အုတ်တွင်းမြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြသခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။