(၁၁) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၂၁


(၁၁) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ  ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်  ကျင်းပရာ   အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ  ပါဝင်တက်ရောက်သည်။


အစည်းအဝေးတွင်   ကမ္ဘော ဒီးယားနိုင်ငံ   ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးနှင့်  အပြည်ပြည် ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E. Prak Sokhonn နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး H.E. Dr. Subrahmanyam Jaishankar တို့က  ပူးတွဲသဘာ ပတိများအဖြစ် ဆောင်ရွက်ခဲ့ကြ ပြီး အခြား မဲခေါင်-ဂင်္ဂါ  ပူးပေါင်း ဆောင်ရွက်မှု    အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့်  လာအို၊  ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ   ပါဝင်တက်ရောက် သည်။
အစည်းအဝေး      မစတင်မီ        ဝန်ကြီးများသည်    မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု  ဝက်ဘ်ဆိုဒ် ကို စတင်ဖွင့်လှစ်ခဲ့ပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု   မှတ်တမ်း ဗီဒီယိုနမူနာကို    ကြည့်ရှုခဲ့ကြ သည်။ 


ဆက်လက်၍    ဝန်ကြီးများ သည်   မဲခေါင်-ဂင်္ဂါ  ပူးပေါင်း ဆောင်ရွက်မှု        ဦးစားပေးကဏ္ဍ များ၏ တိုးတက်မှုအခြေအနေကို    သုံးသပ်ဆွေးနွေး၍    အနာဂတ် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။    ထို့အပြင် အိန္ဒိယနိုင်ငံနှင့်  မဲခေါင်နိုင်ငံများ အကြား   ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြသည်။
အစည်းအဝေးတွင်  ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ဆွေးနွေး ရာ၌ အိန္ဒိယနိုင်ငံက   မြန်မာနိုင်ငံ ၏   ကိုဗစ်-၁၉   ရောဂါတိုက်ဖျက်မှု အတွက်  ဆေးပစ္စည်းအကူအညီ များ ပေးအပ်မှု၊ ဘာသာရပ်နယ်ပယ် အသီးသီး၌    ပညာသင်ဆုများ   ထောက်ပံ့ပေးနေမှု၊   ငလျင်ဒဏ် ခံစားခဲ့ရသည့်    ပုဂံဘုရားများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး၊ ဗုဒ္ဓဂယာ၌      မင်းတုန်းမင်းနှင့် ဘကြီးတော်မင်းတို့ တည်ထားခဲ့ သည့် သမိုင်းဝင်ဘုရားပုထိုး ၂ ဆူ ပြန်လည်    မွမ်းမံရေးအပါအဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနေမှု၊ မြန်မာ နိုင်ငံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက်  မြန်ဆန်စွာ    အကျိုး ဖြစ်ထွန်းစေသည့်     စီမံကိန်း (QIPs) (၅)ခု ပေးအပ်မှုနှင့် Lines of Credit   ပေးအပ်ကူညီပေးမှု များအတွက်     ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင် ရွက်မှု    အဖွဲ့ဝင်နိုင်ငံများအကြား    ကျန်းမာရေးလုံခြုံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို     နီးကပ်စွာ နှင့်   နက်ရှိုင်းစွာ  ပူးပေါင်းဆောင် ရွက်ရန်           အရေးကြီးကြောင်း         အလေးထား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက် မှု၏ (၂၁) နှစ်တာကာလအတွင်း  သိသာထင်ရှားသည့် အောင်မြင် မှုများ ရရှိနေမှုအပေါ် အသိအမှတ် ပြုပြောကြားခဲ့ပြီး     မြန်မာနိုင်ငံ အနေဖြင့် မဲခေါင်-ဂင်္ဂါ  ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်၌ အပြည့်အဝ     ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။


အစည်းအဝေး၌  (၁၁) ကြိမ် မြောက်  မဲခေါင်-ဂင်္ဂါ   ပူးပေါင်း ဆောင်ရွက်မှု      နိုင်ငံခြားရေးဝန်ကြီး များ  အစည်းအဝေး၏   ပူးတွဲ ကြေညာချက်ကို      အတည်ပြု ချမှတ်ခဲ့ပြီး   မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၂) ဆိုင်ရာ    ဖြစ်ပေါ် တိုးတက်မှု        အစီရင်ခံစာနှင့်         မြန်ဆန်စွာ  အကျိုးဖြစ်ထွန်းစေ သည့်  စီမံကိန်း (QIPs) စာရင်းများ အပေါ် မှတ်တမ်းတင်ခဲ့သည်။
မဲခေါင်-ဂင်္ဂါ        ပူးပေါင်း ဆောင်ရွက်မှုသည်   ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်   ဒေသတွင်း   ပြည်သူများအကြား ချစ်ကြည်ရင်းနှီးသည့်    ဆက်နွှယ် မှုများ တိုးမြှင့်လာစေရေးတို့အတွက်  စုပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်၌    လာအိုနိုင်ငံ  ဗီယင်ကျန်းမြို့တွင်    စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။   အိန္ဒိယနိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊   မြန်မာ၊  ထိုင်းနှင့်   ဗီယက်နမ်နိုင်ငံတို့ဖြင့်  ဖွဲ့စည်းထားကြောင်း   သိရသည်။

သတင်းစဉ်