စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့၌ အခြေခံစာကြည့်တိုက် ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့် ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၂၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၅) ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံဧက နှစ်သိန်းကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ ၊ထောပတ်ပဲနှင့်အခြားပဲ ၂၀၉၃၅၇ ဧက လျာထားပြီး ဧပြီ၊ မေက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၂၀၇၃၀၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ အောင်နိုင်တိုး စပါးမျိုး (YSR – 1) မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အောင်နိုင်တိုး စပါးမျိုး (YSR – 1) မျိုးစေ့ထုတ်စံပြကွက်ကို ယနေ့နံနက်က ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးသန်းထိုက်၏ လယ်မြေ(၂)ဧက၌ စိုက်ပျိုးကြောင်း သိရသည်။

ခန္တီးမြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရှာဖွယ်ကယ်ဆည်​ရေးဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်မီးသတ်ဦးစီးဌာနက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိလာစေရန်၊ ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များ သိရှိလာစေရန်နှင့် မိမိတို့ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရှာဖွေကယ်ဆည်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆင်သေ)၊ ယမုံနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ     

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသပွဲကိုယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဒီဇယ်)၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

မုံရွာမြို့၌ တိုင်းဒေသကြီးဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး