
ရန်ကုန် ဩဂုတ် ၁၀
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဆိုလို မြို့၌ ကျင်းပခဲ့သည့် (၁၁) ကြိမ် မြောက် အာဆီယံမသန်စွမ်းသူ များ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ အားကစားသမား များ၏ ပြိုင်ပွဲအတွေ့အကြုံနှင့် ပီတိစကားသံများကို မြန်မာ့ အလင်းက တွေ့ဆုံမေးမြန်းခဲ့သည်။
“ရွှေတံဆိပ်ရတဲ့လူက နိုင်ငံ အလံကို ထိပ်မှာတင်ပြီး နိုင်ငံတော် သီချင်းကို လွှင့်တဲ့အချိန်မှာ သက်ဆိုင်ရာ ကွင်းထဲမှာရှိတဲ့ ကျန်တဲ့နိုင်ငံအားလုံးက မတ်တပ် ရပ်ပြီးတော့ ကိုယ့်နိုင်ငံအလံကိုအလေးပြုရတယ်။ အဲဒီခံစားချက် က ဘာနဲ့မှမတူဘူး။ အုပ်ချုပ်သူ တွေ၊ နည်းပြတွေက သေချာထား ပေးပါတယ်။ ပြီးရင်လစဉ် ကစား သမားတွေရဲ့ တိုးတက်မှုတွေကို ဆန်းစစ်ပါတယ်။ လစဉ်သူတို့ရဲ့ နိုင်ငံတကာမှာပြိုင်တဲ့ စံချိန်တွေနဲ့ ချိန်ထိုးပြီးတော့မှ အားနည်းချက် အားသာချက်တွေ၊ လိုအပ်တာ တွေ ဖြည့်စွက်ဆောင်ရွက်ပေးပါ တယ်” ဟု မြန်မာနိုင်ငံမသန်စွမ်း သူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့် (လေ့ကျင့်/ ဘဏ္ဍာ)က ပြောသည်။
“မီတာ ၂၀၀ ဖရီးစတိုင်မှာ ကျွန်တော် ယခင်အာဆီယံ စံချိန်ပြန်ရတယ်၊၊ အဲဒီအတွက် ကျွန်တော်ရွှေတံဆိပ်တစ်ခု ထပ် ရတယ်၊၊ နောက်ပြီးတော့ မီတာ ၁၀၀ ပက်လက်ကူးမှာလည်း ကျွန်တော်အာဆီယံစံချိန်မီတယ်၊၊ အဲဒီအတွက်လည်း ရွှေတံဆိပ် တစ်ခု ထပ်ရတယ်၊၊ နောက်မီတာ ၅၀ မှာကျတော့ ကျွန်တော်တို့ ဖိုင်နယ် နှစ်ပွဲကူးရတဲ့အတွက် ကျွန်တော် အားကုန်သွားတယ်၊၊ ပထမဖိုင်နယ်မှာ ကျွန်တော် တတိယပဲရတယ်။ အတိုင်းမသိ ဝမ်းသာပါတယ်။ နိုင်ငံတော်အနေ နဲ့လည်းကျွန်တော်တို့ကို ဒီလိုမျိုး ချီးမြှင့်မြှောက်စားပြီး လုပ်ပေး ထားတဲ့အတွက် ကျွန်တော်တို့ အစက ကြိုးစားတာထက်စာရင် အခု ကြိုးစားမှုက ပိုပြီးတော့ ကိုယ် ကြိုးစားသလောက် အရာ ထင်လာတဲ့အတွက် ပိုပြီးတော့ လည်း ကြိုးစားမယ်လို့လည်း ပြောချင်ပါတယ်။” ဟု ရေကူး အားကစားသမား အောင်မြင့်မြတ် ကပြောသည်။
“ကျွန်တော် မီတာ ၁၀၀၊ မီတာ ၂၀၀ နဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်း တို့မှာ ရွှေနှစ်ဆုနဲ့ ငွေတံဆိပ် တစ်ခုရရှိခဲ့တာပါ၊၊ လက်ရှိမှာ ကိုယ်က ချန်ပီယံဖြစ်တဲ့အတွက် ကိုယ့်နေရာကို မြဲအောင်လည်း ဖြစ်ရမယ်၊၊ နိုင်ငံအတွက်လည်း ဆုံးရှုံးနစ်နာမှုမရှိအောင် ဒီထက် ပိုကောင်းအောင် ပိုပြီးတော့ ကြိုးစားသွားမယ်” ဟု ပြေးခုန်ပစ် အားကစားသမား စိုးပေက ပြော သည်။ (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ က လက်ခံကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
တင်စိုး