မြစ်သားမြို့နယ်၌မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းသင်တန်းဖွင့်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်နည်းပညာ အထောက်အကူပြုအဖွဲ့မှ နည်းပြဆရာများက မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့အနော်ရထာခန်းမ၌ ဖွင့်လှစ်သည်။