၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ၂၀၂၂   ခုနှစ်၊    ဇွန် ၁ ရက်    မွန်းလွဲ ၁ နာရီ တွင်   ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ   သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်  မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

(ယမန်နေ့မှအဆက်)


နေပြည်တော်    Online    သတင်းဌာနမှ လက်ထောက် အယ်ဒီတာ   ဦးဝင်းနိုင် က  မြန်မာ နိုင်ငံတွင်    လက်ရှိစက်သုံးလောင်စာဆီများ၏ ဈေးနှုန်းအဆမတန်မြင့်တက်နေခြင်း၊ ပြတ်လပ်နေ ခြင်းများရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ကုန်စည် စီးဆင်းမှုပြတ်တောက်ခြင်းနှင့်   ကုန်ဈေးနှုန်းများ ၆၀    ရာခိုင်နှုန်းခန့်အထိ   မြင့်တက်လာကြောင်း၊ သို့ဖြစ်၍ အခြေခံလက်လုပ်လက်စားပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ လောင်စာ ဆီများ ဈေးနှုန်းသက်သာစွာဖြင့် ပြတ်လပ်မှု မရှိစေ ရေး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့    စီစဉ်ဆောင်ရွက်ထားကြောင်းကို သိလို ကြောင်း မေးမြန်းသည်။

 


ထိန်းညှိပေးခြင်းကိုသာ ဆောင်ရွက်


ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းကို   မကြာမီကပင်  မိမိ ဖြေပြီးဖြစ်ကြောင်း  စက်သုံးဆီဈေးနှုန်း သက်သာစေ ရန်နှင့်    ပြတ်လပ်မှုမရှိစေရန်   နှစ်ပိုင်းရှိကြောင်း၊ ဈေးနှုန်းသည် နိုင်ငံတကာနှုန်းအတိုင်း ဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာစေရန် အစိုးရအနေဖြင့် အခွန်အခ လျှော့ပေါ့ပေးခြင်း၊ မြန်မာနိုင်ငံအတွင်း အနည်းဆုံး၊ အသက်သာဆုံးနှုန်းထားဖြင့်   ရောင်းချပေးနိုင်စေ ခြင်းများကို ထိန်းညှိပေးခြင်းများကိုသာ လုပ်ဆောင် ပေးနိုင်ကြောင်း၊    ဈေးကွက်စီးပွားရေးစနစ်သည် ယခင်အတိုင်းဖြစ်ကြောင်း၊   စက်သုံးဆီပြတ်လပ်မှု မရှိစေရေးကိစ္စတွင် ယခင်ကပြောခဲ့သကဲ့သို့ ၁၆ ရက် နေ့အထိ အရန်ဆီရှိကြောင်း၊  ထပ်မံတင်သွင်းထား သည့် စက်သုံးဆီများရှိကြောင်း၊ မြေပြင်တွင် ဈေးနှုန်း ကွာခြားချက်များရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ အတွင်းအသုံးပြုရန်  လိုအပ်သည့်  စက်သုံးဆီများ ပြည်တွင်းသို့  အလုံအလောက် ရောက်ရှိနေစေရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသဖြင့်     ထိုအတိုင်း     လုပ်ဆောင်ပေးနေ ကြောင်း၊ မိမိအနေဖြင့် မီဒီယာများအား ဆီသိုလှောင် ရာ နေရာများတွင် စက်သုံးဆီများ အမှန်တကယ် ရှိ/ မရှိ   လက်တွေ့   လိုက်လံပြသမည်ဖြစ်ကြောင်း၊ မှန်ကန်ပါက သတင်းထောက်ကြီးအနေဖြင့် “မိမိ ပြောခဲ့သည့်ကိစ္စများမှာ  မှားယွင်းပါသည်၊ စက်သုံး ဆီများအမှန်တကယ် ရှိနေပါသည်” ဟု ပြန်လည် ရေးသားပေးရမည်ဖြစ်ကြောင်း၊  ထိုသို့ရေးသားပေး မည်ဟု အာမခံပါက မိမိကိုယ်တိုင် သတင်းထောက် ကြီးကို လိုက်လံပြသမည်ဖြစ်ကြောင်း၊  စိန်ခေါ်ခြင်း မဟုတ်ပါကြောင်း၊ မီဒီယာများပြောသကဲ့သို့ အဖြစ် အပျက်များကိုလည်း     မိမိတို့ကြားသိရကြောင်း၊ မည်သည့်အတွက်ကြောင့်      ဖြစ်ရသည်ဆိုသည့် ကွာဟချက်ကိုလည်း   သိပါကြောင်း၊  အဆိုပါကွာဟ ချက်ကိုလည်း    အတင်းအကျပ်ပြုပြင်ရန်    မလွယ် ကြောင်း၊        ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည့် အတွက်   မိမိတို့အနေဖြင့်   ထိန်းညှိပေးခြင်းကိုသာ ဆောင်ရွက်ပေးနိုင်ကြောင်း      ပြန်လည်ဖြေကြား သည်။

 


နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ    အယ်ဒီတာ ကိုခန့်က မိမိတို့နိုင်ငံ၌  ဝန်ထမ်းများ လာဘ်စားခြင်း သည်   တိုင်းသိပြည်သိဖြစ်ကြောင်း၊   ယခုကဲ့သို့ လာဘ်စားခြင်း၏ အခြေခံမှာ ဝန်ထမ်းများ၏ လစာ နည်းပါးခြင်း၊ ကုန်စျေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရကြောင်း၊ အစိုးရအနေဖြင့် လစာ တိုးပေးသော်လည်း  ထပ်တူဖြစ်ပေါ်လာသည့်  ကုန် စျေးနှုန်းကြီးမားခြင်းကြောင့်ဟု      သိရကြောင်း၊ ယင်းကိစ္စသည်     အစိုးရအဆက်ဆက်  ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းကို    ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ကို  သိသာထင်ရှားနေကြောင်း၊    ယခုကဲ့သို့သော ကာလတွင်  ဝန်ထမ်းတချို့ ပိုမိုလာဘ်စားလာသည်ကို တွေ့ရကြောင်း၊    ထို့အတူ    ကမ္ဘာ့အရေးကြောင့် ကုန်စျေးနှုန်းကြီးမြင့်လာသည်ကိုလည်း    တွေ့ရ ကြောင်း၊     ထို့ကြောင့်    လက်ရှိအစိုးရအနေဖြင့် ဝန်ထမ်းများ   လာဘ်စားခြင်းမှ   ကင်းဝေးစေရန်နှင့် သက်သာချောင်ချိရေး  မိသားစုဘဝကို   ငဲ့ညှာသော အားဖြင့် ကုန်စျေးနှုန်းကျဆင်းစေရန်နှင့် နိုင်ငံတော် အေးချမ်းချိန်တွင် လစာတိုးပေးရန် စီစဉ်ဆောင်ရွက် ထားရှိမှု ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်  ဇော်မင်းထွန်း  က    လစာကိစ္စနှင့် ပတ်သက်၍    မိမိပြောလိုကြောင်း၊   ယခုလက်ရှိ အခြေအနေတွင်  လစာတိုးမြှင့်ပေးဖို့မရှိကြောင်း၊ ဝန်ထမ်းများ      သက်သာချောင်ချိရေးအတွက် အထောက်အကူဖြစ်စေရန်  စရိတ်နှင့်  ခံစားခွင့်များ တိုးတက်ရရှိခံစားနိုင်ရေး         မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ယင်းကိစ္စများအား အလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

 


97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း (ထားဝယ်)က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်  ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိသည်ဟု သိရကြောင်း၊ မကြာသေးမီ က ပဲခူးတိုင်းဒေသကြီး၌ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့မှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်ဟု သိရှိရ ကြောင်း၊   မေးမြန်းလိုသည့်မေးခွန်းမှာ   ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ  ဝင်ရောက်လာသည့် အခြေအနေ နှင့် ပြည်တွင်း၌  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်    ဆောင်ရွက်ပေးနေသည့်   အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။ 

 


ရင်းနှီးမြှုပ်နှံမှု


ဗိုလ်ချုပ်  ဇော်မင်းထွန်းက   ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ စာရင်းဇယားများအရ  နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း   ၇၀    ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၉၈၀ ဝင်ရောက်ခဲ့သည် ဟု သိရကြောင်း၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေ ဖြင့်   အစိုးရအလုပ်အကိုင်  ၁၉၀၀၀  ကျော်နှင့် ပုဂ္ဂလိကအလုပ်အကိုင် ၁၄၀၀၀၀ ကျော် စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော်   ဖန်တီးပေးနိုင်ခဲ့ သည်ဟု သိရကြောင်း၊ အသေးစိတ်အချက်အလက် များကို အလုပ်သမားဝန်ကြီးဌာနနှင့်် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဖြေကြားပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အလုပ် သမားဝန်ကြီးဌာနဘက်က တာဝန်ရှိသူမပါခဲ့လျှင် မိမိအနေဖြင့် ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အလုပ် သမားနှင့်ပတ်သက်၍ ခရိုင်နှင့် မြို့နယ်များအလိုက် အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံးဖွင့်ထားကြောင်း၊ အလုပ်သမား   ရှာဖွေရေးရုံးဖွင့်လှစ်ခြင်း   မရှိသည့် နေရာများတွင် အလုပ်သမားရှာဖွေရေး ရွေ့လျား အဖွဲ့(Mobile Team)များနှင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း။

 


ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးတွင် အကျိုး ဆောင် လိုင်စင်ကို ၂၀၁၀ ပြည့်နှစ်မှ စတင်ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလတွင် လိုင်စင် ရ အေဂျင်စီ ၇၀ ရှိပြီး ပုဂ္ဂလိကပြည်တွင်းအလုပ် အကိုင်ရှာဖွေရေး    အေဂျင်စီမှတစ်ဆင့်  အလုပ် အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟု လည်း သိရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုလက်ရှိမေလအထိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီး နှင့်    ပြည်နယ်အလုပ်အကိုင်နှင့်    အလုပ်အကိုင် ရှာဖွေရေးရုံးများနှင့် အလုပ်သမားမှတ်ပုံတင်မှုနှင့် အလုပ်သမား ချိတ်ဆက်နေမှုများကို ဆောင်ရွက် ပေးခဲ့ကြောင်း၊ အလုပ်အကိုင်ရှာဖွေပေးနိုင်မှု အနေ ဖြင့် အစိုးရအလုပ်အကိုင် ၁၉၉၅၄ ခုရှာဖွေပေးနိုင်ခဲ့ ကြောင်း၊ ပုဂ္ဂလိက အလုပ်အကိုင်ပေါင်း ၁၄၆၁၅၃ ခု၊ စုစုပေါင်း ၁၆၆၁၀၇ ခုရှာဖွေပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်            ပတ်သက်၍ ဖေဖော်ဝါရီလမှစပြီး မေ ၃၁  ရက်အထိ  လုပ်ငန်း ပေါင်း ၇၀ ရှိကြောင်း၊ အမေရိကန်ဒေါ်လာ သန်း ၃၉၈၀ ကျော် ဝင်ရောက်ခဲ့ကြောင်း၊ အဓိကရင်းနှီး မြှုပ်နှံမှုဖြစ်သည့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၀၆၂ သန်းရှိကြောင်း၊ စက်မှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၀၄ သန်းရှိကြောင်း၊ နိုင်ငံများအနေဖြင့် မည်သည့်နိုင်ငံများက ရင်းနှီး မြှုပ်နှံခဲ့သည်ကို မိမိအနေဖြင့် မပြောလိုကြောင်း။

 


အလုပ်အကိုင်များ ဖန်တီးပေးနိုင်


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ် အကိုင်ဖန်တီးပေးနိုင်မှု အခြေအနေမှာ ပြည်တွင်း လုပ်သား ၄၈၈၇၇ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊   မြန်မာနိုင်ငံသား  ရင်းနှီး  မြှုပ်နှံမှုလုပ်ငန်းများမှလည်း     ပြည်တွင်းလုပ်သား ၇၉၂၅ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း၊ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများမှ ပြည်တွင်း လုပ်သား ၅၆၈၀၂ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

 


ခေတ်ပုံရိပ် သတင်းဂျာနယ်မှ  သတင်းထောက် ဦးဝင်းနိုင်က  မိမိမေးမြန်းလိုသည်မှာ နိုင်ငံတော် အစိုးရမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း မရှိသောသူများနှင့်  မှတ်ပုံတင်မရှိသောသူများကို စီမံချက်တစ်ခုအနေဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းကို ပြည်သူများက ဝမ်းသာ အားရဖြစ်ခဲ့ကြကြောင်း၊ သို့သော် အချို့ရပ်ကွက်/ကျေးရွာ အောက်ခြေများတွင်  မလုပ်ပေးနိုင်သည်များ ကို တွေ့ရပါကြောင်း၊ ဌာနဆိုင်ရာများတွင်  လာ ရောက်လုပ်ကိုင်ပေးသည့် နေရာတချို့တွင်လည်း ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းရှိသူများကို ဦးစားပေးပြီး     နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ သားဖြစ်ပြီး လူတန်းစေ့ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေးအတွက် တချို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသောသူများနှင့်  လှိုင်သာယာကဲ့သို့သော မြို့နယ်များတွင်   နာဂစ်ဘေးကြောင့်    ဆွေစဉ် မျိုးဆက်ပြတ်ပြီး လာရောက်နေထိုင်သူ အတော်များ များတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင် မရှိသေးသောသူများကို တွေ့ရှိရကြောင်း၊ မိသားစု စားဝတ်နေရေးအတွက်          ရရာအလုပ်ကို သွားလျှောက်သော်လည်း    အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မှတ်ပုံတင်မရှိသောကြောင့် အဆင်မပြေ မှုများ      ဖြစ်နေကြကြောင်း၊    ယခုအချိန်တွင် ရွေးကောက်ပွဲကာလကလည်း    နီးကပ်လာပြီဖြစ် သည့်အတွက်     အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်မရှိသေးသောသူများကို  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကမည်ကဲ့သို့  ဆောင်ရွက်ပေး မည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိသိသလောက်ပြော ရရင်  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာပန်းခင်း စီမံချက် အကုန်မပြီးသေးဟု သိရကြောင်း၊ အသေး စိတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ   တာဝန်ရှိသူက   ဖြေကြားပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက   ပန်းခင်း စီမံချက်၊  ပုံစံ ၆၆/၆ တို့နှင့်ပတ်သက်၍ မိမိအနေဖြင့် နားလည်အောင်        ရှင်းပြမည်ဖြစ်ကြောင်း၊ ယင်းပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လတာကာလ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူဦးရေ ၃ ဒသမ ၄ သန်း မှတ်ပုံတင်မရှိဆိုသည့်   ကိစ္စဖြစ်ခဲ့သည့် အတွက် မိမိတို့အနေဖြင့် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ၃ သန်းခန့် မှတ်ပုံတင် ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခင်သတင်းစာရှင်းလင်းပွဲတွင်လည်း ရှင်းပြထား ပြီးဖြစ်ကြောင်း၊ နေထိုင်ခွင့်ပုံစံလေးမျိုးရှိကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး မှတ်ပုံတင်မရှိခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းလည်းမရှိ၊ မှတ်ပုံတင် လည်းမရှိခြင်း၊ ၎င်းနေခဲ့သည့်ဒေသတွင်  အိမ်ထောင်စု စာရင်းရှိပြီး မှတ်ပုံတင်မရှိခြင်း၊ ၎င်းနေခဲ့သည့်ဒေသ တွင်    အိမ်ထောင်စုလူဦးရေစာရင်းလည်း    မရှိ၊ မှတ်ပုံတင်လည်းမရှိခြင်း  စသည်ဖြင့်နေထိုင်မှုပုံစံ လေးမျိုးဖြင့်       ဆောင်ရွက်ပေးနေကြောင်း၊ လှိုင်သာယာတွင်    ပန်းခင်းစီမံချက်ဖြင့်   ကွင်းဆင်း ဆောင်ရွက်ပေးမှုအနေဖြင့်   အကြိမ်   ၅၀၀   ကျော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊      ရန်ကုန်တိုင်း တစ်တိုင်းလုံးအတွက်  ရာနှုန်းပြည့်  ဆောင်ရွက်နိုင် ခြင်းမရှိသေးကြောင်း၊ အချို့ ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကွင်းဆင်းပြီး ရာနှုန်းပြည့် ဆောင်ရွက်နေကြောင်း၊ ရန်ကုန်တိုင်းတွင်  ဆောင်ရွက်နေဆဲဖြစ်ပြီး မပြီး သေးကြောင်း၊ လှိုင်သာယာ၌ လှိုင်သာယာအရှေ့၊ အနောက် နှစ်ခုလုံးအတွက် ကွင်းဆင်းဆောင်ရွက် နေကြောင်း၊ ယခုပန်းခင်းစီမံချက် ပြီးစီးလျှင်လည်း ဆက်လက်ဆောင်ရွက်    ပေးနေရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုတွင် မိမိတို့နိုင်ငံ၏ လူဦးရေသည် ၅၅ ဒသမ ၆ သန်းရှိနေပြီဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ဆယ်နှစ်ပြည့်လာသည့် လူဦးရေမှာ  ၄ သိန်းခန့်ရှိကြောင်း၊ ၁၈ နှစ်ပြည့်သူ  ၅ သိန်းခန့် နှစ်စဉ်ရှိနေကြောင်း၊ ထို့ကြောင့် အသက်ပြည့်လာ သည့် လူများကိုလည်း မိမိတို့က ပုံမှန်ဆက်လက် ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း။

 


ပန်းခင်းစီမံချက်


မိမိတို့၏       ယခုပန်းခင်းစီမံချက်ကိုလည်း သတင်းထောက်ကြီးအနေဖြင့် သိမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်မစတင်မီကတည်းကပင်  မီဒီယာ များနှင့် TV ၊ Radio ၊ Talkshow များနှင့် LED ဘုတ် များတွင် စီမံချက်ဆောင်ရွက်နေသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ     ပြုလုပ်ရန် ဆောင်ရွက်ခြင်းများ  ရှိကြောင်း၊  ယင်းစီမံချက်ကို ၁၈  လကာလအတွင်း   ရည်မှန်းချက်ပြည့်မြောက် အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အပြီး လုပ်ရန်တာဝန်ပေးထားကြောင်း၊ သတင်းထောက် ကြီးအနေဖြင့် ပြည်သူလူထုများအပေါ်တွင် စေတနာ ရှိပါက မည်သည့်နေရာတွင် လုပ်ပေးရန်လိုသည်ဆို သည့်  လူဦးရေစာရင်းပေးရန်  လိုအပ်ကြောင်း၊ ယင်းလှိုင်သာယာမြို့နယ်ရုံးတွင် ထိုလူဦးရေစာရင်း ပေးပြီး   အိမ်ထောင်စုလူဦးရေစာရင်း    မရှိလျှင် မရှိကြောင်း၊ မှတ်ပုံတင်မရှိလျှင်မရှိကြောင်း စသည် ဖြင့်  ဆက်သွယ်ပြီး   ဆောင်ရွက်ပေးမည်ဆိုပါက ပြည်သူအပေါ်စေတနာထား၍ ဆောင်ရွက်ပေးနိုင် ကြောင်း၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို လှိုင်သာယာတွင်   လုပ်ပေးနေသည်ကို  သတင်း ထောက်ကြီး မသိ၍လား သို့မဟုတ် မလုပ်ချင်တာ လား   နှစ်ခုထဲက  တစ်ခုဖြစ်မည်ဟု   ထင်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

 


ခေတ်သစ်သတင်းစာသတင်းဌာနမှ အယ်ဒီတာ ချုပ် ဒေါက်တာတင်ထွန်း က NLD ပါတီ၏ အလုံးစုံ ပျက်သုဉ်းရေး လမ်းစဉ်ချမှတ်ထားသည်ကို သိသည့် အတွက်  မိစ္ဆာပါတီဟု   တိုင်းသိပြည်သိ  ကမ္ဘာသိ မိမိကြေညာခဲ့ကြောင်း၊  ထို့နောက်  မိမိအနေဖြင့် ခေတ္တပျောက်ကွယ်နေခဲ့ကြောင်း၊ ယခုပြန်ပေါ်လာ ကြောင်း၊ ယခုမိမိပြောလိုသည်မှာ ယနေ့နိုင်ငံတော် အစိုးရက  မြန်မာပြည်၏  အခြေအနေကို  ကမ္ဘာ့ ပြည်သူများ    သိရှိနိုင်ရန်   ဂြိုဟ်တုလေးလုံးကို ငှားရမ်းသုံးစွဲပြီး လုပ်ဆောင်နေပါကြောင်း၊ ယခင်က တပ်ဆင်သည့် ဂြိုဟ်တုတစ်လုံး၏  တန်ဖိုးပင်မနည်း ကြောင်း၊  ယခုလေးလုံးဆိုလျှင်   ပို၍များကြောင်း၊ မိမိအနေဖြင့်   ပြောလိုသည်မှာ   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို စိန်ခေါ်ရန်အတွက် ယခုတက်လာခြင်း ဖြစ်ကြောင်း၊   ပြည်တွင်းအရေးနှင့်   ပတ်သက်၍ အားလုံးကို ဗိုလ်ချုပ်လည်း  ရှင်းပေးပြီးဖြစ်ကြောင်း၊ မီဒီယာသမားများကလည်း  ပြောပြီး၍ တော်တော် ပြည့်စုံကြောင်း၊ မိမိ  ပြောချင်သည်မှာ ဂျိုးဘိုင်ဒန်ကို စိန်ခေါ်ရန်အတွက်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ က    အိမ်ဖြူတော်တွင်   သတင်းစာရှင်းလင်းပွဲ တက်ရောက်ရန်   မိမိကိုခွင့်ပြုထားကြောင်း၊  ဗီဇာ မလိုအပ်ကြောင်း၊   သမ္မတ   ဘားရက်အိုဘားမား လာရောက်စဉ်က ၎င်း၏ Press Secretary က မိမိ ကို ကတ်ပြားတစ်ခုပေးခဲ့ကြောင်း၊ ယခုကတ်ပြား သည် အမေရိကန်၏ White House Press Inter-national License 14191 Identity Property ဟု ဆိုလျှင် အားလုံးသိပါကြောင်း၊ White House Press တစ်ခုအတွက်   လိုင်စင်နံပါတ်ပင်  ပါဝင်ကြောင်း၊ မိမိ၏နံပါတ်မှာ ၉၈၃ ဖြစ်ကြောင်း၊   ဂျိုးဘိုင်ဒန်ကို စိန်ခေါ်ရသည်မှာ အားလုံးသိကြသည့်အတိုင်းဖြစ်ကြောင်း၊ မိမိမေးလိုသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအကုန်ထိ NUG၊ PDF ၊ NLD တို့က စာသင်ကျောင်းများကို မီးရှို့သည် မှာ ၁၂၃ ကြိမ်၊ စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက် သည်မှာ  ၃၆၇  ကြိမ်၊  စာသင်ကျောင်းများအနီး ပစ်ခတ်တိုက်ခိုက်သည်မှာ ၁၂ ကြိမ်၊  ကျောင်းစဖွင့် သဖြင့် ခြိမ်းခြောက်ခဲ့သည်မှာ ၄၉ ကြိမ် ဖြစ်ကြောင်း။

 


အကြမ်းဖက်ခြင်း မဟုတ်ဘူးလား


ယင်းတို့ကို    အကြမ်းဖက်တိုက်ခိုက်သည်ဟု ဂျိုးဘိုင်ဒန်က   မယူဆဘူးလားဟု  မိမိအနေဖြင့် ပြောလိုကြောင်း၊    ဗိုလ်ချုပ်ကို    မေးတာမဟုတ် ကြောင်း၊ ဝန်ကြီးဌာနများကိုလည်း မေးမြန်းခြင်း မဟုတ်ကြောင်း၊   ဖြေကြားပေးရန်လည်း   မလို ကြောင်း၊ သို့သော် မြန်မာပြည်တွင်   အကြမ်းဖက် သမားများ၏ ယုတ်မာရက်စက်မှုကို နေ့စဉ်နှင့်အမျှ ခံနေရကြောင်း၊    မိမိမှတ်မိသလောက်  ပြောရလျှင် ၂၀၁၈ ခုနှစ်ခန့်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက Resolution 2427 ကိုထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ကလေးသူငယ်များ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတွင်  ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို နှောင့်ယှက်ခြင်း၊        အကာအကွယ်မပေးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ စသည်တို့ကို ရှုတ်ချရ မည်၊ ကန့်ကွက်ရမည်ဟု ပါဝင်ကြောင်း၊ Children and Armed Conflict ဖြစ်ကြောင်း၊ ယခုဖြစ်ပျက်နေ သည့်   အဖြစ်အပျက်များမှာ   အကြမ်းဖက်ခြင်း မဟုတ်ဘူးလားဟု ဂျိုးဘိုင်ဒန်အား မေးမြန်းလို ကြောင်း၊ အကြမ်းဖက်ဟု မသတ်မှတ်ပါက မည်ကဲ့ သို့ သတ်မှတ်သည်ကို သိလိုကြောင်း၊ ထို Definition မှာ မေးခွန်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကို မေးခြင်းမဟုတ် ကြောင်း၊ ဝန်ကြီးဌာနများမှ အဓိပ္ပာယ်ရှင်းလင်း ပေးရန် မိမိအနေဖြင့် မတောင်းဆိုကြောင်း၊ မိမိ အနေဖြင့်   ပြောသင့်ပြောထိုက်သဖြင့်   ပြောလို ကြောင်း၊ နောင်တွင် မိမိအနေဖြင့် တက်ချင်မှတက် မည်ဖြစ်ကြောင်း၊ မိမိတွင် မီဒီယာလုပ်ငန်းတာဝန်များ များပြားကြောင်း။

 


မြန်မာပြည်တွင်    အမျိုးသားအန္တရာယ်ကြီး သုံးခုကို   တပ်မတော်နှင့်အစိုးရက    ပြတ်ပြတ် သားသား ချေမှုန်းတိုက်ခိုက်ခဲ့သည်ကို ယနေ့လူငယ် သတင်းသမားများ သိရန်လိုအပ်ကြောင်း၊ တရုတ်ဖြူ ကျူးကျော်မှုတွင် တပ်မတော်သားများ မည်မျှစတေး ခဲ့ရသည်ကို    သိရန်လိုကြောင်း၊    အမေရိကန်၏ ကျူးကျော်မှုများလည်းရှိခဲ့ကြောင်း၊ ယင်းကို မိမိတို့ ကာကွယ်ခဲ့ရကြောင်း၊ ယခု ပြည်တွင်း၌   လက်ရှိ အကြမ်းဖက်ချေမှုန်းမှုများကို ဂျိုးဘိုင်ဒန်အနေဖြင့် မည်သို့သဘောထားသည်ကို  စိန်ခေါ်ပြီး မေးမြန်းလို ကြောင်း မေးမြန်းသည်။

 


တဲ့ပြောမီဒီယာ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မေးခွန်းမမေးမီ တောင်းဆိုစရာရှိကြောင်း၊ မိမိတို့ သတင်းဌာနများအနေဖြင့်    မေးခွန်းတစ်ပုဒ်သာ မေးခွင့်ရကြောင်း၊ တချို့မေးခွန်းများကို ဗိုလ်ချုပ်နေ ဖြင့် On the spot ဖြေဆိုရန် ဒေတာအချက်အလက် များမရှိသည့်အတွက်ကြောင့်    ပြန်ပြီးမေးလိုက်ပါ မည်ဟု ပြောပါကြောင်း၊ မိမိအနေဖြင့် တောင်းဆိုလို သည်မှာ ယင်းသို့မဖြေနိုင်ခဲ့သည့် မေးခွန်းများကို နောက်တစ်ပတ် သတင်းစာရှင်းလင်းပွဲတွင်  တိကျ သောဒေတာ အချက်အလက်ဖြင့် ဗိုလ်ချုပ် ရှင်းလင်း သည့်နေရာတွင်  ထည့်ပြောစေလိုကြောင်း၊   နောက် တစ်ခုမှာ    မင်္ဂလာစကားဖြစ်ကြောင်း၊   လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု၏ အကျိုးရလဒ်အပေါ်မှာ   ခံစားရသောအကြောင်းအရာ နှင့်   မခံစားရသောအသံများ   ကရင်ပြည်နယ်တွင် ကြားသိရကြောင်း၊ KNU ၊ KNLA-PC ငြိမ်းချမ်းရေး ကောင်စီ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ကြောင်း၊ တက်ပြီးပြန်သွားသည့်အချိန်         တပ်မှူးများကို ပြန်လည်ပြီး အဓိကမှာသည့် အကြောင်းအရာတစ်ခု ပေါ်ပေါက်လာကြောင်း၊  NRPC မှ ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်က PC အတွက်   စိုက်ပျိုးမွေးမြူရေး အတွက် မြေဧက ၇၀ ကူညီပေးရန်   ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို အကူအညီတောင်းကြောင်း၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်ကလည်း လိုအပ်သည်များကို အကူအညီပေးကြောင်း၊   လက်ရှိ    ကရင်ပြည်နယ် ဝန်ကြီးချုပ်   ဦးစောမြင့်ဦးက  စိုက်ပျိုး/ မွေးမြူရေး အတွက်    ငွေကြေးထောက်ပံ့ပြီးပေးသည့်အတွက် ကြောင့်      ၎င်းတို့အတွက်    အဆင်ပြေကြောင်း၊ အုပ်ချုပ်ရေးနယ်မြေတွင် မီတာများလိုသည့်အတွက် မီတာအလုံး ၁၀၀ လျှောက်ကြောင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်   ဦးစောမြင့်ဦးကလည်း  ချက်ချင်း ကူညီပေးကြောင်း၊ ထိုဒေသ၏ တိုင်းရင်းသားများက ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို ခံစားလာရကြောင်း၊ ထို့ကြောင့် ၎င်းတို့၏တပ်မှူးများကို PDF များနှင့် လုံးဝ   ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်    မိမိတို့ ငြိမ်းချမ်းရေး   အပျက်မခံနိုင်ဘူးဆိုသည့်   အဓိက မှာသည့်စကား   ထွက်လာသည်ကို     ကြားသိရကြောင်း။

 


KNU က  ငြိမ်းချမ်းရေး  မတက်သည့်အတွက် ကြောင့်  KNU  ဒေသတွင်    စီမံကိန်းလျာထားချက် လုပ်ငန်းများ ဖျက်သိမ်းလိုက်ကြောင်း၊ လက်ရှိခေါ် သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်သည့် အတွက် ကြောင့် ၎င်းတို့ဒေသအတွက် ဖွံ့ဖြိုးရေးမဖြစ်လာ ကြောင်း၊ ၎င်းတို့အတွက်  ဝမ်းနည်းကြောင်း၊ လက်ရှိ ရပြီးသား   ငြိမ်းချမ်းရေးကိုပျက်စီးမှာ စိုးရိမ်သည့် အတွက် ကရင်ပြည်နယ်တွင်နေသည့် ဒေသခံလူထု များ၏ ပြောကြားသံကို  မိမိကြားရကြောင်း၊  မိမိ သတင်းဌာနမှမေးသည့်  မေးခွန်းမဟုတ်ကြောင်း၊ KNU ကို လက်ရှိငြိမ်းချမ်းရေးကို ရအောင်သည်းခံပြီး ဆွဲခေါ်ပေးရန်   အစီအစဉ်ရှိပါသေးလားဟု  ကရင် ပြည်နယ်တွင်နေ သည့် ဒေသခံလူထုများကမေးသည့် မေးခွန်းဖြစ်ကြောင်း၊  မိမိသတင်းဌာနမှ မေးသည့် မေးခွန်းသည် မြန်မာနိုင်ငံတစ်ဝန်း တရားရုံး၊ ရဲစခန်း များတွင်   သိမ်းဆည်းရမိသည့်    ဆိုင်ကယ်များ၊ မော်တော်ယာဉ်များရှိကြောင်း၊ ၎င်းတို့ကို တချို့က ပိုင်ရှင်မဲ့အဖြစ်သိမ်းကြောင်း၊    ပိုင်ရှင်မဲ့ဆိုသည့် အတွက်   အမှုကတစ်ခါတည်းပြီးသွားကြောင်း၊ တချို့ကျ   တရားရုံးတွင်    အမှုပြီးပြတ်သည်များ ရှိကြောင်း၊ ၃နှစ်၊ ၄ နှစ် မြေစိုက်ဘဝနှင့် ဖြစ်နေ ကြောင်း၊  မြေစိုက်ဘဝနှင့်   ကြာကြာထားသည့် အတွက် တန်ဖိုးမဲ့လာပြီး အရည်ကျိုကို   ပို့လိုက် ကြောင်း၊ အရည်ကျိုကိုပို့လိုက်လျှင် ကားတစ်စီး ၏ တန်ဖိုးသည် ၃ သိန်း၊     ၅ သိန်းထက်ပိုမရကြောင်း၊ ဆိုင်ကယ်ဆိုလျှင်လည်း ၃ သောင်း၊ ၂ သောင်း၊ ၅ သောင်း သာရကြောင်း၊ မင်္ဂလာဒုံရဲစခန်းတွင်လည်း အပြည့်ဖြစ်နေကြောင်း၊ ကရင်ပြည်နယ်တွင်လည်း ဆိုင်ကယ်များ အပြည့်ဖြစ်နေကြောင်း၊ ထိုဆိုင်ကယ် များကို   အမှုပြီးပြတ်သွားလျှင်  ပြည်သူလူထုအား သက်သာသောဈေးနှုန်းဖြင့် လေလံချပြီး ရောင်းချ ပေးလျှင်   လူတိုင်းကိုယ်စီ      စီးနိုင်ကြောင်း၊  နောက်တက်လာသည့် အစိုးရအတွက် ရလဒ်သည် ၎င်းတို့ကို       လိုင်စင်ချပေးသည့်အတွက်ကြောင့် လိုင်စင်ဆောင်ရသည့် လေလံနှင့်အောင်သွားသည့် အခါ ဆိုင်ကယ်တစ်စီးကို တစ်သိန်း၊ ထိုအပေါ်တွင် မိမိတို့က အခွန်ထပ်ရကြောင်း၊ နှစ်စဉ် နိုင်ငံတော် ဝင်ငွေလည်း   ရရှိကြောင်း၊   အရည်ကျိုစက်ကို ပို့လိုက်လျှင် တန်ဖိုးမဲ့ကြောင်း၊ မော်တော်ယာဉ်များ ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊ လက်ရှိ နေရာ တွင် အမှုပြီးပြတ်သွားပြီး လေလံမပစ်နိုင်သေးလျှင် နိုင်ငံတော်မှ ဦးစီးအရာရှိ၊ ပြန်တမ်းဝင်အရာရှိများကို ခေတ္တထိန်းသိမ်းသုံးစွဲခွင့်၊ ဌာန၌ တာဝန်ထမ်းဆောင် သည့် အချိန်တွင် ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးမည်ဆိုလျှင် နိုင်ငံတော်အနေဖြင့် သီးခြားဝယ်ပြီး ပိုက်ဆံကုန်တော့မည် မဟုတ်ကြောင်း၊  ဝန်ကြီးဌာန ရှိ ဦးစီးအရာရှိများသည်လည်း  နွေ၊  မိုး၊  ဆောင်း၌ လုပ်ငန်းတွင်ကျယ်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့ သို့ အစီအစဉ်များ ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။ 

 


အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားမည်


ဗိုလ်ချုပ်  ဇော်မင်းထွန်းက   KNU  အဖွဲ့နှင့် ပတ်သက်ပြီး မီဒီယာတစ်ခုမေးသည့်အထဲ ဖြေသည့် အထဲတွင် ပါပြီးဖြစ်ကြောင်း၊ KNU အဖွဲ့အတွင်းတွင် သဘောထားကွဲလွဲနေသည်ကိုလည်း    ကြားသိရ ကြောင်း၊ သတင်းထောက်ကြီးပြောသည်မှာ မှန်ကန် ပါကြောင်း၊   ယခင်ကတည်းကရှိသည့်    KNU နယ်မြေတွင်လည်း      တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သည့်    လူများလည်းရှိကြောင်း၊   မိမိတို့ သဘောထားသည်    ဖိတ်ကြားထားသည့်အတိုင်း လာမည်ဆိုလျှင်    ကြိုဆိုလျက်ရှိကြောင်း၊  KNU တစ်ဖွဲ့တည်းသာမဟုတ်ဘဲ ကျန်သည့်အဖွဲ့များ အတွက်လည်း ပါဝင်ပြီး ဖိတ်ထားသည့် အတိုင်းလာ မည်ဆိုလျှင် ကြိုဆိုနေမည်ဖြစ်ကြောင်း၊  မော်တော် ယာဉ်များ၊ ဆိုင်ကယ်များနှင့်  ပတ်သက်ပြီး ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများအရ       ဖြေကြားမည်ဖြစ် ကြောင်း၊ သိမ်းဆည်းရမိသည်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးရေးအဖွဲ့နှင့် သွားရောက်စစ်ဆေးပြီး၊   အဆင့်ခွဲထားကြောင်း၊ အဆင့်ခွဲထားပြီးပြုပြင်ပေးမှု၊    သံရည်ကျိုစက် ပို့ဆောင်မှုများ ဆောင်ရွက်ပေးကြောင်း၊ ပြည်သူ့ ဘဏ္ဍာသိမ်းဆည်းမှုနှင့်   ပတ်သက်ပြီး  သိမ်းဆည်း ထားသည်များ ပျက်စီးမှု ရှိ/မရှိ အမြန်ဆုံးစိစစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊    အဆင့်ခွဲခြားပြီး လုပ်ထုံးလုပ်နည်းအရ   လေလံတင်ခြင်း၊ ထိန်းသိမ်း ခြင်းများ    အကြံပြုချက်များကို    ထိုအဖွဲ့များဆီ ရောက်အောင် ပေးပို့သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။           


(ဆက်လက်ဖော်ပြပါမည်)