မန္တလေးတိုင်းဒေသကြီး

တောင်သာမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများ  ကြိုတင်ပြင်ဆင်ထားရှိ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများအား မတ် ၉ ရက်က မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို မတ် ၉ ရက် နံနက် ၇ နာရီက ရောင်းချပေးသည်။

ညောင်ဦးမြို့ ရုပ်စုံကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသမဟာထေရ်မြတ် ယာယီစံကျောင်းသို့ပင့်ဆောင်သည့် အန္တိမအဂ္ဂိဈာပနကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက်၊ရုပ်စုံကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသမဟာထေရ်မြတ် ယာယီစံကျောင်းသို့ပင့်ဆောင်သည့် အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ရုပ်စုံကျောင်းတိုက်ဝန်းအတွင်း မတ် ၉ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအတွက် နွေရာသီအားကစားသင်တန်းများကို သတ်မှတ်နေရာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ Fitness dance သင်တန်းကို ဆက်လက်သင်ကြားသည်။

ညောင်ဦးခရိုင်လူထူအခြေပြုဗဟိုဌာန၌နွေရာသီအခြေခံအင်္ဂလိပ်စာ၊ပန်းချီ၊စစ်တုရင်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိက်ရက် ကျောင်းသားကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီသင်တန်း၊စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီခွဲအချိန်ကကျင်းပသည်။

တောင်သာမြို့၌ ခေါင်းဆောင်ကောင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန   မန္တလေးတိုင်းဒေသကြီး    မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မတ် ၉ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်ကောင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

မြင်းခြံမြို့၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရပ်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် ချမ်းအေးသာစံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနများအား ကြည့်ရှုစစ်ဆေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာဖြေဌာနများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အဖွဲ့ဝင်များက မတ် ၉ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

မလှိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၃၄၃ ဦးဝင်ရောက်ဖြေဆိုမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုတို့တွင် ကျောင်းသား၊ ကျောင်းသူ ၂၃၄၃ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များအား ပြန်လည်ပြုပြင်၍ ရေပြန်လည်သိုလှောင်နိုင်စေရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်‌ရွက်

မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များအား ပြန်လည်ပြုပြင်၍ ရေပြန်လည်သိုလှောင်နိုင်စေရန် မတ်လ ၇ ရက်နေ့က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်‌ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး