ဝေးလံခေါင်ဖျားဒေသသတင်းများ

တွန်းဇံမြို့၌ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ခုနှစ်၊ ယနေ့နံနက် ၁၁ နာရီအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ သင်တန်းခန်းမဆောင်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ခိုင်ကမ်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဗိုလ်ခိုင်ကမ်း ပန်းခြံရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်း ဆက်လမ်း(၈/၀)မိုင်အနက်(၁/၀)မိုင်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်းဆက် လမ်း(၈/၀)မိုင် အနက် (၁/၀)မိုင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးမျိုးလွင်နှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးရေးပညာရှင်အဖွဲ့က တောင်သူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးမြေဧကပေါင်း(၄)ထောင် ကျော်တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံစိုက်ခင်းများသို့ မူဆယ်ခရိုင်မှ စိုက်ပျိုးရေးပညာရှင် အဖွဲ့က ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ဝင်ရောက်လေ့လာကြည့်ရှုပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၅)ဦး ထပ်မံတွေ့ရှိ

ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရေးဂိတ်တွင် တီးတိန်မြို့မှ ပြန်လာသူ အမျိုးသားနှစ်ဦးနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့သူ အမျိုးသား(၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ခိုင်ကမ်း၌ တစ်နိုင်တစ်ပိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာ၍ စီးပွားရေးရှာဖွေရန် ခက်ခဲမှုများကြောင့် နေအိမ်အတွင်း ရက်ကန်းစင်များတပ်ဆင်၍ တစ်နိုင်တစ်ပိုင် ရက်ကန်းခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case -126018 ၊Case-126019၊Case- 126020၊Case- 126021၊Case- 126612 နှင့် Case -127284 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် အ.ထ.ကကျောင်း၌ Quarantine ထားရှိသူများအား နေအိမ်များသို့ ပို့ဆောင်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းမြို့နယ်သို့ သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသူ ခရီးသည် စုစုပေါင်း(၆၁)ဦးအား စောင့်ကြည့်သူများအဖြစ် Quarantine ထားရှိသူများအား ကိုကိုးကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် ဆေးဖျန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်၊၊

ထန်တလန်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး(၁/ ၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်က အဖွင့်အမှာစကားပြောကြားသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ