(၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

 

 

ရန်ကုန်    ဇန်နဝါရီ    ၁၆


ရွှေတိဂုံစေတီတော်   ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က  ကြီးမှူးကျင်းပသည့်   (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း  စုရပ်မှ (၁၀၃)ကြိမ် မြောက်  စေတိယင်္ဂဏ  ပရိယတ္တိဓမ္မာနုဂ္ဂဟ   စာလျှောက်မေးပွဲကြီးတွင်   ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်များအား    ဂေါပကအဖွဲ့ဝင်များ၊     ဘာသာရေးအကျိုးတော်ဆောင်များ၊     အလှူရှင်များနှင့် သံဃာတော်များ၏ ဆွေတော်မျိုး တော်များက ရွှေတိဂုံစေတီတော် ရင်ပြင်၌     လှည့်လည်ပူဇော်ကြ သည်။

 


ထို့နောက်  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်     ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ  ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်   ညောင် တုန်း     ပါဠိတက္ကသိုလ်ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ ပဝရာ ဘိဝံသထံမှ ရန်ကုန်တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်း သိန်း၊   ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ   ခံယူဆောက်တည်ကြသည်။

 


ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့  စေတိယင်္ဂဏ  စာအောင် ဆုနှင်းသဘင်ကျင်းပရေး  ဗဟို ကော်မတီဥက္ကဋ္ဌ    ဦးဌေးလှိုင်က ပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဂုဏပူဇာမင်္ဂလာ  လျှောက်ထား လွှာကို ဖတ်ကြားလျှောက်ထား သည်။

 


ထို့နောက် (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင်   သီးခြား စာချတန်းအောင်   သံဃာတော် သုံးပါးဖြစ်သည့်   အောင်စဉ်(၁) မန္တလေးတိုင်းဒေသကြီး   မဟာ အောင်မြေမြို့နယ်   ဓမ္မဒါယာဒ ကျောင်း    မစိုးရိမ်တိုက်သစ်မှ အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ၊  အောင်စဉ်(၂) မန္တလေးတိုင်းဒေသ ကြီး      အောင်မြေသာစံမြို့နယ် အောင်ချမ်းသာပရိယတ္တိစာသင် တိုက်မှ အရှင်ပညာသာရာလင်္ကာ ရာဘိဝံသနှင့်    အောင်စဉ်  (၃) မန္တလေးတိုင်းဒေသကြီး  ပုသိမ် ကြီးမြို့နယ်    မနောရထပူရဏီ မြစကြာတောရကျောင်းမှ အရှင် အဂ္ဂဉာဏ      လင်္ကာရာဘိဝံသ တို့အား “ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစကဘွဲ့ ”   ကို လည်းကောင်း၊  သီးခြားစာသင် တန်းအောင် သံဃာတော် နှစ်ပါး ဖြစ်သည့် အောင်စဉ်(၁) မန္တလေး တိုင်းဒေသကြီး  အောင်မြေသာစံ မြို့နယ် အောင်ချမ်းသာပရိယတ္တိ စာသင်တိုက်မှ အရှင် ကောသလ္လာ လင်္ကာရနှင့် အောင်စဉ်(၂) မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် အောင်ချမ်းသာပရိယတ္တိ စာသင်တိုက်မှ အရှင်ကေတုဝံသ လင်္ကာရ တို့အား “ စေတိယင်္ဂဏ အဘိဝံသဘွဲ့” ကိုလည်းကောင်း ဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ် တော်၊       အောင်လက်မှတ်နှင့် နဝကမ္မ    ချီးမြှင့်ပူဇော်ငွေတို့ကို ဆက်ကပ်ကြသည်။

 


ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး များ၊ စေတိယင်္ဂဏနာယက ဩဝါဒါ စရိယ   ဆရာတော်ကြီးများနှင့် စာထောက်စာမဆရာတော်များ အား သာသနာရေးဦးစီးဌာန ဒုတိယ      ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာ ရေးမှူး ညွှန်ကြားရေးမှူး ဦးထွန်း မြင့်ဦး၊    ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက    လှူဖွယ်ဝတ္ထု ပစ္စည်းများ   ဆက်ကပ်လှူဒါန်း ကြသည်။

 


ထို့နောက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက     ပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)     ဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိ သတ်များက အနုမောဒနာတရား နာကြား၍   ကောင်းမှုကုသိုလ် အစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး များ၊ စေတိယင်္ဂဏနာယက ဩဝါဒါ စရိယ   ဆရာတော်ကြီးများအား ဂေါပကအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်း၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 


စေတိယင်္ဂဏ    အသင်းကြီး သည် ၁၉၁၉ ခုနှစ်မှ ၁၉၈၃ ခုနှစ် အထိ   ရွှေတိဂုံစေတီတော်မြတ် ကြီး၏    ရင်ပြင်တော်ကို  အမှီပြု လျက် ပရိယတ္တိစာမေးပွဲကျင်းပ ကာ   စာအောင်သံဃာတော်များ အား ဂုဏ်ပြုပူဇော်ပွဲများ ကျင်းပ ဆောင်ရွက်ခဲ့ပြီး   ၁၉၈၄  ခုနှစ်မှ ယခု ၂၀၂၁ ခုနှစ်အထိ ရွှေတိဂုံစေတီ တော်   ဘဏ္ဍတော်ထိန်းဂေါပက အဖွဲ့က အစဉ်အလာကောင်းများကို ကုသိုလ်ဆက်ကာ ကြိုးပမ်းပူဇော် လျက်ရှိရာ   (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာအောင် ဆုနှင်းသဘင်ပွဲ အခမ်း အနားတွင်လည်း နဝကမ္မချီးမြှင့် ပူဇော်ငွေအဖြစ် သီးခြားစာချတန်း တွင် အောင်စဉ်(၁)  သံဃာတော် အား နဝကမ္မအလှူတော်ငွေကျပ် ၃၅ သိန်း၊   အောင်စဉ်(၂)   သံဃာ တော်အား နဝကမ္မ  အလှူတော် ငွေကျပ် ၃၃ သိန်း၊ အောင်စဉ်(၃) သံဃာတော်အား နဝကမ္မ အလှူ တော်ငွေကျပ် ၃၁ သိန်းနှင့် သီးခြား စာသင်တန်းတွင် အောင်စဉ်(၁) သံဃာတော်အား နဝကမ္မအလှူ တော် ငွေကျပ်သိန်း ၃၀၊ အောင်စဉ် (၂)   သံဃာတော်အား   နဝကမ္မ အလှူတော်ငွေကျပ်     ၂၉   သိန်း စုစုပေါင်း လှူဒါန်းငွေကျပ် ၁၅၈ သိန်းတိတိအား လှူဒါန်းချီးမြှောက် ခဲ့ကြောင်း သိရသည်။


ကိုကိုဇော်
ဓာတ်ပုံ-လတ်လတ်(MNA)