
နေပြည်တော် နိုဝင်ဘာ ၃
မြန်မာနိုင်ငံက (၁၀) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည်။
အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံ နှင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အတူ ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ရောက်ရှိကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးက ကိုယ်စား လှယ်အဖွဲ့များအား နေပြည်တော် ရှိ Jasmine Naypyitaw ဟိုတယ် ၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ရာ ညစာစားပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် Jasmine Naypyitaw ဟိုတယ် သံလွင်ခန်းမ၌ကျင်းပခဲ့ရာ အစည်း အဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာ သန်းထိုက်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong တို့က ပူးတွဲဥက္ကဋ္ဌ များအဖြစ် ဆောင်ရွက်ခဲ့ကြ သည်။
အစည်းအဝေးသို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Meas Kim Heng ၊ လာအိုနိုင်ငံခြား ရေးဝန်ကြီးဌာန၊ စီးပွားရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Somboun Sihanath ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သံအမတ်ကြီး Ms. Pinsuda Jayanama နှင့် ဗီယက်နမ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Ms. Nguyen Thi Bich Thuy တို့ ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌ များဖြစ်ကြသည့် မြန်မာနှင့် တရုတ် နိုင်ငံတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့် အရာရှိကြီးများက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ် ကာ အနာဂတ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသည့် မြန်မာနှင့် တရုတ် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် တို့က နိဂုံးချုပ်စကားများ ပြောကြားကာ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အစည်းအဝေးအပြီးတွင် ညွှန်ကြား ရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် က အစည်းအဝေးသို့ တက်ရောက် လာကြသည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ များအား အဆိုပါဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များသည် ယင်းနေ့ ညနေပိုင်းတွင် နေပြည် တော်မှ ပြန်လည်ထွက်ခွာသွား ခဲ့သည်။
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်း နိုင်ငံ များ၏ အလုံးစုံပါဝင်သောစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူ ပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများ အဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိ သည်။
သတင်းစဉ်