၁၀၈ မဂ္ဂါပစ်ဇယ် ကင်မရာပါဝင်တဲ့ Redmi note 11 Pro 5G စမတ်ဖုန်းသစ်

 

Redmi note 11 Pro 5G စမတ်ဖုန်းသစ်ဟာ ပြည်တွင်းဈေးကွက်ကို မတ်လ ဒုတိယပတ်အတွင်းမှာ စတင်ဝင်လာတာဖြစ်ပါတယ်။  အရင်ရောင်းချနေတဲ့  Redmi note 11 Pro နဲ့ယှဉ်ရင်  ဒီဇိုင်းပိုင်းရော၊ စွမ်းဆောင်ရည်ပိုင်းရော အတော်များများ တူညီပြီး 5G နက်ဝပ်ရတဲ့အချက်၊ Chipset ပိုင်းနဲ့ ကင်မရာပိုင်းကွာခြားချက် အနည်းငယ်သာရှိပါတယ်။ Redmi note 11 Pro 5G ဖုန်းသစ်ရဲ့ အဓိကကျတဲ့အချက်အချို့ကို ဖော်ပြလိုက်ပါတယ်။
 

 

ဒီဖုန်းဟာ Snapdragon 695 chipset ကြောင့်  အက်ပလီ ကေးရှင်းနဲ့ ဂိမ်းအမျိုးမျိုးကို ပေါ့ပေါ့ပါးပါး သုံးနိုင်မှာဖြစ်ပြီး ကင်မရာပိုင်း၊   ဘက်ထရီပိုင်းတွေလည်း   ကောင်းမွန်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ RAM နဲ့ မင်မိုရီပမာဏ သုံးမျိုးခွဲထွက် ထားတဲ့အနက် ပြည်တွင်းဈေးကွက်မှာတော့ အမြင့်ဆုံးဖြစ်တဲ့ 8/128 GB တစ်မျိုးတည်းကို ရောင်းချတာတွေ့ရပြီး ဈေးနှုန်းက ကျပ် ၅၇၉၀၀၀ ဖြစ်ပါတယ်။                              

ကျော်ဇင်ဦး