ဧရာဝတီတိုင်းဒေသကြီး

ဟင်္သာတမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့်၊ မိသားစုဝင်များအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်းဖွင့်လှစ် သော အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်း ညောင်ပင်စျေးတွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ညောင်ပင်​စျေးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်းသည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေး အလှပန်းပင်များအား မြေယာရှုခင်းပုံဖော်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှပန်းပင်များ မြေယာရှုခင်းပုံဖော်စိုက်ပျိုးခြင်းကို ရန်ကုန်- ပုသိမ်ကားလမ်းဘေး ဦးသန့်စာကြည့်တိုက် အဆောက်အဦ ရှေ့တွင်စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်း‌ဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက တောကျောင်း ကျေးရွာအုပ်စုအတွင်းရှိ ပညာ့အလင်းရောင်စာကြည့်တိုက်သို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ် 

၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာ ခြင်းလုံးပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၌ ဆန်စက်များမီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့သစ်ကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး