ရေတာရှည်မြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်များကို ယမန်နေ့ညနေ(၄:၃၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကရင်ချောင်းလမ်း၌ ရွေ့လျားစနစ်ဖြင့် စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။