ဝေးလံခေါင်ဖျားဒေသသတင်းများ

ဖားကန့်၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းအား ယနေ့နံနက် ၁၀ ခွဲခန့်က တွေ့ခဲ့ရကြောင်း ဆိပ်မူနယ်မြေရဲစခန်းက သိရသည်။

ချီဖွေမြို့နယ်တွင် အိမ်ပြင်ထွက်သူများအား နှာခေါင်းစည်း တပ်ဆင်မှု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာ စျေးလမ်းဆုံနေရာတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအ​ရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ယာယီပျံကျ ဈေးအတွင်း တစ်‌လျှောက်၌ ဈေးရောင်းသူများ လိုက်နာရမည့်အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဈေးဝယ်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား Loudspeaker များဖြင့် အသိပညာပေးခြင်းနှင့် ဈေးဝယ်သူနှင့် ဈေးရောင်းသူ Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်း(၆)ဦးတို့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် Mask မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူသွားလူလာ များပြားသည့်နေရာများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဖားကန့်၌ ပြန်လည်ပြင်ဆင် ဖြည့်စွက်ထားသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု စာရင်းအား ကြော်ငြာသင်ပုန်း၌ ကပ်ထားကြေငြာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲရှိသည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံပြည်သူ အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိရာ မြေပြင် အခြေအနေနှင့် ကိုက်ညီမှုမရှိသည့် ထောက်ပံ့ပေးအပ်မှု စာရင်းအစား ပြန်လည်ပြင်ဆင် ဖြည့်စွက် ထားသည့် အခြေခံအိမ်ထောင်စုစာရင်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများရှေ့ ကြော်ငြာ သင်ပုန်းပေါ် ယမန်နေ့က ကပ်ထားကြေငြာလျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့နယ်၊ တလန်ရွာကျေးရွာတွင် မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ထန်တလန် မြို့နယ်၊ တလန်ရွာ ကျေးရွာတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် အားကစားပညာ အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask များ အခဲမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ယနေ့နံနက် (၇) နာရီအချိန်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားပညာ အသိပညာပေး လက်ကမ်း စာစောင်နှင့် Mask များကို မချမ်းဘော့မြို့မဈေးနှင့် လမ်းမကြီးပေါ်တွင် အခမဲ့ဖြန့်ဝေ ဆောင်ရွက် ခဲ့သည်။

ရိခေါ်ဒါရ်မြို့၌ နေရပ်ပြန်လာသူလေးဦး ထပ်မံရောက်ရှိလာကြပြီး နေရပ်ပြန် သုံးဦး တို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးပြီး ကျန်တစ်ဦးအား ရိခေါ်ဒါရ်မြို့ Facility Quarantine Centre ၌ စောင့်ကြည့် ထားရ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား လေးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အဆိုပါ လေးဦးအနက် အမျိုးသား သုံးဦးတို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အ.ထ.က ခွဲ ကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှစ်ခု၌ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်အတွင်း နှစ်ရက်ကြာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ