(၁၀) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၂၇ 


၂၀၂၂ ခုနှစ် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် လာအိုနိုင်ငံမှ  ကြီးမှူး၍ (၁၀) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်  အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN  Ministers Responsible for Culture and Arts - AMCA) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။ 

 


အစည်းအဝေးများသို့      အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ   အာဆီယံယဉ်ကျေးမှုနှင့်  အနုပညာဆိုင်ရာ ဝန်ကြီးများ၊   အာဆီယံအပေါင်းသုံး  ဆွေးနွေးဖက် နိုင်ငံများဖြစ်သော   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စား လှယ်များနှင့်      အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ  တာဝန်ရှိသူများ   တက်ရောက်ခဲ့ပြီး   မြန်မာနိုင်ငံမှ  အာဆီယံယဉ်ကျေးမှုနှင့်    အနုပညာဆိုင်ရာဝန်ကြီး သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီး    သမိုင်းသုတေသနနှင့်      အမျိုးသား စာကြည့်တိုက်ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည်  နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်      တက်ရောက် ကြသည်။

 


အာဆီယံယဉ်ကျေးမှုနှင့်     အနုပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်  ခရီးသွားလာရေးဝန်ကြီး H.E. Mdm. Suanesavanh VIGNAKET က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုဗစ် - ၁၉  ကပ်ရောဂါ  အလွန်တွင်  လူမှုရေးနှင့် စီးပွားရေး   ဖွံ့ဖြိုးတိုးတက်မှု    စီမံကိန်းအကောင် အထည်ဖော်     ဆောင်ရွက်ရာ၌       ယဉ်ကျေးမှုနှင့်  အနုပညာသည် အရေးပါသောကဏ္ဍ ဖြစ်ပါကြောင်း၊  အာဆီယံအပေါင်းသုံး  ဆွေးနွေးဖက်နိုင်ငံများဖြစ် သော   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်  ယဉ်ကျေးမှုနှင့် အနု ပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်  ရန်နှင့်     ခိုင်မာအားကောင်းလာစေရန်    အာဆီယံ  ယဉ်ကျေးမှုနှင့်    အနုပညာမဟာဗျူဟာစီမံကိန်း ၂၀၁၆- ၂၀၂၅၊ အာဆီယံ လူမှုရေး - ယဉ်ကျေးမှု  အခြေပြမြေပုံ ၂၀၂၅ နှင့် ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး (AMCA) မှ ထုတ်ပြန်ချက် များနှင့် အာဆီယံကြေညာချက်များ အပါအဝင် ၂၀၂၅  အလွန်  အာဆီယံအသိုက်အဝန်း  မျှော်မှန်းချက်တို့အား  ပိုမိုအားကောင်းစေရန်      ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


(၁၀) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN  Ministers Responsible for Culture and Arts - AMCA)   ထုတ်ပြန်ချက်၌   ကိုဗစ်-၁၉     ကပ်ရောဂါ  အတွင်း ကဏ္ဍများစွာတွင် ဒစ်ဂျစ်တယ်နည်းပညာ  အသုံးပြုမှု အရှိန်အဟုန်ဖြင့် တိုးမြင့်လာမှုကြောင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့် အလမ်းသစ်များ ဖန်တီးပေးနိုင်မှုများ မြင့်တက်လာ ခဲ့ပါကြောင်း၊ ကပ်ရောဂါအလွန် ပြန်လည်ထူတောင် ရေးတွင်  ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ  တီထွင် ဖန်တီးမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာအသစ်များကို          အသုံးချခြင်းသည် ကောင်းမွန်သော နည်းလမ်းများပင် ဖြစ်ပါကြောင်း ဖော်ပြပါရှိသည်။ 

 


မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာဝန်ကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့ရသော   လူမှုရေးနှင့် စီးပွားရေးကဏ္ဍတို့အား    ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင်  ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍ ဖြစ်ပါကြောင်း၊       ကပ်ရောဂါ    ဖြစ်ပွားမှုအတွင်း အာဆီယံယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ မတူ ကွဲပြားမှု၊    အာဆီယံယဉ်ကျေးမှု  အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ တီထွင် ဖန်တီးမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေး၊     လူ့စွမ်းအားအရင်းအမြစ်    စွမ်းဆောင်ရည် မြှင့်တင်ရေး    စသည့်လုပ်ငန်းများစွာတွင်   ပါဝင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော     မျိုးဆက်သစ် လူငယ်များအား အသိအမှတ်ပြုပါကြောင်း၊ ယဉ်ကျေး မှုဆိုင်ရာ တီထွင်ဖန်တီးမှု အကောင်အထည်ဖော်မှု ဆိုင်ရာ   ဆီရမ်ရိကြေညာစာတမ်းအား  အကောင် အထည်ဖော်ဆောင်နိုင်မှုနှင့်စပ်လျဉ်း၍ ကြိုဆိုပါ ကြောင်း၊ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး  လုပ်ငန်းများ ဆောင်ရွက်ရန် ချမှတ်ထားသည့် မဟာ  ဗျူဟာများ၌           အာဆီယံဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းရေး မူဝါဒများပါဝင်မှုကို အားပေးပါကြောင်း၊  ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌  ကျင်းပခဲ့သည့်  “ယဉ်ကျေးမှုပစ္စည်း ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ ညီလာခံ- ယဉ်ကျေးမှုပစ္စည်း  တရားမဝင်ရောင်းဝယ်  ဖောက် ကားမှု တားဆီးရေး- အာဆီယံရှုထောင့်” အပြည် ပြည်ဆိုင်ရာ ညီလာခံအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ  အဆိုပြုထားသည့် ယဉ်ကျေးမှုပစ္စည်းများ  ကာကွယ် စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ အာဆီယံ ယဉ်ကျေး မှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (AMCA) ၏ ထုတ်ပြန်ချက်အား မြန်မာနိုင်ငံက ကြိုဆို ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 


ထို့ပြင် (၁၈) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှု နှင့်    အနုပညာဆိုင်ရာ   အဆင့်မြင့်အရာရှိကြီးများ  အစည်းအဝေးနှင့်    ဆက်စပ်အစည်းအဝေးများကို  အောက်တိုဘာ ၂၅ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ  မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ    အဆင့်မြင့်အရာရှိကြီး   (SOMCA Leader) သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် နှင့်     ကိုယ်စားလှယ်အဖွဲ့တို့       တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။                    
       

သတင်းစဉ်