၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်
အဓိက   မိမိပြောလိုသည်မှာ   မလေးရှားနိုင်ငံကို  အဖွဲ့အစည်းတစ်ခုက    တရားစွဲထားကြောင်း၊ အဆိုပါ လူများကို   ပြန်လွှတ်လျှင်   လွတ်လပ်မည် မဟုတ်ကြောင်း၊ ယခုအချိန်တွင် မလွှတ်သင့်သေး ခြင်းကြောင့်   တရားစွဲထားကြောင်း၊   ဒီအထောက် အထားရရှိရန်အတွက်     အထောက်အပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သွားမေးသည့်သူအနေဖြင့် တပ်မတော်  Quarantine Center ထားသည့်သူများ အပြင်ထွက် ချိန်တွင်  အင်တာဗျူးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှားပြန် အင်တာဗျူးကိုကြည့်ပြီး မိမိ ပြောလို သည်မှာ ထိုအရာကိုပဲ နှိုင်းယှဉ်ကြည့်စေလိုကြောင်း၊ တချို့အဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် မိမိတို့ ပြည်သူ လူထုအပေါ်နှင့် နိုင်ငံတော်အပေါ်ထားသည့် စေတနာအစစ်အမှန်ကို    တွေ့နိုင်လိမ့်မည်ဖြစ် ကြောင်း၊  ယခုလည်း အိန္ဒိယနိုင်ငံ  အန်ဒမန်ကျွန်း၊ ပို့ဘလဲယားဆိပ်ကမ်းမှာရှိသော မြန်မာနိုင်ငံသား ၇၀ ဦးအား မတ်လ ၆ ရက်က သွားရောက်ခေါ်ဆောင် ခဲ့ကြောင်း၊ မတ် ၁၀ ရက်  နေ့လယ်ပိုင်းတွင် ရန်ကုန် သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း၊  အများစု မှာ ရေလုပ်သားများဖြစ်ကြောင်း၊ တချို့မှာ မြန်မာ နိုင်ငံနှင့် အဆက်အသွယ်ပြတ်နေသည့် သူများဖြစ် ပြီး ၆ နှစ်လောက် အဆက်အသွယ်ပြတ်နေသူများပါဝင်ကြောင်း၊ ၎င်းတို့မှာ ဘာမျှော်လင့်ချက်မှမရှိ ကြောင်း၊ ထို့နောက် သီရိလင်္ကာ၌ ပညာသင်ကြားနေ သည့် စာသင်သား သံဃာတော်များ၊ သီလရှင်များ အား လေယာဉ်ဖြင့်  သွားရောက်ပင့်ဆောင်ခဲ့ကြောင်း၊ မတ်လ ၁၀ ရက်  ညနေတွင် ပြန်ရောက်ပြီးဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ပရောက် မိမိမြန်မာနိုင်ငံသားတွေအပေါ်မှာ ပင်   စေတနာထား   လက်တွေ့ဆောင်ရွက်ပေးခဲ့ ကြောင်း၊   မိမိနိုင်ငံအတွင်းမှာရှိသည့်   နိုင်ငံသူ၊ နိုင်ငံသား ပြည်သူလူထုအတွက်ဆိုလျှင် ဆိုဖွယ်ရာ မရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု ကြား သွေးကွဲစေရန်     ဆောင်ရွက်နေသည့်   အကြံ အစည် လုပ်ဆောင်ချက်များကို   သတိထားစေရန် အတွက် သတင်းစကားပါးလိုပါကြောင်း ပြောကြား သည်။
CDM ကြောင့် လူထုဒုက္ခရောက်
နံပါတ်(၃)ချက်အနေဖြင့်    CDM   ကိစ္စနှင့် ပတ်သက်ပြီး  ပြောကြားလိုကြောင်း၊   အစိုးရ၏ အုပ်ချုပ်မှုယန္တရား    ပျက်ပြားစေရန်   ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်းများအား အလုပ်မဆင်းရန်၊ ရုံးမတက် ရန်၊ လှုံ့ဆော်နေသည့်လူအများစုမှာ နိုင်ငံ့ဝန်ထမ်း များမဟုတ် ကြောင်း၊ မိမိထပ်မံပြောကြားလိုသည်မှာ CDM ကို လှုံ့ဆော်နေသူများမှာ နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်ကြောင်း၊ ဖေဖော်ဝါရီလအလယ်မှ အရှိန်မြင့် တက်လာပြီး နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာ စောင့်သိရိုသေကြသည့် ပြည်သူ့ဝန်ထမ်းတွေကို ရုံးဆင်း၊    ရုံးတက်မှာ     နှောင့်ယှက်ခြင်းများ၊ ဟန့်တားခြင်းများ၊  ကိုယ်ထိလက်ရောက်  ကျူးလွန် ခြင်းများ ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း၊ တရားမဝင်အဖွဲ့အစည်းအသီးသီးက Social Media မှတစ်ဆင့် CDM တွင် ပါဝင်သည့်  ဝန်ထမ်းများအား လစာပေးမည်၊  ဝန်ထမ်းအဖြစ်   ထုတ်ပယ်ပါက အလုပ်ခန့်အပ်မည်၊       နေစရာပေးမည်ဆိုသည့် မက်လုံး အမျိုးမျိုးပေးခြင်းများနှင့်  ခြိမ်းခြောက်ခြင်း အမျိုးမျိုး ဆောင်ရွက်ခဲ့ကြောင်း၊ ဒါကြောင့် အစ ပထမပိုင်းတွင် ဝန်ထမ်းအင်အား ၂၀ ရာခိုင်နှုန်းမှ ၃၀  ရာခိုင်နှုန်းခန့်   CDM မှာ   ပါဝင်သွားကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်လောက်မှစ၍ အစိုးရ၏ နှိုးဆော်ချက်များ၊ CDM သွေးထိုးလှုံ့ဆော်မှုတွေ၏ အပြောနှင့်အလုပ်   မညီမှုများကြောင့်   ဝန်ထမ်း အများစု လုပ်ငန်းခွင်ကို   ပြန်လည်ဝင်ရောက်လာ ပြီး ကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြစ် ကြောင်း၊ CDM တွင် ကျန်ရှိနေသည့် ဝန်ထမ်းတချို့ အနေဖြင့်လည်း ၎င်းတို့ ပြောနေသည့် ထောက်ပံ့ ကြေးများမရရှိကြောင်း၊ CDM အတွက် အလှူငွေ ကောက်ခံနေသည့်   အဖွဲ့အစည်းအသီးသီးအနက် တချို့အလှူခံပုဂ္ဂိုလ်များနှင့်   အဖွဲ့အစည်းများမှာ ထောက်ပံ့ကြေး အလွဲသုံးစား လုပ်ဆောင်နေခြင်းကို တွေ့ရကြောင်း၊ ထိုအရာများကိုလည်း စာရင်းဇယား များဖြင့် ပြသထားကြောင်း၊ ယခုပြသထားသည်မှာ CDM တွင် ပါဝင်သည့်သူများရရှိသည့်   ထောက်ပံ့ ကြေးငွေများဖြစ်ကြောင်း၊   ထိုအရာကို  ကြည့်မည် ဆိုပါက တချို့ဆိုလျှင် တစ်ဦးကို ၇၀၀၀ ကျပ်သာ ရရှိပြီး တချို့မှာ လုံးဝမရရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ဝန်ထမ်းမဟုတ်သည့် နိုင်ငံရေးသမား များ သွေးထိုးလှုံ့ဆော်နေသူများ၊ CDM အကြောင်းပြ ၍ အလှူငွေကောက်ခံသူများ၊ ဝန်ထမ်းများအပေါ် ကုပ်သွေးစုပ်နေသည့်     လုပ်ရပ်များဖြစ်ကြောင်း၊ CDM ကြောင့် သိသာထင်ရှားသည့် ပြည်သူလူထု အပေါ် ဒုက္ခရောက်စေသည်မှာ  ကျန်းမာရေးကဏ္ဍ ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ပြည်သူအား ကိုးနေသည့် ဆေးရုံ၊ ဆေးခန်းများအား   ပိတ်ထား ကြောင်း၊ မိမိတို့နိုင်ငံတွင်  ဆေးရုံဆေးခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး မတ်လ၌ ဆေးရုံကြီးများ ဖွင့်လှစ် နိုင်မှုအနေဖြင့် အပြည့်အဝဖွင့်လှစ်နိုင်မှု ၁၅ ရာခိုင် နှုန်းသာရှိကြောင်း၊ ပြင်ပလူနာဆောင်ပင် ဖွင့်ထား နိုင်မှု ၁၅ ရာခိုင်နှုန်းသာရှိပြီး ကျန်သည့် ၇၀ ရာခိုင် နှုန်းခန့်မှာ CDM   အကြောင်းပြ၍   ပိတ်ထားဆဲ ဖြစ်ကြောင်း၊   ပြည်သူလူထု   ဘယ်လောက် ဒုက္ခ ရောက်နေမည်ကို     စာနာကြည့်စေလိုကြောင်း၊ ယင်းသို့ပိတ်ထားခြင်းကြောင့်   ဖေဖော်ဝါရီလ အလယ်လောက်တွင် နေရာအနှံ့မှာ ပြည်သူလူထုက CDM မှာ ပါဝင်နေသည့်  ကျန်းမာရေးဝန်ထမ်းများ အား ဆန္ဒပြနေကြောင်း၊   တပ်မတော်အနေဖြင့် တပ်မတော်ဆေးရုံများတွင် ပြည်သူလူထု တက် ရောက် ကုသနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၁၀ ရက်နေ့အထိ ပြင်ပလူနာ ၅၉၆၈၇ ဦး၊ အတွင်း လူနာ ၃၈၀၀ ဦး၊    ခွဲစိတ်ကုသမှုလူနာ  ၄၀၄၉  ဦး၊ မီးဖွားလူနာ ၃၇၉၁ ဦးနှင့်  ကလေးမီးဖွားပေးနိုင်မှု ၃၇၉၁ ဦး မွေးဖွားကုသ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဒေသခံပြည်သူ လူထု၏ဆန္ဒအရ တချို့ဆေးရုံများ အား   ဖွင့်လှစ်ပေးပြီး   ဆေးရုံများတွင်  ဝင်ရောက် တာဝန်ယူထမ်းဆောင်ပေးခြင်းများ    ပြုလုပ်ပေးခဲ့ ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အစိုးရ ဆိုသည်ကို ခေါင်းထဲထည့်လျှင်ထည့်၊ မထည့်လျှင် နေ၊  ပြည်သူလူထုနှင့် နိုင်ငံတော်၊ နိုင်ငံသားဆိုသည် ကို   ခေါင်းထဲထည့်ဖို့လိုကြောင်း၊   ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် စစ်ဖြစ်နေလျှင်ပင် မိတ်ဆွေ၊ ရန်သူမခွဲခြားဘဲ    ကုသပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများကို CDM ကြောင့် ပိတ်ထားပြီး အခကြေးငွေယူ၍  ကုသနေသည့်  ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်   ယင်းပုဂ္ဂိုလ်များ   သွားရောက် ဖွင့်လှစ်ပေးနေခြင်းများ   တွေ့ရကြောင်း၊   ပြင်ပ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM လုပ်သည် ဆိုကာ ဆေးရုံ၊ ဆေးခန်းသွားထိုင်နေသည့် ဆရာဝန် များ၏ အမည်စာရင်း ပြုစုထားကြောင်း၊ ဘုတ်များ တွင်လည်း  ကပ်ပြထားကြောင်း၊   Power point တွင်လည်း  ပြထားကြောင်း၊ စာရင်းဇယားများအရ CDM လုပ်သည့် ဆရာဝန်ဦးရေ ၃၉၀၅ ဦးရှိပြီး CDM လုပ်သည်ပြောပြီး ပြင်ပဆေးရုံ၊   ဆေးခန်းများတွင် ကုသနေသည့်  ဆရာဝန်ပေါင်း  ၃၁၈  ဦးရှိကြောင်း၊ ထိုအရာများကို ဘုတ်များတွင် ထုတ်နုတ်ပြီး ဓာတ်ပုံ များဖြင့်  ပြသထားပြီး ကျန်သည့် ၁၀၀၀ ကျော်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် လည်း ထိုလုပ်ရပ်များမှန်၊ မမှန် ၎င်းတို့ကို အားပေး အားမြှောက်    လုပ်နေသည့်သူတွေ     ဘယ်သူတွေဆို သည်ကို ဆန်းစစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း၊ မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ ပြည်သူလူထု တစ်ရပ်လုံး   ကျန်းမာရေးသည်   အရေးကြီးသည့် အနေအထားဖြစ်ပြီး ယင်းသို့ အရေးကြီးသည့် အနေ အထားမျိုးတွင် အစိုးရဆိုသည်ကို   ခေါင်းထဲထည့် လျှင်ထည့်၊ မထည့်လျှင်နေ ပြည်သူလူထုနှင့် နိုင်ငံ သူ၊ နိုင်ငံသားများ၏ ကျန်းမာရေးကို ခေါင်းထဲထည့် ရန် ပြောလိုကြောင်း၊ CDM နှင့်ပတ်သက်၍ သွေးထိုး လှုံ့ဆော်သူများ၊ အလှူခံအလွဲသုံးစားလုပ်သူများ၊ အဖွဲ့အစည်းများကိုလည်း ထိရောက်စွာ အရေးယူမှု ပြုလုပ်လျက်ရှိကြောင်း၊      နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနှင့်   ဒေါ်မြင့်မြင့်ခင်ဖေ တို့ပိုင်သည့် နာရေးကူညီမှုအသင်းအား   မတ်လ ၃ ရက်က စစ်ဆေးခဲ့ကြောင်း၊ လှူဒါန်းထားသည့် ငွေတချို့ယူ၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ထိုနှစ်ဦးမှာ CDM တွင် ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်း များအား ထောက်ပံ့ရန် ကူညီဖန်တီးနေခြင်းဖြစ်ပြီး ၈၈ ငြိမ်းပွင့်အပါအဝင် ပြည်တွင်း၊ ပြည်ပကော်မတီ အဖွဲ့အစည်းများ လူပုဂ္ဂိုလ် ၄၉၈ ဦးတို့က ဖေဖော် ဝါရီလ ၁၀ ရက်မှ မတ်လ ၃ ရက်အထိ ပေးပို့လှူဒါန်း ငွေ ငွေကျပ်သိန်းပေါင်း ၆၁၀၀၊ အမေရိကန်ဒေါ်လာ ၂၀၆၇၀ လက်ခံရရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုမှ CDM ဝန်ထမ်း ၂၀၀၈ ဦးထံကို မတ်လ ၂ ရက် အထိ ကျပ်သိန်း ၂၈၀၀   ထောက်ပံ့ခဲ့ကြောင်း၊ ကျပ်သိန်းပေါင်း   နှစ်သောင်းထည့်ဝင်ထားသည့် (Fix deposit) ဘဏ်အကောင့် ၆ ခု ဖော်ထုတ်ရရှိခဲ့ပြီး လက်ခံငွေမှာ သိန်း ၆၀၀၀ ကျော်ဖြစ်ကြောင်း၊ CDM ဝန်ထမ်းများကို လှူဒါန်းငွေမှာ သိန်း ၂၈၀၀ ကျော်ရှိ ကြောင်း၊ မည်မျှကွာခြားသည်ကို တွေ့နိုင်ကြောင်း၊ သိမ်းဆည်းရမိသည့်   စာရင်းဇယားများအရလည်း သိနိုင်ကြောင်း၊ သိမ်းဆည်းရမိသည့် စာရင်းဇယား များကို Board များတွင်လည်း အသေးစိတ်ကပ် ထားပါကြောင်း၊ သက်ဆိုင်ရာ  ဥပဒေနှင့်   အမှုဖွင့် အရေးယူ                    ဆောင်ရွက်လျက်ရှိကြောင်း၊    နေပြည်တော်ကောင်စီနယ်မြေအတွင်း     အစိုးရ ဝန်ထမ်းများကို CDM တွင် ပါဝင်လာစေရေး အဓိက ကြိုးကိုင် ဆောင်ရွက်ခဲ့သည့် နေပြည်တော် စည်ပင် ကော်မတီဝင်ဟောင်း ဦးမင်းသူကို ဖေဖော်ဝါရီလ ၂၆ ရက်က ဖမ်းမိခဲ့ကြောင်း၊ ၎င်းကို စစ်ဆေးရာတွင် ဝန်ထမ်းများကို    သွေးထိုးလှုံ့ဆော်ရန်အတွက် မင်းကိုနိုင်၊ ဂျင်မီတို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်   ဦးအောင်ကြည်ညွန့် က CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းများကို လှုံ့ဆော်စည်းရုံးနိုင်ရန် CDM Supporting Teams များ ဖွဲ့ပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ NLD ပါတီဝင်များက ဝိုင်းဝန်းကူညီရန် ညွှန်ကြားချက် စာတစ်စောင် ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း အဖွဲ့ ၁၅ ဦး ရှိကြောင်းနှင့် လွတ်မြောက်နေသူများကို အမှုဖွင့်ထားကြောင်း၊ CDM အဓိက လှုံ့ဆော်သူ ရန်ကုန်တက္ကသိုလ်၊ အရှေ့ပိုင်းဌာနက ဦးအာကာ မိုးသူကိုလည်း မတ်လ ၂ ရက်က ဖမ်းဆီးခဲ့ပြီး ၎င်း အဖွဲ့မှာ ပါဝင်သူ ၁၄ ဦးကိုလည်း   အမှုဖွင့်ဖမ်းဆီး နိုင်ရေး   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ CDM ဦးဆောင်လှုပ်ရှားမှုတွင် ခေါင်းဆောင်ပါဝင်ခဲ့ သည့် ဗကသဟောင်း ကျော်ကိုကို ဦးဆောင်သည့် အဖွဲ့ကို ထိန်းသိမ်းခဲ့ရာတွင် ဖော်ထုတ်တွေ့ရှိရသည့် တွေ့ရှိမှုများကိုလည်း ဖော်ပြထားကြောင်း၊ ၎င်းတို့ ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း     ပြထား ကြောင်း၊  Board များတွင်လည်း Link များဖြင့် ပြသထားကြောင်း၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံမှာ ရှိသည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်များက CDM လှုပ်ရှား မှုအတွက် တရားမဝင် ငွေကြေးထောက်ပံ့နေမှုများ၊ ပါဝင်ပတ်သက်နေမှုများကိုလည်း  တွေ့နိုင်ကြောင်း၊ ကိုရီးယားမှ ကောက်ခံရရှိငွေ     ဝမ် ၂၅၆ သန်း၊ မလေးရှားမှ လွှဲပြောင်းငွေကျပ်သိန်း  ၂၀၀ ခန့်ရှိပြီး အားလုံးနီးပါးသည်   ဦးကျော်သူ၏   နာရေးကူညီမှု အသင်း(ရန်ကုန်)    ငွေစာရင်းထဲသို့    စီးဝင်ခဲ့ခြင်း ဖြစ်ကြောင်း၊   အဆိုပါငွေများနှင့်   ပတ်သက်ပြီး ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဆက်စပ် မှုများကိုလည်း မိမိတို့ပြသထားကြောင်း၊ CDM တွင် မပါဝင်သည့် နိုင်ငံတော်နှင့်ပြည်သူအပေါ် သစ္စာရှိ စွာ  တာဝန်ထမ်းဆောင်နေသော   ဝန်ထမ်းများကို လည်း တရားဥပဒေစိုးမိုးရေးအဖွဲ့များက ကာကွယ် စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ CDM တွင်ပါဝင် ရန် အတင်းအကျပ်ခြိမ်းခြောက်သူများက တိုင်ကြား သည်များကိုတွေ့ရှိရပါက  ရာဇသတ်ကြီး ပုဒ်မများ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အမှုဖွင့်ထားလျက်ရှိ ကြောင်း၊ ရာဇသတ်ကြီး ပုဒ်မဖြင့် အမှုဖွင့်ထားသူ ၉၆ ဦးရှိကြောင်း၊ ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့် ထားသူ  ၂၂ ဦးရှိကြောင်း၊ CDM တွင် မပါဝင်ဘဲ နိုင်ငံ့ တာဝန်ထမ်းဆောင်နေသည့်   ဝန်ထမ်းများကို နှောင့်ယှက်ခဲ့သည့်အတွက်   အမှုဖွင့်ထားမှုဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်း  များကို နိုင်ငံရေးသမားများ၊ ချိန်ခါမီလုပ်စားသမား များ၏ CDM ထောင်ချောက်ထဲကို ဝင်ရောက်မသွား စေဖို့ ယခုလို  ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ ဝန်ထမ်းများအနေဖြင့်     သေသေချာချာ   စဉ်းစား                               ချင့်ချိန်ပြီး သွေးထိုးလှုံ့ဆော် ချောက်ချစကားများကို နားမယောင်ကြရန် အကြံပြုလိုကြောင်း ပြောကြား သည်။    
အဂတိတိုက်ဖျက်ရေး ဥပဒေအရ အရေးယူ
နံပါတ်(၄)အနေဖြင့်        နိုင်ငံတော်အဆင့် လာဘ်ပေး၊ လာဘ်ယူမှုနဲ့ အလွဲသုံးစားမှု  (Corrup-tion) ဖော်ထုတ်တွေ့ရှိချက်တွေကို ပြောမည်ဖြစ် ကြောင်း၊ ယခင် ဝန်ကြီးဟောင်း သူရဦးအောင်ကို အနေဖြင့် ဝန်ကြီးတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော် မှ  လူပုဂ္ဂိုလ်များသို့      သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုး နှစ်စဉ် ချီးမြှင့်ပေးအပ်ခြင်းနဲ့ ပတ်သက်ပြီး ၂၁-၇-၂၀၂၀ ရက်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေကျပ်သိန်း ၁၀၀ နှင့် ၂၁-၃-၂၀၂၀ ရက်တွင် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူပြီး ၁၆-၇-၂၀၂၀ ရက်မှာ ငွေထုတ်ခဲ့တာ တွေ၊   ၁၈-၁၂-၂၀၂၀   ရက်မှာ    လုပ်ငန်းရှင် တစ်ဦးထံက လုပ်ငန်းများ ရေရှည်အဆင်ပြေစေဖို့ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန် Ford ကားတစ်စီး လက်ခံရယူခဲ့တာတွေ    ပေါ်ပေါက်လာလို့ အဂတိ လိုက်စားမှုတိုက် ဖျက်ရေးဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊  အထောက်အထား ချက်လက်မှတ်တွေ၊   ကားပုံတွေကို   တင်ပြပါ  Board မှာ လေ့လာနိုင်ပါကြောင်း ပြောကြားသည်။                    
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည်   ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈  ရက်တွင်    စတင်တည်ထောင်ခဲ့ပြီး တက္ကသိုလ်ရိပ်သာလမ်းတွင်ရှိသည့် ဒေါ်အောင်ဆန်း စုကြည်၏  နေအိမ်တွင် ခေတ္တဖွင့်လှစ်ပြီး   မရမ်း ကုန်မြို့နယ်၊ အင်းယားလိတ်ဟိုတယ်သို့ ပြောင်းရွှေ့ ငှားရမ်းဖွင့်လှစ်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၉ ခုနှစ် တွင် လက်ရှိဖွင့်လှစ်ထားသော  ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်၊  တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၁) သို့ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ကြောင်း၊ စတင် ဖွဲ့စည်းစဉ် ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များအနေဖြင့်   ဦးထင် ကျော်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါက်တာ ဥမ္မာမိုး မြင့်နှင့် ဒေါ်မေနှင်းဆီတို့ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဦးထင်ကျော်   သမ္မတဖြစ်လာပြီး   နာယကအဖြစ် ပြောင်းလဲတင်မြှောက်ခဲ့ကြောင်း၊    ၂၀၁၇   တွင် ဒေါ်မေနှင်းဆီ၊ ၂၀၂၀ မှာ ဒေါက်တာဥမ္မာမိုးမြင့်တို့ဖြစ်ပြီး ယခုအချိန်တွင် ဖောင်ဒေးရှင်းအား  နာယက ဦးထင်ကျော်၊  ဥက္ကဋ္ဌ     ဒေါ်အောင်ဆန်းစုကြည်၊ အလုပ်အမှုဆောင်များဖြစ်သည့်    ဒေါက်တာ တင်မျိုးဝင်းတို့ဖြင့်      ဖွဲ့စည်းထားကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို   စစ်ဆေးရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို   ပြည်ပနိုင်ငံများမှ NGO ၊ INGO များနှင့်    အသင်းအဖွဲ့များဖြစ်သည့် အဖွဲ့များ၊ နိုင်ငံ ၁၃  နိုင်ငံမှ   အဖွဲ့အစည်းများက ကုမ္ပဏီများ၊ ပုဂ္ဂလိကအလှူရှင်များမှ လှူဒါန်းငွေ သည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၉ သန်းကျော်ရှိ ကြောင်း၊ သုံးစွဲငွေ ၆ ဒသမ ၈ သန်းကျော် ဖြစ်သည့် အတွက် လက်ကျန်ငွေ တစ်သန်းကျော်ရှိသည်ကို တွေ့ရကြောင်း၊ ပြည်တွင်း အလှူငွေအနေဖြင့် ၃၆ ဘီလီယံကျော်ရှိပြီး  သုံးစွဲငွေ  ၃၀ ဘီလီယံကျော် ဖြစ်သည့်အတွက် လက်ကျန်ငွေ ၆ ဘီလီယံကျော် သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဖောင်ဒေးရှင်း၏ အလှူငွေလက်ခံရရှိမှုများ၊ သုံးစွဲမှုများနှင့်ပတ်သက် ပြီး   သက်ဆိုင်ရာ   အသင်းအဖွဲ့၏  ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း   သတ်မှတ်ချက်များနှင့်အညီ ရယူသုံးစွဲ ဆောင်ရွက်ထားခြင်းရှိ/ မရှိ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအနေဖြင့်   ဌာနဆိုင်ရာအဖွဲ့အစည်း များထံမှ အခွင့်အရေးတစ်စုံတစ်ရာ ရယူထားခြင်း ရှိ/မရှိတို့ကို သက်ဆိုင်ရာက အသေးစိတ်စစ်ဆေး လျက်ရှိကြောင်း၊ ဖောင်ဒေးရှင်းနှင့်   ပတ်သက်ပြီး လရောင်တော စီမံကိန်း လုပ်နေမှုရှိကြောင်း၊ ထိုစီမံ ကိန်းတွင်   ငွေသုံးစွဲမှု၊     ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်    ကိုက်ညီခြင်း  ရှိ/မရှိလည်း စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။
နောက်တစ်ချက်မှာ     NLD    ပါတီ     ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်      ပတ်သက်သည့် ကိစ္စဖြစ်ကြောင်း၊  ရွေးကောက်ပွဲဖြစ်စဉ်များအရ နိုင်ငံတော်နှင့် ပြည်သူလူထုကို ပြောရန် တပ်မတော် အနေဖြင့်  အထူးလိုအပ်၍   ပြောကြားခြင်းဖြစ် ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်   ဦးဝင်းမြင့်တို့ကို လုံခြုံ ရေးအရ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ကြောင်း၊ ဖြစ်ပေါ် ခဲ့သည့်   အခြေအနေများ၊  စစ်ဘက်၊ နယ်ဘက် ဆက်ဆံရေးနှင့်ပတ်သက်ပြီး      သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးအချို့၊ ဝန်ကြီးချုပ်အချို့နှင့်လူပုဂ္ဂိုလ်အချို့၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်အချို့ကိုလည်း   ကျယ်ကျယ်ပြန့်ပြန့်  မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊  ထိုသို့   မေးမြန်းသည့်အချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း   ဦးဖြိုးမင်းသိန်း က NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး   ပတ်သက်ဆက်စပ်မှုအခြေအနေများ ကို ထွက်ဆိုလာခဲ့ကြောင်း၊ ထိုပြောဆိုချက်များကို မှန်/မမှန် အကြိမ်ကြိမ်အခါခါ  စစ်ဆေးမေးမြန်းခဲ့ ကြောင်း၊  ဦးဖြိုးမင်းသိန်း၏   ပြောဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်နှင့်   ပတ်သက်ပြီး ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ မတ်လအကြား ငွေသား   အမေရိကန်ဒေါ်လာ   ၆၀၀,၀၀၀  နှင့် အကယ်ဒမီရွှေ   ၇ ပိဿာကို   ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ရကြောင်းကို   အခိုင်အမာပြောဆိုခဲ့ ကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ထိုအမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နှင့် အကယ်ဒမီ ရွှေ ၇ ပိဿာကို ကိုယ်တိုင်ကိုယ်ကျ   လက်ခံရယူခဲ့ ကြောင်း သိရှိရသည့်အတွက်   လိုအပ်သည်များ ဆက်လက် စုံစမ်းစစ်ဆေးနိုင်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း၊ သက်ဆိုင်ရာ   လူပုဂ္ဂိုလ်အချို့နှင့် ဌာန ဆိုင်ရာ တာဝန်ရှိဝန်ထမ်းအချို့ကို  မေးမြန်းချက်၊ ၎င်းတို့၏ ပြောဆိုချက်များအရလည်း အလားတူ ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါက်တာ ဇော်မြင့် မောင်၊ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာအေးဇံ တို့သည် လည်း   အဂတိလိုက်စားမှုများနှင့်   ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှု များ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီး တချို့၊   ဝန်ကြီးချုပ်တချို့၊    လူပုဂ္ဂိုလ်တချို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တချို့ကို မေးမြန်းချက်၊ ပြောဆိုချက်များအရ      ယခင်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ဇနီး    ဒေါ်ချိုချိုတို့နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တချို့မှ      ငွေရေးကြေးရေး အကူအညီတောင်းခံမှုများ၊  လက်ခံရယူမှုများ  စိစစ် တွေ့ရှိရသည့်အတွက်   အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပါကြောင်း၊   နံပါတ်   ၅  အချက်အနေဖြင့် ယခင် UEC ၏ မဲရလဒ်ကြေညာချက်များနှင့် ယခု UEC ၏ မဲရလဒ်စစ်ဆေးချက်များ၊ တွေ့ရှိချက်များကို ပြောမည်ဖြစ်ကြောင်း၊    ပြီးနောက် ယခင် UEC မှ အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထုသိရှိစေရန် ပြောကြားချက်ကို Video Click ဖြင့် ပြသမည်ဖြစ် ကြောင်း၊ UEC အနေနဲ့ မဲစာရင်းစစ်ဆေးချက်များ ကို မြေပြင်ကွင်းဆင်းပြီး မဲလက်မှတ်ရေတွက်မှုများ အပါအဝင်   အသေးစိတ်   ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို   ဖေဖော်ဝါရီလ  ၂၅  ရက်မှစ၍ ထုတ်ပြန်လျက်ရှိကြောင်း၊ မတ်လ ၉ ရက်အထိ ၁၄ မြို့နယ်ထုတ်ပြန်ခဲ့ကြောင်း၊ ၁၄ မြို့နယ် နှိုင်းယှဉ် စစ်ဆေးရာမှာ မဲလက်မှတ်ထုတ်ယူမှု ၂၀၇၆၀၆၅ စောင်ရှိကြောင်း၊ အသုံးပြု မဲလက်မှတ်များသည် ၁၄၃၆၅၁၆ စောင်ရှိကြောင်း၊ ကျန်ရမည့်မဲလက်မှတ် သည် ၆၃၉၅၆၄ စောင်ဖြစ်ပြီး လက်တွေ့မဲလက် မှတ်များကို   ရေတွက်ကြည့်သည့်အခါ   မြေပြင် လက်ကျန်သည် ၅၉၆၀၀၇ စောင်သာရှိပြီး ပျောက် ဆုံးနေသည်မှာ ၆၅၅၃၀ ဖြစ်ကြောင်း၊ ပိုသုံးထား သည့်မဲလက်မှတ်မှာ ၂၁၉၈၈ ဖြစ်ကြောင်း၊ ဒီဟာ သည်   မဲမသမာမှုများ  ပြုလုပ်ထားသည့်    အရေ အတွက်ပေါင်း    ၈၇၅၇၈   စောင်  ဖြစ်ပါကြောင်း၊ ဘာကြောင့်  မဲလက်မှတ်များ  ပျောက်ဆုံးခဲ့တာလဲ၊ ဒါကိုအစားထိုးနိုင်ရန်   ဘယ်လို    လက်မှတ်များ ပိုသုံးခဲ့လဲဆိုတာကို   ရွေးကောက်ပွဲကော်မရှင်မှ ရှင်းလင်းသည့်အခါမှာ ဆက်စပ်တွေးကြည့်နိုင်တယ် လို့ ပြောချင်ပါကြောင်း၊ နောက်တစ်ခုသည် ယခင် UEC  အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့်   ဦးသန်းဌေး ၏    ပြည်သူသို့    အသိပေးချက်ဖြစ်ကြောင်း၊ ပြည်ထောင်စု        ရွေးကောက်ပွဲကော်မရှင်မှာ အသေးစိတ်မဲစာရင်းများတောင်        မရှိခဲ့သည့် အကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ယခင်အစိုးရသည် သူတို့ လွှမ်းမိုးခွင့်မရှိကြောင်း၊ လွတ်လပ်သည့် ကော်မရှင်ဖြစ်သည်ဟု ပြောခဲ့သော် လည်း လက်တွေ့တွင်   မည်သူက လွှမ်းမိုးခဲ့သည်ဆို သည်ကို  မိမိတို့ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါ ကြောင်းပြောကြားသည်။
ဒီဟာသည် ကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြောဆိုချက်များအရ ကောက်နုတ်ချက်များပဲဖြစ်ပါကြောင်း၊  ဥက္ကဋ္ဌအပါအဝင်  ကျန်အဖွဲ့ဝင်များ၏ ပြောဆိုချက်များကိုလည်း     အချိန်တန်ပါက ပြည်သူလူထုကို   မိမိတို့   ချပြအသိပေးမည်ဖြစ် ကြောင်း၊    တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အနေနှင့်  မဲစာရင်းများနှင့် ပတ်သက်ပြီး  တွေ့ရှိ ချက်များ၊   သတင်းစာရှင်းလင်းပွဲများမှာ   ပြောခဲ့ ကြောင်း၊ မီဒီယာများကို ရှင်းခဲ့ကြောင်း၊ ရှင်းသည့် အခါမှာ မိမိတို့ကိုယ်တိုင်လည်း မသိပါကြောင်း၊ မသိရှိခဲ့ပါကြောင်း၊     မသိရှိခဲ့ဘူးဆိုတာသည် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင် အနေနှင့်   မဲစာရင်းများကို  မရှင်းခဲ့သလဲဆိုတာ ဖြစ်ကြောင်း၊  သက်သေအထောက်အထား ခိုင်ခိုင် လုံလုံရှိလျှင်   ရှင်းလို့ရကြောင်း၊   မည်သည့်အတွက် ကြောင့် မရှင်းခဲ့သလဲဆိုတာ၏ အဖြေသည် ဒီမှာပဲ ရှိကြောင်း ပြောကြားသည်။ 
နိုဝင်ဘာလ  ၃၀  ရက်မှစပြီး ကျွန်တော်တို့သည် ဒီမဲစာရင်းတွေ့ရှိချက်များကို   ပြောခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း၊   ၎င်းနှင့်ပတ်သက်၍ မရှင်းလင်းတာများကို   ရှင်းလင်းဖို့ပြောဆိုခဲ့ကြောင်း၊ ကျွန်တော်ပြောခဲ့ဖူးသည့်       ဖြစ်စဉ်အစကို ပြန်ကောက်ရလျှင်    ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ ရှင်းခိုင်းကြောင်း၊ မရှင်းခဲ့ပါကြောင်း၊ ဘာ့ကြောင့်မရှင်းတာလဲ၊   ကျွန်တော်တို့  သဘော မပေါက်ပါကြောင်း၊ သို့သော် ဘာကြောင့်မရှင်းတာ လဲဆိုတာသည်  ခုနက   ပြောသွားသည့်အဖြေမှာ ပါကြောင်း၊                          
ကျွန်တော်တို့သည်  ဒီအဆင့်နဲ့မရသည့်အတွက်    လွှတ်တော်ခေါ်ယူပေးဖို့ပြောကြောင်း၊ ဥပဒေအရ လွှတ်တော်ခေါ်ယူပေးရမည်၊     မရှင်းခဲ့ပါကြောင်း၊ မလုပ်ခဲ့ပါကြောင်း၊   ဘာကြောင့်    မလုပ်ခဲ့လဲဆို တာသည်  အဲ့ဒီ  Video ထဲမှာပဲ ရှိမည်ဖြစ်ကြောင်း၊ ပြီးနောက်     နိုင်ငံတော်သမ္မတကို      တင်ပြကြောင်း၊ နောက်ဆုံးအဆင့်မှာ  နောက်ဆုံး အခြေအနေအထိ နိုင်ငံတော်သမ္မတနှင့်    တာဝန်အရှိဆုံးပုဂ္ဂိုလ်ကို ကျွန်တော်တို့ဆီမှ  ဗိုလ်ချုပ်မှူးကြီး   ကိုယ်တိုင် လက်ရေးဖြင့်ရေးပြီး   ရှင်းပေးဖို့ပြောခဲ့ကြောင်း၊ မရှင်းခဲ့ပါကြောင်း၊  ဘာကြောင့်  မရှင်းလဲဆိုတာ သည်   အဲ့ဒီ  Video   ထဲမှာပဲ   ရှိပါကြောင်း၊ ကျန်သည့်အပိုင်းများကို      အချိန်တန်လျှင် ကျွန်တော်တို့ ပြည်သူလူထုကို  ဆက်လက်အသိ ပေးမည်ဖြစ်ကြောင်း  ပြောရလျှင်  စည်းမဲ့ကမ်းမဲ့၊ စည်းပျက်ကမ်းပျက်၊   ထင်ရာစိုင်း  ဒီမိုကရေစီ အမည်ခံသည့် အာဏာရှင်များမပေါ်ပေါက်စေရေး အတွက် ပြည်သူလူထုအတွက် စစ်မှန် စည်းကမ်း ပြည့်ဝသည့်          ဒီမိုကရေစီစနစ် ဖြစ်စေရေး ဆက်လက်        ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။           (ဆက်လက်ဖော်ပြပါမည်)