တံတားဦးမြို့နယ် သင်ပန်းကျေးရွာ၏ ကျက်သရေဆောင် ပဥ္စမာလိန္ဒ ရတနာမြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သင်ပန်းကျေးရွာ၏ ကျက်သရေဆောင်ပဉ္စမာလိန္ဒ ရတနာမြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၃ နာရီက အဆိုပါကျေးရွာ ဘောလုံးပြိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။