြစ်ကြောင်း၊ အဓိက နိုင်ငံသူနိုင်ငံသားများ ၏ တာဝန်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား သည် ထုတ်လုပ်ရသည့်နေရာတွင်ပမာဏ ငွေကုန်ကြေးကျရှိကြောင်း၊    ပုဂ္ဂလိက ဆောင်ရွက်နေသည့် လုပ်ငန်းများလည်း ရှိပြီး  ဆက်စပ်   ဆောင်ရွက်နေသည့် လုပ်ငန်းများလည်း ရှိကြောင်း၊ မည်သည့် နိုင်ငံတွင်မှမရှိပါကြောင်း၊ သုံးစွဲထားသည့် ပမာဏအတိုင်း ပေးရမည်ဖြစ်ကြောင်း၊ ကင်းလွတ်ခွင့်လည်း   ပေးထားပြီးဖြစ် ကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလတွင် Stay at Home နေရသည့်အတွက် လျှပ်စစ် ဓာတ်အား ပိုမိုသုံးနိုင်တာရှိနိုင်ကြောင်း၊ ပိုမိုသုံးစွဲခြင်းနှင့်ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ်ပေးနိုင်မည်ဟု ပြောနိုင် ကြောင်း၊ ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင် မည်ဆိုသည့်နေရာတွင်လည်း ကျပ်တည်း နေသော    အခြေခံလူတန်းစားအတွက် သာဖြစ်ကြောင်း၊   လျှပ်စစ်ဓာတ်အားကို သတ်မှတ်လစ်မစ်ထက် သုံးစွဲထားသူများ က ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အဓိက ကတော့ နိုင်ငံကြီးသားပီသဖို့   ပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။


Who News Agency မှ ကိုကျော်ဝဏ္ဏ က ပွဲလန့်တုန်းဖျာခင်းသည့်   လူများကို မည်သို့  ဖော်ထုတ်အရေးယူသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက   ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား နှင့်ပတ်သက်ပြီး ပထမဆုံးသတိပေးပြီး ဖြတ်တောက်ခြင်းမျိုး လုပ်ဆောင်သွား ရမည်ဖြစ်ကြောင်း ဖြေကြားသည်။ 
Myanmar Public Press မှ ဒေါက်တာ စိုးမြင့်ဦးက ယခုကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အားနည်းနေ သည်ကိုတွေ့ရကြောင်း၊ CDM မလုပ်ဘဲ အမှားကိုသိမြင်လာသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို ဖြေလျှော့ ပေးရန် အစီအစဉ်ရှိ/မရှိနှင့် Volunteer များကိုလေ့ကျင့်ပျိုးထောင်ပြီး ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်  အခြေအနေများက  မည်မျှ ထိရောက်နေပြီး မည်မျှထိကျယ်ပြန့်အောင် ဆောင်ရွက်မည်ကို   သိလိုပါကြောင်း မေးမြန်းသည်။


အချိန်မီပြန်ကြားပေးမည်


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျန်းမာ ရေးဝန်ထမ်းများကို   ဖြေလျှော့ပေးရန် ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းသာမက   အခြားဝန်ထမ်းများ အားလုံးကိုပါ   ဖြေလျှော့ထားပြီးဖြစ်ပါ ကြောင်း၊ CDM ဝန်ထမ်းများနှင့် ပတ်သက် ပြီး လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ပြောပြီးဖြစ်ကြောင်း၊ ၎င်း တို့သည် ထဲထဲဝင်ဝင်ပတ်သက်သည့်သူ မဟုတ်၊ လှုံ့ဆော်ခဲ့သူ    မဟုတ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ကိုယ် တိုင်ဝန်ခံချက်နှင့်အတူ   ပြော၍ရပါ ကြောင်း၊   ကိုယ်တိုင်ဝန်ခံချက်နှင့်အတူ လိုအပ်သည်များ လုပ်ဆောင်ပြီးပါက မူလ ရာထူးအဆင့်အတိုင်း   ခန့်ထားမည်ဟု ပြောပြီးဖြစ်ကြောင်း၊ အချိန်အကန့်အသတ် ရှိမည်ဖြစ်ကြောင်း၊ မိမိလည်း   မမှတ်မိ ကြောင်း၊   ယခုနောက်ပိုင်းတွင်လည်း လုပ်ထုံးလုပ်နည်းအရ      ဆက်လက် လုပ်ဆောင်နိုင်ရန်ဖြစ်မည်ဟု   ပြောလိုပါ ကြောင်း၊ volunteer နှင့်  ပတ်သက်ပြီး လုပ်ဆောင်နေမှုများရှိပါကြောင်း၊ အဓိက အားဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ မှ အငြိမ်းစားယူသွားသူများ၊ ပြင်ပ၌လုပ်ငန်း လုပ်ဆောင်နေသူများ၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အငြိမ်းစားယူ သွားသူများ၊ ပြင်ပတွင် လုပ်ဆောင်နေ သည့် ကျန်းမာရေးဝန်ထမ်းများ အစရှိသည် တို့ကို  ဦးစားပေးပြီး   လုပ်ဆောင်နေပါ ကြောင်း၊  မြို့နယ်များအလိုက်   ဖိတ်ခေါ် ပြီး Volunteer စနစ်နှင့် ၎င်းတို့   ရသင့် ရထိုက်သည့်  ခံစားခွင့်များ၊   ရပိုင်ခွင့်များ ပေးပြီး လုပ်ဆောင်မည့်စနစ်များကို လုပ် ဆောင်နေပါကြောင်း၊ တိုးတက်မှုစာရင်း များရရှိလျှင် အချိန်မီပြန်ကြားပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


Myanmar Public Press မှ ဒေါက်တာ စိုးမြင့်ဦးက volunteer ထဲတွင် ပရဟိတ လုပ်နေသည့်လူငယ်များကိုပါ ထည့်သွင်း အသုံးပြုစေလိုကြောင်း၊ Volunteer အသင်း များတွင်လည်း အချို့ကိစ္စများ အခက်အခဲ ရှိကြောင်း၊ ယခင်အစိုးရလက်ထက်က ဆိုလျှင် NGO များ၊ CSO များကို မှတ်ပုံတင် မရခြင်းများ၊ အချိန်ဆွဲထားခြင်းများ ရှိပါ ကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အသင်း အဖွဲ့ မှတ်ပုံတင်များကိုတင်၍ ရမရသိလို ကြောင်း၊ တင်၍မရပါကလည်း အသင်း အဖွဲ့ဆိုင်ရာဥပဒေအရ    အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအခန်း(၄) အပိုဒ်(၇)တွင် ပြည်တွင်းအသင်းအဖွဲ့များ သည် ဆန္ဒအလျောက် မှတ်ပုံတင်လျှောက် ထားလိုပါက အောက်ပါအတိုင်းလျှောက် ထားနိုင်သည်ဆိုပြီး ပါရှိပါကြောင်း၊ မှတ်ပုံ မတင်သည့်အတွက် ပြစ်ဒဏ်လည်းမရှိပါ ကြောင်း၊ ဘာသာရေးနှင့် စီးပွားရေးအဖွဲ့ အစည်းများတွင်  မှတ်ပုံတင်ရန်မလိုဟု ပါရှိပါကြောင်း၊ သို့သော် အချို့ဝန်ထမ်း များသည် မှတ်ပုံတင်မရှိသည့်အသင်းအဖွဲ့ ကို ဥပဒေနှင့်မညီသလို၊ တရားမဝင်သလို မျိုးဆိုသည်များလည်း  ရှိကြောင်း၊   ထို့ ကြောင့် အသင်းအဖွဲ့မှတ်ပုံတင်ခွင့် မရသေး လျှင်လည်း  ဝန်ထမ်းများ  အသင်းအဖွဲ့ ဆိုင်ရာဥပဒေနှင့် နားလည်ပြီး အရပ်ဘက် အသင်းအဖွဲ့များကို ဥပဒေနှင့်ညီသည် ဆိုပါက တရားဝင်သဘောမျိုး ဆက်ဆံပေး ရန်လည်း ဖြစ်စေလိုကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်နှင့်ပတ်သက်ပြီး  မည်သည့် အခြေအနေမျိုးရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 


ဗိုလ်ချုပ် ဇော်မင်းထွန်းက အသင်း အဖွဲ့   မှတ်ပုံတင်ပိတ်ထားခြင်း    မရှိပါ ကြောင်း၊ ယခုလိုကာလမျိုး ဖြေလျှော့နေ သည့်ကာလမျိုးတွင် ပိုပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ Volunteer အသင်းများ တွင် ပရဟိတလုပ်နေသည့်အသင်းများ ပါဝင်ရန်ကိစ္စများသည်လည်း ကောင်းမွန် သည့်အစီအစဉ်ဖြစ်ပါကြောင်း၊ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်      ခံယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေ ဖြင့် ပြောကြားသည့်အထဲတွင်လည်း ပါရှိ ကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့်ခံယူပြီး   အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပရဟိတ လုပ်နေသည့်အသင်းများ   Volunteer အနေနှင့်   ပါဝင်လာမည်ဆိုပါကလည်း ပိုပြီးကောင်းမွန်ပါကြောင်း၊ ကြိုဆိုလျက် ရှိကြောင်း  ပြောလိုပါကြောင်း   ပြန်လည် ဖြေကြားသည်။ 
97 Media  မှ   သတင်းထောက်ချုပ် နန္ဒလင်းကျော် (ထားဝယ်) က  ရုရှားနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်မှု  အစီအစဉ် အကြောင်းကို ဖြေကြားပေးစေလိုကြောင်း၊ ဆက်စပ်မေးခွန်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး    ထုတ်လုပ်ရန် အတွက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ အခြားထုတ်ကုန် ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များ  ရှိ/မရှိနှင့် ရှိပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ပြောကြား သွားသည့်အထဲတွင်လည်း    ပြည်သူကို အသိပေးချက်၊     ပြည်သူကိုသိနိုင်ရန် သတင်းထုတ်ပြန်သည့်အထဲတွင်လည်း ပါကြောင်း၊ ကိုဗစ်-၁၉  ရောဂါ    ကိစ္စနှင့် ပတ်သက်ပြီး   နောက်ပိုင်းယူဆလိုက် သည်မှာ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ကုသနိုင်မှုများ၊ ရောဂါ မပြန့်ပွားသည့် ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ် နိုင်ပြီဆိုသည့် နိုင်ငံမရှိသေးကြောင်း၊ ယခု မိတ်ဆွေနိုင်ငံဖြစ်သည့်၊     အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံဖြစ်သကဲ့သို့  အိန္ဒိယမှဆေး သန်း ၃၀ မှာထားသော်လည်း လက်တွေ့တွင် ၂ သန်းသာရသေးကြောင်း၊ အချို့က ကြိုတင်ငွေချေပြီးဖြစ်ကြောင်း၊ ယင်းကို ဆေးထပ်ရဖို့ ဖိအားသွားပေး၍ မရကြောင်း၊  အဘယ်ကြောင့်ဆိုသော် ၎င်းတို့နိုင်ငံတွင်ပင် ရောဂါဖြစ်ပွားမှုနှုန်းများနေပါကြောင်း၊   ယခု အများဆုံးပို့ပေး နေသည့် မိတ်ဆွေနိုင်ငံမှာ တရုတ်နိုင်ငံဖြစ် ကြောင်း၊ ကျန်သည့်နိုင်ငံများက ပို့ပေး သည်ထက်   မိမိနိုင်ငံထဲတွင်   ထုတ်လုပ် နိုင်လျှင်   ပိုမကောင်းဘူးလားဆိုသည့် ယူဆချက်ဖြစ်လာကြောင်း၊   ထို့ကြောင့် တပ်မတော်ကာကွယ်ရေး   ဦးစီးချုပ် အနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရုရှားတွင်  တာဝန်ရှိသူများနှင့်   ဆွေးနွေး သည့်အခါ အခြေခံသဘောတူညီချက်ရခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်အတွက် စက်ရုံကိုအသစ် ထောင်မည်ဆိုလျှင်  ကုန်ကျစရိတ်များ သည့်အတွက် ဤနိုင်ငံတွင် ထုတ်လုပ်နိုင် ရန် အခြေခံအချက်အလက်များ မေးခြင်း များရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊  ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ   တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ  ထုတ်လုပ်နိုင်သည့် အခြေခံရှိနိုင်သည့်အတွက် မိမိတို့နိုင်ငံ တွင် စက်ရုံများကို လာရောက်လေ့လာ မည်ဖြစ်ကြောင်း၊ ထို့နောက် ထုတ်လုပ်နိုင် ရေး   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရ မည်ဖြစ်ကြောင်း၊ အမှန်တကယ်  ယခု လထဲတွင်  လာရောက်လေ့လာရန်ဖြစ် ကြောင်း၊  သို့သော်   မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများနေသည့် အတွက် ၎င်းတို့ဘက်က လာရောက်ရန် မေးမြန်းနေသည့် သဘောမျိုးရှိကြောင်း၊ လုပ်ဖြစ်မည်ဟုပြောလိုပါကြောင်း၊ အခြား ကိစ္စများနှင့် ပတ်သက်၍ လက်တွေ့ဖြစ် လာနိုင်သည့်ကိစ္စတွင်   စွမ်းအင်ဝန်ကြီး ဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ် ရေးလုပ်ငန်းဖြစ်ကြောင်း၊    ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်း ကို ရုရှားအနေဖြင့် စိတ်ဝင်စားကြောင်း၊ ၎င်းတို့အနေနှင့်လည်း   ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ အများဆုံးထုတ်လုပ်နေ သည့်  နိုင်ငံဖြစ်သည့်အတွက်၊   အတွေ့ အကြုံရှိပြီးဖြစ်သည့်အတွက် လုပ်ဆောင် သွားရန်ရှိကြောင်း၊   တွင်းအသစ်များ ရှာဖွေခြင်းလုပ်ငန်းများ၊ ရေနံမြေအဟောင်း များတွင်  ရေနံနှင့်  သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက် သွားရန်ရှိသည်ဟု  ပြောလိုပါကြောင်း၊ အခြားလုပ်ငန်းများအနေနှင့်လည်း ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းဖြစ်ပြီး ယင်းတို့မှာ လည်း  ညှိနှိုင်းဆောင်ရွက်ရမည်   ဖြစ် ကြောင်း၊ ၎င်းတို့ဘက်မှ တောင်းဆိုသည် မှာ ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း ဆိုလျှင်   မြန်မာနိုင်ငံဘက်တွင်     ဗီဇာ မလိုဘဲ တိုက်ရိုက်စင်းလုံးငှား    လေယာဉ် ဖြင့် ဝင်ရောက်နိုင်ခွင့်   စသည့်လုပ်ငန်းများ လည်း တိုးချဲ့လာမည်ဖြစ်ကြောင်း၊ သို့သော် ပထမဦးဆုံး မိမိတို့  လုပ်ရမည့်လုပ်ငန်း၊ အာရုံ စိုက်လုပ်ရမည့်လုပ်ငန်းမှာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင် ရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


နေပြည်တော်တိုင်းမ်  သတင်းဌာနမှ သတင်းထောက် ဦးမင်းမောင်က ကိုဗစ်-၁၉ ရောဂါပိုးအမျိုးအစား သုံးမျိုးတွေ့ရှိထားသည်ကိုသိရကြောင်း၊ အဆိုပါရောဂါ ပိုး သုံးမျိုးလုံး၏   မြန်ဆန်မှုနှုန်းသည် ဒုတိယလှိုင်းထက် ပိုမိုကူးစက်မြန်ဆန် သည်ကို တွေ့ရကြောင်း၊ မှာယူထားသည့် ကာကွယ်ဆေးများမှာ   တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများဖြစ်ပြီး မိမိတို့နိုင်ငံအနေ ဖြင့် ထုတ်လုပ်ရန်အတွက် ပြင်ဆင်နေ သည်ကိုသိရကြောင်း၊  လက်ရှိဖြစ်ပေါ်နေ သည့် ကိုဗစ်-၁၉  ရောဂါပိုး   သုံးမျိုးကို တရုတ်ကပို့လိုက်သည့် ကာကွယ်ဆေး အနေဖြင့်   ကာကွယ်ဆေးထိုးပြီးထား သည့်သူများမှာ ရောဂါပိုးပြန်လည်တွေ့ရ သည်ကို သိရကြောင်း၊ လက်ရှိတပ်မတော် အတွင်း ကာကွယ်ဆေးထိုးပြီးသည့် အရာရှိ များ ပြန်လည်ကူးစက်နေသည်ကို ကြား သိရကြောင်း၊ အဆိုပါ   ကိစ္စများနှင့် ပတ်သက်ပြီး မှာယူထားသည့်ဆေးများ သည် အာနိသင်ထိရောက်မှုရှိ/မရှိနှင့် တရုတ်က  ကူညီပေးသည်မှာ  မှန်သော် လည်း ကူညီပေးလိုက်သည့်ဆေးက မိမိ တို့နိုင်ငံအတွက်  အကျိုးသက်ရောက်မှု ရှိ/မရှိကို သိလိုကြောင်းမေးမြန်းသည်။


 မိမိနိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇနှင့်ပတ်သက်ပြီး သုံးမျိုး အပြင်   နောက်ထပ်  နှစ်မျိုးရှိသည်ကို ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ် ရှင်းလင်းမည်ဖြစ်ကြောင်း၊  အဆိုပါမေးခွန်း ဖြစ်ပေါ်လာခြင်းသည်   သတင်းအခြေခံ အချက်အလက်များကြောင့်ဖြစ်ကြောင်း၊  ကျင့်ဝတ်သိက္ခာမရှိသော   မီဒီယာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ CDM လုပ်သွား သည့် ဆရာဝန်၊ ဆရာမများနှင့် နိုင်ငံခြား တွင်နေထိုင်သည့် ဆန့်ကျင်ဘက်အမျိုး မျိုးပြောနေသည့် ကျန်းမာရေးဝန်ထမ်း များနှင့် ပြုလုပ်ထားသည့် အင်တာဗျူးများ တွေ့ရကြောင်း၊ ဖြေကြားမှုများတွင် ရုရှား နိုင်ငံထုတ်ကာကွယ်ဆေးများနှင့် တရုတ် နိုင်ငံထုတ် ကာကွယ်ဆေးများအနေဖြင့် စိတ်မချရကြောင်း၊ ၎င်းတို့နေထိုင်သည့် အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးထိုး ပြီးနောက် ရောဂါပိုးမှာ မကူးစက်ဘူးလား၊ အမေရိကန်နိုင်ငံတွင်လည်း   ရောဂါပိုး ကူးစက်လျက်ရှိကြောင်း၊   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးထားသည့်သူ များသည် ကိုဗစ်-၁၉ ရောဂါ မဖြစ်နိုင်ရန် အတွက် ၆၉ ရာခိုင်နှုန်း အာမခံချက်ရှိ ကြောင်း၊  သိပ္ပံနည်းလမ်းအရ စစ်ဆေး တွေ့ရှိချက်ဖြစ်ပြီး ၎င်းထက်များစရာ မရှိ ဘဲ နည်းစရာသာရှိကြောင်း၊  အိန္ဒိယနိုင်ငံ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာယူ ခဲ့ပြီး   အိန္ဒိယနိုင်ငံတွင်  မည်မျှကူးစက် နေသည်ကို တွေ့ရကြောင်း၊   လက်တွေ့ နှိုင်းယှဉ်ကြည့်ပြီး ပညာရပ်အရ ပြောခြင်း မဟုတ်ကြောင်း၊  အိန္ဒိယနိုင်ငံနှင့် တရုတ် နိုင်ငံတွင်   မည်သည့်နိုင်ငံက    ရောဂါ ဖြစ်ပွားနှုန်းများနေသလဲ၊ အမေရိကန်တွင် ၎င်းတို့ဖော်ထားသည့်ဆေးနှင့် ကုသခဲ့ပြီး မည်မျှများနေသလဲ၊ ရုရှားနိုင်ငံတွင် ၎င်း ကိုယ်တိုင်ဖော်ထားသည့်ဆေးနှင့် ကုသ ခဲ့ပြီး  မည်မျှများနေသလဲ   စသည်ကို နှိုင်းယှဉ်ကြည့်လျှင်     သိနိုင်ကြောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က  ပြောသွားသည့်အတိုင်း   ရရှိထားသည့် ကာကွယ်ဆေးသည်   အကောင်းဆုံးဖြစ် ကြောင်း၊  အဆိုပါနိုင်ငံများမှ   ထုတ်ထား သည့် ကာကွယ်ဆေးများသည် အာမခံ ချက်ရှိခြင်းကြောင့် ထုတ်ထားပြီး  ၎င်းတို့ နိုင်ငံသားများကိုယ်တိုင် လက်တွေ့ထိုးပြီး ပျောက်ကင်းလျက်ရှိကြောင်း၊  သို့သော် မည်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မှ  အပြည့်အဝ   ကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ လူ၏ Antibody  နှင့် လည်း သက်ဆိုင်ကြောင်း၊ ၆၉ ရာခိုင်နှုန်း သာမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ သို့သော် အာမခံချက်အမြင့်ဆုံးအနေဖြင့် ကာကွယ် ဆေးထိုးထားသည့်သူများသည်  ရောဂါထပ်မံဖြစ်ပွားလျှင် ပြင်းထန်သည့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပြီး သေဆုံး မှုကို ၉၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင် ကြောင်း၊ အဆိုပါအခြေခံအချက်များကို သိရပြီးကြောင်း၊ ယခုလို မေးခွန်းမေးပေး သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊  မိမိတို့နိုင်ငံသူ၊  နိုင်ငံသားများ   လက်ထဲ တွင် မဟုတ်မမှန်မီဒီယာများက   အားပေး အားမြှောက်လုပ်ပြီး လူသတ်ကောင်များ က မေးနေခြင်းဖြစ်ကြောင်း၊   ယခင်က စစ်အစိုးရက ထိုးပေးသည့်ကာကွယ်ဆေး မထိုးရန်  ပြောဆိုသပိတ်မှောက်ခဲ့သည် များရှိကြောင်း၊ ယခုအခါ ကာကွယ်ဆေး ထိုးရန် အရေးကြီးသည့်အချိန်တွင် တရုတ် ကမှာယူထားသည့် ကာကွယ်ဆေးသည် မကောင်းကြောင်း၊  ရုရှားက   ကာကွယ် ဆေးသည် WHO အဖွဲ့အစည်းက  အသိ အမှတ်မပြုထားမှုကို    ဖြန့်ဝေလျက်ရှိ ကြောင်း၊ WHO က အသိအမှတ်ပြုထား သည့်  ကာကွယ်ဆေး   ထိုးသည့်သူများ လည်း ပြန်လည်ကူးစက်နေပြီး မည်သည့် ကာကွယ်ဆေးမဆို   ၆၉  ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း၊ သို့သော် သေဆုံး နိုင်ခြေနှင့် ပြင်းထန်စွာ ဖြစ်ပွားနိုင်ခြေကို ၉၃ ရာခိုင်နှုန်း ကာကွယ်ကြောင်း၊ ထပ်မံ တွေ့ရှိချက်များအရ တချို့နိုင်ငံများတွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထပ်မံထိုးရန် ဆောင်ရွက် နေကြောင်း၊ ဒုတိယအကြိမ်ဆိုသည်မှာ ပထမအကြိမ်တွင် နှစ်ကြိမ်ထိုးနှံပြီးထပ်မံ ထိုးနှံရန်  လုပ်ဆောင်နေကြောင်း၊ Anti-Body ကို စစ်ဆေးသည့်အခါ ကျနေသည့် သူများ၊ အဓိက ကျန်းမာရေးဝန်ထမ်းများ ကို   ထိုးရန်လုပ်ဆောင်နေကြကြောင်း၊ အဆိုပါအစီအစဉ်ကို မိမိနိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိကြောင်း   ပြန်လည် ဖြေကြားသည်။


အကောင်းဆုံးနည်းလမ်းဖြစ်


ဆက်လက်ပြီး    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ    ညွှန်ကြား ရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဖြည့် စွက်ရှင်းလင်းရာ ကမ္ဘာပေါ်တွင် ကာကွယ် ဆေးကိုထုတ်လုပ်ပြီး သုံးစွဲလာသည့်ကိစ္စ သည် ခေတ်ပေါ်ဆေးသိပ္ပံပညာ၏ ကောင်း ကျိုးတစ်ခုလည်းဖြစ်ကြောင်း၊  မည်သည့် ကာကွယ်ဆေးမှ ၁၀၀ ရာခိုင်နှုန်း  ကာကွယ် သည့်ဆေး   မပေါ်ပေါက်သေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ကာကွယ်ဆေး တစ်ခုကို  ပြည်သူလူထုအတွက် အသုံးပြု သင့်ကြောင်း၊ ထောက်ခံသည့်ဆေးသည် အခြေခံအားဖြင့် ၅၀ ရာခိုင်နှုန်းအထက်ကာကွယ်နိုင်လျှင် အဆိုပါကာကွယ်ဆေး သုံး၍ရသည်ကို သတ်မှတ်ထားကြောင်း၊ နှစ်စဉ်နှစ်တိုင်း  ထိုးနေသည့်   တုပ်ကွေး ကာကွယ်ဆေး(H1N1)သည် ၅၀ ရာခိုင် နှုန်းသာ ကာကွယ်နိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး၏  ထူးခြားချက် အနေဖြင့်   ၉၃   ရာခိုင်နှုန်းအထက် ကာကွယ်နိုင်ပြီး မျိုးပြောင်းလဲသည့် ပိုးကို ၆၀ ရာခိုင်နှုန်းအထက် ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ကို သုတေသနစာတမ်းအရ သိနိုင် ကြောင်း၊   လတ်တလော   အဖြစ်အပျက် များကိုကြည့်လျှင်   နေပြည်တော်ကောင်စီ နယ်မြေအတွင်း   ကျမ်းသုတေသနလုပ်ထားခြင်းများရှိကြောင်း၊ ကာကွယ်ဆေး ထိုးသည့်သူများတွင် မည်မျှကူးစက်ပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုနှုန်းသည် ကာကွယ်ဆေး ထိုးထားသည့်သူများတွင် အင်မတန်နည်းပါးကြောင်း၊    အသက် အရွယ်ကြီးလျှင် အတော်လေးစိတ်ပူရပြီး ကျန်းမာရေးအသိုင်းအဝိုင်းက     တချို့ ဆရာဝန်များလည်း ပါဝင်ပြီး ရောဂါအခံ များလည်းရှိကြကြောင်း၊ ကာကွယ်ဆေး ထိုးထားခြင်းကြောင့်  ပြင်းပြင်းထန်ထန် မခံစားရဘဲ ပြန်ကောင်းသွားသည့်သူများ မျက်မြင်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်များ ကိုလည်း    ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း၊ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေး အမျိုးအစား Sputnik V ၊ Sinopharm နှင့် Sinovac အမျိုးမျိုးရှိကြောင်း၊ Sino-pharm   သည်    ကမ္ဘာ့ကျန်းမာရေး လက်မှတ်ရထားပြီး Sinovac အနေဖြင့်  EU က အရေးပေါ်အသုံးပြုခွင့် လက်မှတ် ရထားကြောင်း၊ ၎င်းတို့   နိုင်ငံများတွင်  အများကြီးထိုးလျက်ရှိကြောင်း၊ ကာကွယ် ဆေးတစ်ခုကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက   အသိအမှတ်ပြု ပြီးမှ မိမိတို့နိုင်ငံမှာ ထိုးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးတစ်ခုအနေဖြင့်   အသိ အမှတ်ပြုရန်အတွက်     အခြေခံအရည် အချင်း  နှစ်ခုရှိပြီး   နံပါတ်တစ်ကာကွယ် ဆေးသည် ထိရောက်မှုရှိရမည်၊ နံပါတ်နှစ် ဘေးကင်းလုံခြုံစိတ်ချရမှုရှိရမည်၊ အဆိုပါ အချက်များပြည့်စုံမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြုမည် ဖြစ်ကြောင်း၊   အဆိုပါ    အသိအမှတ်ပြု ကာကွယ်ဆေးကို အဆိုပါနိုင်ငံများတွင် ထိုးနှံခြင်း ရှိ၊ မရှိ ကြည့်ရမည်ဖြစ်ပြီး ယခု ကာကွယ်ဆေးကို  အဆိုပါနိုင်ငံများတွင် ထိုးထားသည့်သူများ  များစွာရှိကြောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံအရေအတွက် ဘယ် လောက်က   အဆိုပါ   ကာကွယ်ဆေးကို ထိုးထားသလဲဆိုလျှင်  Sinovac နှင့် Sp-utnik V ကို ကမ္ဘာပေါ်တွင် ထိုးနေသည့် နိုင်ငံအများအပြားရှိကြောင်း၊ ကာကွယ် နိုင်စွမ်းကို ဆေးပညာဆောင်းပါးများတွင်  ရှာကြည့်လျှင်   တွေ့နိုင်ကြောင်း၊    ၅၀ ရာခိုင်နှုန်းအထက်မှာရှိခြင်း၊ အာနိသင် သက်ရောက်မှုလည်းရှိခြင်းနှင့်  ထိုးထား သည့်သူများတွင် ပြင်းပြင်းထန်ထန် မခံ စားရကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံအတွက် ရရှိသည့်ဆေးသည်   အကောင်းဆုံးဖြစ် ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထိုးသင့်ကြောင်းကို   တရားဝင်ထုတ်ပြန် ထားကြောင်း၊ သို့သော် ကာကွယ်ဆေးထိုး ပြီးသည့်အခါ    ၁၀၀    ရာခိုင်နှုန်းအပြည့် ကာကွယ်နိုင်သည့်ဆေး  မရှိသေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထူးခြား ချက်အရ ရောဂါပိုးဝင်လာလျှင်လည်း ခံနိုင်ရည်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးသည် မျက်လုံး၊ ပါးစပ်၊ နှာခေါင်းမှ  ဝင်လာခြင်း ကြောင့် အဆိုပါနေရာများတွင် သွေးလည် ပတ်မှုက ရောဂါပိုးကို  ချေဖျက်မှုများရှိ ကြောင်း၊ နှာခေါင်းတွင် ကပ်ပြီးပါလာခြင်း၊ နှာခေါင်းတစ်ဝိုက်တွင်ပွားနေခြင်းကို သွေး ထဲတွင် ရောဂါပိုးအများကြီး   မပွားနိုင်၊ ရောဂါအကြီးကြီး ဖြစ်မသွားသော်လည်း နှာခေါင်းတစ်ဝိုက်တွင်   ပွားနေချိန်တွင် အာခေါင်တို့ဖတ်ယူခြင်းကြောင့်    Posi-tive  ဖြစ်သွားသည့် သူလည်းရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးကို ထိုးနှံသင့်ပါ ကြောင်း၊  ကာကွယ်ဆေးထိုးခြင်းသည်  အနာဂတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကို ရေရှည်ရင်ဆိုင်နိုင်မည့်   အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း    ဖြည့်စွက် ရှင်းလင်းသည်။


နေပြည်တော်တိုင်းမ် သတင်းဌာနမှ သတင်းထောက် ဦးမင်းမောင်က လျှပ်စစ် မီတာကိစ္စနှင့်ပတ်သက်ပြီး  မီတာသုံးစွဲသူ ပြည်သူလူထုကြား ဝေဖန်ပြောဆိုမှုများ ရှိကြောင်း၊ ယခင်က ဆန္ဒပြသည့်ကိစ္စနှင့် ကြုံတွေ့နေသည့်အခါ မီတာရုံးမှာ ပြည်သူ လူထုထံသို့ စလစ်များကို အချိန်မီမရောက် ရှိခြင်းကြောင့်   ပြည်သူလူထုအနေဖြင့် မပေးဆောင်ခြင်းများရှိကြောင်း၊ တချို့ အနေဖြင့်  သုံးလကြာမြင့်ပြီး   သုံးလစာ စလစ်များရောက်ရှိခြင်းကြောင့် တွေ့ရှိရ ကြောင်း၊ ပြည်သူလူထုအနေဖြင့် သုံးလ ပေါင်းပြီးရောက်ရှိလာသည့် စလစ်များ အတွက် ဒဏ်ကြေးပေးဆောင်ရမှုအပေါ် သဘောမကျကြောင်း၊   အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ပြည်သူလူထုသည် Covid ကာလ၊ နိုင်ငံရေးပြဿနာကာလ၊ စားဝတ်နေရေး ကျပ်တည်းမှု၊ လုပ်ငန်း ရှားပါးမှုပြဿနာများကြောင့် ဒဏ်ကြေး အတတ်နိုင်ဆုံး   ဖြေလျှော့ပေးနိုင်ရန်ရှိ/မရှိကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ လျှပ်စစ်မီတာကိစ္စနှင့် ပတ်သက်သည့် မေးခွန်းကို လျှပ်စစ်နှင့်  စွမ်းအင်ဝန်ကြီး ဌာနကို  မေးမြန်းပြီးမှ   ဖြေနိုင်မည်ဖြစ် ကြောင်း၊ ဘာကြောင့်   ဒဏ်ကြေးပေး ဆောင်ရသည်မှာ သူ့အကြောင်းအရင်းနှင့် သူရှိမည်ဖြစ်ကြောင်း၊ အကြောင်းအရင်း မရှိဘဲ ဥပဒေမဲ့၊ စည်းကမ်းမဲ့လုပ်ဆောင် စရာ အကြောင်းမရှိကြောင်း၊ စလစ်များ သုံးလကြာမှ  ရောက်ရှိခြင်း၊   မီတာခ ကောက်ခံရန် တာဝန်မည်သို့ခွဲဝေထား သည်ကို  မည်သို့ရှိသည်ကို   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို   မေးမြန်းပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Daily Eleven သတင်းဌာနမှ သတင်း ထောက် အောင်မင်းသိန်းက CDM ပြုလုပ် သည့်  ကျန်းမာရေးဝန်ထမ်းတချို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သိုလှောင် ထားသည့်သိုလှောင်ရုံရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို   ပျက်စီးအောင် လုပ်ဆောင်သည့်ကိစ္စသည်  မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်း  ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။


တတိယလှိုင်း


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  သိုလှောင်ရုံကိစ္စ သည် မြေပြင်တွင် အမှန်တကယ်မဖြစ်ခဲ့ ကြောင်း၊ လက်ရှိအစိုးရကို သဘာကျသည့် သူများလည်းရှိပြီး   သဘောမကျသည့် သူများလည်း   ရှိနိုင်ကြောင်း၊    အစိုးရကို သဘောမကျသည့်သူများသည် အစိုးရ ကို ဆန့်ကျင်တိုက်ခိုက်မည်ဖြစ်ကြောင်း၊  အစိုးရကို    သဘောမကျခြင်းကြောင့် အစိုးရ၏    လုပ်ဆောင်ချက်အားလုံးကို ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင် အဆိုပါ အယူအဆသည်   အစွန်းရောက်သည့် အယူအဆဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေသည့်အချိန်တွင် ပထမအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးကြရန်လှုံ့ဆော်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးသည့်သူများရှိပြီး ကာကွယ်ဆေးထိုးနှံ သည့်အရေအတွက် ထုတ်ပြန်ခြင်းကြောင့် စိတ်ခံစားချက်ဖြင့်  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး     အာနိသင်မရှိဘူးဟု  ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းအား ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်း၊ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဘာမှ  သုံးစွဲ၍ မရတော့ကြောင်းကို မစဉ်းစားမဆင်ခြင် ဘဲ လုပ်ခြင်းဖြစ်ကြောင်း၊ ယခုအခါ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် ပြီး တတိယလှိုင်းဖြစ်လာခြင်းကို အခြား တစ်ဖက်တွင်   ရောက်နေသည့်   ဝါရင့် ကျန်းမာရေးပညာရှင်ကိုယ်တိုင်က   ၎င်း တို့ကို မကူးစက်ကြောင်း၊ တပ်နှင့်ရဲများကို သာ ကူးစက်မည်ဟု ပြောဆိုထားခြင်းများ ရှိကြောင်း၊  အတွေ့အကြုံ၊   ဉာဏ်ပညာ လည်းရှိသူ   ကိုယ်တိုင်ပြောဆိုခြင်းဖြစ် ကြောင်း၊ သို့သော်အမုန်းတရား၊ ဆန့်ကျင် ဘက်များလာသည့်အခါ စဉ်းစားဆင်ခြင် သည့် စိတ်ဖြင့် မပြောနိုင်တော့ကြောင်း၊  အမုန်းတရားများ မှတ်ထားသည့်ဉာဏ် များ ကောင်းရန်မလိုကြောင်း၊ တချို့အရာ များကို မေ့လိုက်ခြင်းသည်  ကောင်းပြီး၊ မေ့ဉာဏ်မကောင်းလျှင် ရူးတတ်ပါကြောင်း၊ မေ့သင့်သည့်အရာများ၊ ခွင့်လွှတ်သင့်သည့် အရာများကို  မခွင့်လွှတ်လျှင်  ရူးတတ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
Daily Eleven သတင်းဌာနမှ သတင်း ထောက်  အောင်မင်းသိန်းက   ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို   အိန္ဒိယနိုင်ငံကနေ ဝယ်ယူပြီး   ထိုးနှံပေးခဲ့ကြောင်း၊   ပထမ အကြိမ်ထိုးသည့်အချိန်က နိုင်ငံ့ဝန်ထမ်း များ၊  ပြည်သူလူထုများပါ    တော်တော် များများထိုးခဲ့ကြကြောင်း၊ ဒုတိယအကြိမ် မထိုးနှံသည့်သူများရှိသည်ကို သိရကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့်   လူဦးရေမည်မျှ ရာခိုင်နှုန်းလောက်  ကာကွယ်ဆေးလာ မထိုးသည်ကို   သိလိုကြောင်း    မေးမြန်း သည်။


ကြောင်တောင်တောင်
အတွေးအခေါ်များ ထွက်လာ


ဗိုလ်ချုပ်  ဇော်မင်းထွန်းက   ပထမ အကြိမ် ကာကွယ်ဆေးထိုးသည့်စာရင်း နှင့် ဒုတိယအကြိမ်   ကာကွယ်ဆေးထိုး သည့်စာရင်းအရ လူဦးရေ ၄ သိန်းနှင့် ၅ သိန်းကြားကွာဟကြောင်း၊ ဒုတိယအကြိမ် ထိုးသည့်အခါ လှုံ့ဆော်မှုများ တော်တော် များကြောင်း၊   တချို့အနေဖြင့်   မျိုးစုံ လှုံ့ဆော်မှုကြောင့်    မထိုးခဲ့ခြင်းဖြစ် ကြောင်း၊ သွားထိုးသည့်သူများကို ဒလန် ဟု စွပ်စွဲမှုများရှိကြောင်း၊ အမုန်းတရား များခြင်းကြောင့် ကြောင်တောင်တောင် အတွေးအခေါ်များ   ထွက်လာခြင်းဖြစ် ကြောင်း  ပြန်လည်ဖြေကြားသည်။
Daily Eleven သတင်းဌာနမှ သတင်း ထောက် အောင်မင်းသိန်းက ကာကွယ်ဆေး ကိုပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ် မထိုးနှံခြင်းကြောင့် မည်သည့်ဘေးထွက် ဆိုးကျိုးများဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
အဆိုပါမေးခွန်းနှင့်    ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ကာကွယ်ဆေးတစ်ခု၏ အာနိသင်အပြည့် အဝရရန်အတွက် ပထမအကြိမ်နှင့် ဒုတိယ အကြိမ်    ထိုးနှံပြီး  နှစ်ပတ်အကြာတွင် ကိုယ်ခံအား   အပြည့်အဝရရှိမည်ဖြစ် ကြောင်း၊  ထိုးနှံသည့်အဖွဲ့များကလည်း ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အတွေ့အကြုံရှိသည့်ဆရာဝန်ကြီးများနှင့် ညှိနှိုင်း ပြီး လမ်းညွှန်မှုများ ခံယူလျက်ရှိကြောင်း၊ များသောအားဖြင့် တစ်ကြိမ်တည်း ထိုးထား လျှင်  အပြည့်အဝမရဘဲ အခုနောက်ပိုင်း တစ်ကြိမ်ထိုးထားလျှင်   ထိရောက်မှု   ရှိ ကြောင်း၊  နှစ်ကြိမ်ထိုးထားလျှင်    Anti Body  နေနိုင်သည့်ပမာဏ   ပိုရှည်သွား ကြောင်း၊ တစ်ကြိမ်ထိုးနှံထားပြီး နောက် ထပ်တစ်ကြိမ် မထိုးနှံသည့်သူ ကျန်းမာ ရေးဝန်ထမ်းတွင် လူဦးရေ  ၃  သောင်း လောက်ရှိကြောင်း၊    အဆိုပါလူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ထိုးနှံပေးရန်  ဆောင်ရွက်ထား ကြောင်း၊  ဆေးရရှိမှုအပေါ်    မူတည်ပြီး  အမျိုးသားအဆင့် Corona Virus   ဗဟို ကော်မတီ၏   လမ်းညွှန်မှုကိုခံယူပြီး  ဝန်ကြီးဌာနအနေဖြင့်     ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း    ပြန်လည် ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိမြေပြင်တွင် ရောဂါပိုးတွေ့ရှိမှုအများကြီးဖြစ်နေပြီး ပြီးခဲ့သည့် အစိုးရလက်ထက်တွင် စာသင်ကျောင်း များကို    သံသယလူနာ    စောင့်ကြည့်ရန် အတွက် အသုံးပြုခဲ့ခြင်းများ    ရှိကြောင်း၊ လက်ရှိကျောင်းများကို   ခေတ္တပြန်ပိတ် ထားသော်လည်း အမျိုးသားရေးတာဝန် အနေဖြင့် ဖြေရှင်းနေသည့်အခါ စာသင် ကျောင်းများကို အသုံးချရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျောင်းအားလုံးအသုံးချရန်မရှိကြောင်း၊ တချို့မြို့ များတွင် သွားရေးလာရေး အချက်အချာ ကျသည့် စာသင်ကျောင်းတချို့ကို လတ် တလော စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဖြေကြားသည်။   


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NLD ပါတီမှ ဦးဉာဏ်ဝင်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီဆိုပြီး သတင်းများထွက်နေကြောင်း၊ အဆိုပါကိစ္စ ကိုအတည်ပြုပေးစေလိုကြောင်း၊ အမှန် တကယ်  ဟုတ်/မဟုတ် သိလိုကြောင်း၊ ၎င်းတို့ကို မည်ကဲ့သို့ကုသမှုပေးနေသည် ကို ထုတ်ပြန်ပေးစေလိုကြောင်း၊ စစ်ရေး ပိုင်းအနေဖြင့် တပ်မတော်ဘက်မှ လိုင်ဇာ ကို အချိန်မရွေး   သိမ်းလို့ရသည့်အနေ အထားကို ရောက်နေပြီဆိုပြီး သတင်းများ တက်လာကြောင်း၊   တပ်မတော်ဘက် ကလည်း  ငြိမ်းချမ်းရေးကိုထိခိုက်မည် စိုးရိမ်သဖြင့် ချိန်ဆနေသည်ဟု ပြောဆိုမှု များထွက်လာကြောင်း၊ အဆိုပါကိစ္စအပေါ် ဗိုလ်ချုပ်အနေဖြင့်  မည်ကဲ့သို့ပြောကြားပေးနိုင်မည်ကို  သိလိုကြောင်း   မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်   ပြော ကြားခဲ့တာရှိကြောင်း၊   EAO  အဖွဲ့များ မည်သည့် နေရာတွင်ရှိသည်၊ ဌာနချုပ်များ မည်သည့်နေရာတွင်ရှိသည်ကို   သိပြီး ဖြစ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုပြီး EAO များ ယခင် ကတည်းက  နေထိုင်ခဲ့သည့်နေရာများ၊ ဌာနချုပ်များကို  နိုင်ငံတော်၏အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်လုံခြုံ ရေးကိုမထိခိုက်သရွေ့ မတိုက်ခိုက်ဘူးဟု ပြောထားတာရှိကြောင်း၊ အဆိုပါအတိုင်း ပင် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။ 
နေပြည်တော်တိုင်းမ် သတင်းဌာနမှ အယ်ဒီတာ   ဦးမင်းမောင်က   လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ Third Wave ရောက်သည့် အချိန်ဖြစ် ကြောင်း၊ ပထမနှင့် ဒုတိယလှိုင်းများတွင် လည်း   စာသင်တိုက်သံဃာတော်များ၊ ဆရာတော်များအနေဖြင့် ဆွမ်း၊ ကွမ်းကိစ္စ အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင် နေရသည်ကို   မြေပြင်ကွင်းဆင်းမှုများ အရသိရှိရကြောင်း၊   အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိုဆရာတော်များ၏ အခက်အခဲများအား တစ်ဖက်တစ်လမ်းမှ မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။


အစိုးရဖြစ်မှလုပ်တာ မဟုတ်


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စ ကို တပ်မတော်အနေဖြင့် နေ့စဉ်၊ အပတ် စဉ်လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မှ ပြုလုပ်ခြင်းမဟုတ်ကြောင်း၊ တပ်မတော် အနေဖြင့်   ဆရာဒကာစီမံချက်ဆိုပြီး ယခင်ကတည်းကရှိကြောင်း၊ ဆရာဒကာ စီမံချက်ဆိုသည်မှာ   ထူးထူးဆန်းဆန်း စီမံချက်မဟုတ်ကြောင်း၊   ဆရာတော်၊ သံဃာတော်များနှင့်  ပတ်သက်ပြီး   ပရိ ယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဒ သာသနာ့တာဝန် များ ထမ်းဆောင်နိုင်ရန်အတွက် လိုအပ် သည့်  ဆွမ်း၊ ကွမ်းကိစ္စများကို   စီစဉ် ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်အနေ ဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်   ဆရာတော်များ ၏ ကျန်းမာရေးနှင့် ဆရာတော်များ၏ ကျောင်းသန့်ရှင်းရေးကိစ္စများကို အရှိန် အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အစိုးရ ဖြစ်မှလုပ်တာ    မဟုတ်ကြောင်း၊  ယခင် ကတည်းက    ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က တစ်နိုင်ငံလုံးက ပြည်သူ တွေရော၊ တပ်မတော်ကို ထောက်ခံသည့် အမျိုးသားရေးသမားများ  အပါအဝင် အားလုံး   စိတ်ဝင်စားနေကြကြောင်း၊ အဆိုပါကိစ္စမှာ NLD ခေါင်းဆောင်များကို အရေးယူသည့်ကိစ္စဖြစ်ကြောင်း၊ လက်ရှိ တွင် တည်ဆဲဥပဒေအရထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများ   တွေ့ရပါ ကြောင်း၊   ဒီထက်    လေးနက်သည့် အကြောင်းအခြင်းအရာများကို ပြည်သူ တွေက မျှော်လင့်နေကြကြောင်း၊ သတင်း စာရှင်းလင်းပွဲ တစ်ခါလုပ်ရင် ဒါတွေပါ မလားဆိုပြီး ပြည်သူတွေ  မျှော်လင့်နေ သည့် အသံများကို မိမိတို့   ကြားနေရ ကြောင်း၊ ဒါကြောင့် နောက်ထပ်သတင်းစာ ရှင်းလင်းပွဲများတွင် NLD  ၏   တာဝန်ရှိ သည့်     ထိပ်ပိုင်းခေါင်းဆောင်များ၏ အကြောင်းခြင်းရာများကို ထည့်သွင်း ဆွေးနွေးလိုမှု   ရှိ/မရှိ  သိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကြိုတင် ပြော၍ မရကြောင်း၊   ဖြစ်ပေါ်လာသည့် အခြေအနေတွေအပေါ်မူတည်ပြီး လုပ်ရ မှာဖြစ်ကြောင်း၊   ငယ်ငယ်ကဆိုခဲ့သည့် နိုင်ငံတော်သီချင်းတွင်        တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေဆိုပြီး      ပါရှိ ကြောင်း၊ တပ်မတော်အနေဖြင့်လည်း မဲစာရင်းမသမာမှုကြောင့်   တာဝန်ယူ ခဲ့ခြင်းဖြစ်ကြောင်း၊ တရားမျှတမှုအတွက် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ အရေးယူ ခြင်းမယူခြင်းကလည်း သူ့ရဲ့ဥပဒေအပေါ် ကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းနှင့်သာ ဆိုင်ပါကြောင်း၊ Emotion ဖြင့် လုပ်လို့ မရကြောင်း၊   တရားဥပဒေအပေါ်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊   တရား ဥပဒေအရ   အရေးယူသင့်သည်ဆိုလျှင် အရေးယူမည်ဖြစ်ပြီး အရေးမယူသင့်ပါက အရေးမယူဘူးဆိုသည့် အခြေအနေမျိုး သာ ဖြစ်လာမည်ဖြစ်ကြောင်း၊ သတင်း ထောက်ကြီးတို့   သိပြီးဖြစ်လိမ့်မည်ဖြစ် ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် UEC မှ ရှင်းလင်းသည့် အကြောင်းအရာများ၊ မိမိတို့ရှင်းလင်းသည့် အကြောင်းအရာများ တွင်  မည်သူတွေက   မည်သည့်ပြစ်မှုကို ကျူးလွန်နေသည်၊ မည်ကဲ့သို့လုပ်သည်ကို သတင်းထောက်ကြီးတို့လည်း တွေ့ရှိပြီး ဖြစ်ကြောင်း၊   တရားဥပဒေအတိုင်းသာ ဖြစ်မည်ဟု ပြန်လည်ဖြေကြားသည်။
နိဂုံးချုပ်အနေဖြင့်      ဗိုလ်ချုပ် ဇော်မင်းထွန်းက  ကိုဗစ်-၁၉  ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ ပြည်သူ များကို အသိပေးချက်များ၊ သတင်းမှန် ပြန်ကြားချက်များကို အစိုးရပိုင်သတင်း ဌာနများမှလည်း  ထုတ်လွှင့်လျက်   ရှိ ကြောင်း၊    တက်ရောက်လာကြသည့် မီဒီယာများအနေဖြင့်လည်း  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့်   စည်းမျဉ်း စည်းကမ်းများ၊ ကျန်းမာရေးအသိပညာ ပေးမှုများကို ပြည်သူများ ပိုမိုသိရှိလာ စေရန် မိမိတို့တတ်စွမ်းသမျှ ဆောင်ရွက် ပေးကြစေလိုကြောင်း    မေတ္တာရပ်ခံ ပြောကြားသည်။      ။